spot_img
Saturday, January 31, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးလစ်လပ်နေသည့် မွန်ပြည်နယ်ဝန်ကြီး ၂ နေရာအား အသစ်ခန့်အပ်ရန်မရှိဟုဆို

    လစ်လပ်နေသည့် မွန်ပြည်နယ်ဝန်ကြီး ၂ နေရာအား အသစ်ခန့်အပ်ရန်မရှိဟုဆို

    -

    လက်ရှိမွန်ပြည်နယ်အစိုးရအဖွဲ့တွင် လစ်လပ်နေသည့် စည်ပင်သာယာရေးဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီး ၂ နေရာအတွက် တာဝန်ယူမည့်ဝန်ကြီးအသစ်များ သီသန့်ခန့်အပ်ရန် အစီအစဉ်မရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်သတင်းအေဂျင်စီကို ပြောသည်။

    ဝန်ကြီးချုပ်က “NLD ရဲ့ မူဝါဒအရ တိုင်း/ပြည်နယ်တိုင်းမှာ စုစုပေါင်း ဝန်ကြီး၇ ဦးသာထားရှိတာပါ။ ကျနော်တို့မှာက အခုက ၅ ယောက်ရှိနေပြီး နယ်လုံဆို ၆ ယောက် ဝန်ကြီးချုပ်ဆို ၇ ယောက်ဆိုတော့ ဒါထက်ပိုပြီးတော့ လောလောဆယ် ထပ်ချဲ့ဖို့ အစီအစဉ်မရှိဘူး” ဟု ဆိုသည်။

    အဆိုပါ ၇ ဦးထဲတွင် တိုင်းရင်းသားရေးရာဝန်ကြီးများမပါဝင်ကြောင်းနှင့် ယခုလစ်လပ်နေသည့်ဝန်ကြီး၂ နေရာအား ကျန်ရှိနေသည့် ဝန်ကြီးဌာနများနှင့် ပူတွဲတာဝန်ပေးရန်အတွက် လာမည့်ကပ်ဘိနပ်အစည်းအဝေး ပြီးမှသာ တာဝန်ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ရှင်းပြသည်။

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ ဦးထွန်းမင်းအောင်က “ကျွန်တော်တို့ ပြည်နယ်ဝန်ကြီး အရေအတွက် လျှော့လိုက်တာဟာ အဲဒီဝန်ကြီးအတွက် တစ်နှစ်စာ စရိတ်ချီးမြှင့်ငွေပါ ကုန်ကျမယ့်သိန်း (၄၀ဝ) လောက်နဲ့စာရင် ဝန်ကြီးသီးသန့်မရှိလို့၊ အသေအချာမကြပ်မတ်နိုင်လို့ လေလွင့်သွားနိုင်သည့် ပြည်သူ့ဘဏ္ဍာ သိန်းပေါင်းများစွာနဲ့ ကျွန်တော်တို့ ချိန်ထိုးကြည့်ရပါမယ်” ဟု ဆိုသည်။

    မွန်ပြည်နယ်တွင်လစ်လပ်လျက်ရှိသည့် စည်ပင်ဝန်ကြီးဌာနလုပ်ငန်းတာဝန်များကို လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီးဌာန ဝန်ကြီးမင်းထင်အောင်ဟန်အားလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနလုပ်ငန်းတာဝန်များကို စီမံကိန်း၊ ဘဏ္ဍာရေး၊ လူမှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးဝဏ္ဏကျော်အားလည်း ကောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်မှ မွန်ပြည်နယ်လွှတ်တော်အားတင်သွင်းရာ အတည်ပြုခြင်းမပြုဘဲ မှတ်တမ်းအဖြစ်သာထားရှိသည်။

    မွန်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးတာဝန်မှ နုတ်ထွက်ခဲ့စဉ် ၎င်းတာဝန်ယူထားရှိသည့် စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနလည်း ပါဝင်သည့်အတွက် ဝန်ကြီး နှစ်နေရာလစ်လပ်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks