spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့တွင် သက်မွေးအတတ်ပညာဆိုင်ရာပြပွဲ ကျင်းပသွားမည်

    မော်လမြိုင်မြို့တွင် သက်မွေးအတတ်ပညာဆိုင်ရာပြပွဲ ကျင်းပသွားမည်

    -

    အသိပညာမြှင့်တင်ရေးအတွက် လူငယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူပိုင် နှင့် ပုဂ္ဂလိကသက်မွေးသင် တန်းကျောင်းများအကြား အပြုသဘောဆောင်သည့် ချိတ်ဆက်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လာမည့် ဧပြီလပထမပတ်တွင် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးမှ အသက်မွေးအတတ်ပညာဆိုင်ရာ ပြပွဲတစ်ရပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်သွာမည် ဖြစ်ကြောင်း သိရသည်။

    ၄င်းသက်မွေးပညာပြပွဲကို ဧပြီလ ၃ ရက်နေ့ နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီ ခွဲအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ ပြပွဲတွင် သက်မွေးပညာ နှင့် လူငယ်ထု အလုပ်အကိုင်ရရှိမှု ဆွေးနွေးပွဲ စကားဝိုင်း၊ ဆွစ်ဇာလန်နိုင်ငံအကြောင်း မှတ်တမ်းရုပ်ရှင် ပြသခြင်း၊ သက်မွေးပညာမှတ်တမ်းရုပ်ရှင်ပြသခြင်း စသည့်ကဏ္ဍများ ထည့်သွင်းပြသသွားမည်ဖြစ်သည်။

    မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးမှ သတင်းထောက်များအားရှင်းပြစဉ်(MNA)

    မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးမှ ဒေါ်ဝင်းမြတ်ဝေ က “ အဓိက ကတော့စီးပွားရေး အချက်အချာကျတဲ့မြို့၊ လူနေထူထပ်ပြီးတော့ လူငယ်တွေရဲ့ ပညာရေး၊ စီးပွာရေး၊ အခွင့်အလမ်းတွေက အရေးကြီးတဲ့ကဏ္ဍမှာရှိနေတဲ့အတွက် ဒီလာမယ့် ဧပြီလ မှာ လူငယ်တွေနဲ့ တွေ့မယ်၊ လူငယ်တွေရဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်မှာ အရည်အသွေးပြည့်ဝလာဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးရရှိဖို့အတွက် ဆွေးနွေးသွားမယ်” ဟု ပြောသည်။

    အဆိုပါ သက်မွေးပညာဆိုင်ရာပြပွဲ၌ လူငယ်များ၊ ကျောင်းသားများ၊ ဒေသတွင်းမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ဒေသတွင်းမှ ကုန်သည်ကြီးများအသင်း၊ ဘွဲ့ရပြီးသူများ၊ အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းနှင့် နည်းပညာ အထက်တန်းကျောင်းများနှင့် သက်မွေးသင်တန်းကျောင်းများမှ ကျောင်းသာများ၊ ဒေသတွင်းရှိ သင့်လျော်သော သက်မွေးသင်တန်းများတွင် ပါဝင်လုပ်ဆောင်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူဗဟိုပြု အဖွဲ့အစည်းများ တက်ရောက်ရန် ဖိတ်ကြားသွားမည်ဟု ဆိုသည်။

    မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးမှ (Communication Manager) ဒေါ်အေးသင်ဇာအောင် က“လူငယ်အများစုက ဆယ်တန်းအောင်တယ်၊ သင်တန်းဆင်းလက်မှတ်တွေ အများကြီးရရှိထားပေမယ့် အလုပ်ရဖို့အတွက် အခက်အခဲရှိတယ်၊ ဒါကြောင့် သက်မွေးပညာရပ်အနေနဲ့ ဒေသအတွင်းမှာရှိတဲ့ ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သက်မွေးပညာရပ်သင်တန်းတွေ ဖွင့်ပေးနေတယ်၊ ကျောင်းပညာရေးကို လက်လှမ်းမမှီတဲ့ သူတွေကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းပြုလာအောင်၊ ဝင်ငွေရလာအောင် သက်မွေးပညာရပ်အနေနဲ့ ပို့ချပေးနေပါတယ်” ဟုပြောသည်။

    သက်မွေးပညာဆိုင်ရာ ပြပွဲပြုလုပ်ရန် အသိပေးသည့်အနေဖြင့် မတ်လ ၈ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးမှ တာဝန်ရှိသူများက သတင်းဌာနအသီးသီးမှ သတင်းထောက်များအား မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်တွင် အသိပေးရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

    အလားတူ ဆွစ်ဇာလန် မြန်မာသံတမန် ဆက်ဆံရေး အနှစ် (၆၀) ပြည့် အထိမ်းအမှတ်အနေဖြင့် လူနေထူထပ်ပြီး အထူးသဖြင့် လူငယ်များနှင့် စက်မှု လက်မှု လုပ်ငန်းများ၊ စီးပွားရေးု လုပ်ငန်းများ ထွန်းကားသည့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် နှင့် ပုသိမ်မြို့များတွင် သက်မွေးပညာဆိုင်ရာ ပြပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks