spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမော်လမြိုင်မြို့ဈေးယာဉ်ကြောပိတ်ဆို့မှုကို ဌာနဆိုင်ရာများ ပူးပေါင်းမှုဖြင့် ဖြေရှင်းမည်

    မော်လမြိုင်မြို့ဈေးယာဉ်ကြောပိတ်ဆို့မှုကို ဌာနဆိုင်ရာများ ပူးပေါင်းမှုဖြင့် ဖြေရှင်းမည်

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ် (၁)၊ (၂) ဈေးကြီးတို့တွင် ဖြစ်ပွားနေသည့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာများကို ဌာနဆိုင်ရာ ၇ ခုဖြင့် ပူးပေါင်းဖြေရှင်းသွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    ဈေးတွင် ဖြစ်ပွားနေသည့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ရန် မတ်လ ၇ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ သက်ဆိုင်ရာဌာနဌာဆိုင်ရာနှင့် ဈေးကော်မတီတို့ တွေ့ဆုံခဲ့ကြပြီး စည်ပင်၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ထွေအုပ်၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီအစရှိသည့် ဌာနဆိုင်ရာ ၇ ခုတို့ စုပေါင်းပြီး ဖြေရှင်းသွားရန် ဆုံးဖြတ်ထားသည်ဟု ဒေါက်တာအေးဇံက ပြောသည်။

    မော်လမြိုင်မြို့ဈေးကြီး(MNA)

    ယာဉ်များ ရပ်တန့်ရန် နေရောလုံလောက်မှု မရှိခြင်း၊ မော်တော်ယာဉ်အပါအဝင် သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်၊ လက်တွန်းလှည်းများ စည်းကမ်းတကျ ရပ်တန့်မှုမရှိခြင်း၊ ဈေးအနီးဝန်းကျင်ရှိ ယာဉ်ရပ်တန့်ရန် နေရာများတွင် ဈေးသည်များ စည်းကမ်းမဲ့ဈေးရောင်းချခြင်းနှင့် ကုန်ပစ္စည်းများအား ယာဉ်သွားလမ်းပေါ် စုပုံထားခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ ပိုမိုဆိုးဝါးလာခြင်းဖြစ်သည်ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး(မွန်) မှ ရဲမှူးကျော်သူက ပြောသည်။

    “ယာဉ်ကြောပိတ်ဆို့တဲ့ ပြသာနာကို ဖြေရှင်းဖို့အတွက် ယာဉ်ထိန်းရဲတပ် တစ်ခုတည်း ဖြေရှင်းလို့ အဆင်မပြေလို့ အခုလိုလုပ်တာ၊ ကားတွေကို စည်းကမ်းတကျ ရပ်ဖို့၊ ဈေးသည်တွေလည်း စည်းကမ်းတကျ ရောင်းဖို့ လုပ်ပေးသွားမယ်၊ ဆိုင်ကယ်နဲ့ ကားထားမယ့် နေရာတွေလည်း သီခြားနေရာလုပ်ပေးမယ်” ဟု ၄င်းက ပြောသည်။

    ဈေးအတွင်း ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို မတ်လ ၁၃ ရက်နေ့မှ ဧပြီလ ၁၃ ရက်နေ့ထိ ပညာပေးခြင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်းဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပညာပေးကာလပြီးဆုံးသွားပါက အရေးယူမှုအပိုင်းကို လုပ်ဆောင်သွားမည်ဟု ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

    “တနင်္ဂနွေနေ့ ဈေးပိတ်ရက် တစ်ရက် မရောက်ခင် စနေနေ့နဲ့ ပိတ်ရက်နောက်တနေ့ တနင်္လာနေ့ဆိုရင် လူတွေများတော့ ယာဉ်ကြောပိတ်တယ်၊ မနက်ပိုင်းဆို ပိုဆိုးတယ်၊ ယာဉ်ပိတ်တဲ့အချိန်ဆိုရင် ဆိုင်ကယ်မပြောနဲ့ လူတောင် သွားလာလို့မရဘူး” ဟု မော်လမြိုင်အောက်ဈေးတွင် ဆိုင်ကယ် Taxi မောင်းနှင်နေသူ ဦးတင်မောင်က ပြောသည်။

    ယာဉ်ကြောပိတ်ဆို့မှုအဖြစ်များသည့် မော်လမြိုင်မြို့ အမှတ် (၁)၊ (၂) ဈေးတွင် လမ်းကျူးကျော်ဆိုင်များကို မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရှင်းလင်းဆောင်ရွက်မှုပြုလုပ်မှုရှိခဲ့ပြီး လိုက်နာဆောင်ရွက်မှုမရှိသည့် ဆိုင်များကို ဒဏ်ငွေ ၅၀ဝ၀ဝ ကျပ်စီဖြင့် ဒဏ်ရိုက် အရေးယူမှုလည်းရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks