spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်း၄၃ ကြိမ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာဖြင့် ၅ ရက်ကြာ ကျင်းပမည်

    ၄၃ ကြိမ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာဖြင့် ၅ ရက်ကြာ ကျင်းပမည်

    -

    ယခုနှစ်တွင် ကျရောက်သည့် ၄၃ ကြိမ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် ၅ ကြာ ကျင်းပသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

    NLD အစိုးရတက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် ၄၃ ကြိမ်မြောက် မွန်ပြည်နယ်နေ့တွင် ပြခန်းများ၊ ပြပွဲများ၊ ပညာပေးလုပ်ဆောင်ချက်များအပြင် ဈေးရောင်းပွဲတော် ဖျော်ဖြေရေးအစီအစဉ်ဖြင့် မွန်ဇာတ်သဘင်နှင့် မြန်မာဇာတ်သဘင်ကပြဖျော်ဖြေသည့်အစီအစဉ်လည်း ထည့်သွင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

    မွန်ပြည်နယ်အစိုးရ ကျင်းပခဲ့သည့် ၄၂ ကြိမ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား(မွန်ပြည်နယ်အစိုးရအင်တာနက်စာမျက်နှာ)

    “မွန်ပြည်နယ်နေ့က မွန်ပြည်နယ်မှာ နေကြတဲ့ ပြည်သူအားလုံးနဲ့ ဆိုင်တဲ့ နေ့တစ်ခုပါ၊ ပြည်နယ်နေ့မှာ ရေးဖြေ စာပေပြိုင်ပွဲနဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကတွေကိုပါ ထည့်သွင်းဖို့ ကျနော်တို့ တောင်းဆိုထားပေမယ့် ဒီနှစ်တော့ အချိန်မမှီတော့ဘူး၊ ဒီနှစ်ထူးခြားတာက မွန်ဇာတ်နဲ့ ဗမာဇာတ်ပါ ထည့်သွင်းထားတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    မွန်ပြည်နယ်နေ့ကို ခေတ်အနေအထားအရ နှစ်အတန်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့ရာမှ ယခင်အစိုးရသစ်လက်ထက်မှစပြီး မွန်ပြည်နယ်နေ့ကို စည်ကားစွာဖြင့် ၃ ရက်ကြာ ပြန်လည် ကျင်းပလာသည်ကို တွေ့ရသည်။

    “အရင် အစိုးရ လက်ထက်တုန်းက ပြည်နယ်နေ့ကို ၃ ရက်လောက်ပဲ ကျင်းပတာတွေ့ရတယ်၊ ဒီနှစ် အခမ်းအနား စုံစုံလင်လင်နဲ့ စဉ်စီထားတာ သိရတယ်။ ဒီနှစ် ပြည်နယ်နေ့ကို ဂုဏ်ပြုပေးဖို့ နိုင်ငံတော် အကြီးအကဲတွေဆီကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ တောင်းဆိုထားတယ်“ ဟု မွန်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးပိုင်က ပြောသည်။

    ၄၃ ကြိမ်မြောက် မွန်ပြည်နယ်နေ့ကို မတ်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း ၅ ရက်နေ့ထိ မော်လမြိုင်မြို့ သံလွင်ဥယျာဉ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

    ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မွန်ပြည်နယ်နေ့ပေါ်ပေါက်လာပြီးနောက် မတ်လ ၁၉ ရက်နေ့ရောက်တိုင်း မွန်ပြည်နယ်နေ့အခမ်းအနားကို မွန်အဆိုအကအရေးအတီး ပြိုင်ပွဲများ၊ ပြည်နယ်ထွက်ကုန်ပြပွဲပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလာပြီး ၁၉၈၈ အရေးအခင်းကာလနောက်ပိုင်းတွင် သာမန်အခမ်းအနားငယ်များသာ ကျင်းပပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    ယမန်နှစ်တွင်ကျရောက်သည့် (၄၂)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို ၂၀၁၆-ခုနှစ်၊ မတ်လ (၁၉)ရက်နေ့၊ နံနက်(ဝ၈:ဝ၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ ပါတီမှ ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ဂုဏ်ဆောင်ဆု ရရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ စုစုပေါင်းအင်အားတစ်တောင်ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks