Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးအစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းမည့် ဝန်ကြီးဌာန (၂) ခုအား မွန်ပြည်နယ်လွှတ်တော်မှတ်တမ်းအဖြစ်ထားရှိ

အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းမည့် ဝန်ကြီးဌာန (၂) ခုအား မွန်ပြည်နယ်လွှတ်တော်မှတ်တမ်းအဖြစ်ထားရှိ

-

ယနေ့မတ်လ ၂ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၇) ၌ ဝန်ကြီးဌာန အမည်ပြောင်းလဲခြင်းကိစ္စအား လွှတ်တော်မှအတည်ပြုပေးရန် ပြည်နယ်အစိုး ရအဖွဲ့မှ တင်သွင်းလာသည့်အပေါ် ဥပဒေ လုပ်ထုံလုပ်နည်း အခြေခံဥပဒေနှင့် မကိုက်ညီသောကြောင့် အဆုံဖြတ်ရယူရာ မှတ်တမ်းအဖြစ်သာ ထားရှိရန် သဘောတူခဲ့ကြသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဖွဲ့စည်းထားသည့် အစိုးရဌာနများအနက် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအမည်ကို ဖျက်သိမ်းပြီး လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနအား လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနအဖြစ်လည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအဖြစ်လည်းကောင်း ပြင်ဆင်ဖွဲ့စည်းရန် လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၇)-(MNA)

မွန်ပြည်နယ် ဒုဥက္ကဌလွှတ်တော် ဒေါက်တာအောင်နိုင်ဦးက “အစိုးရဘက်က ကောင်းမယ်လို့တင်ပြလာတာပါ။ လောလောဆယ်တော့ မှတ်တမ်းအဖြစ်ပဲထားမယ်။ သူတို့ဘက်ကလဲ နိုင်ငံတော်သမ္မတနဲ့ညှို့နှိုင်း နိုင်ငံတော် သမ္မတကလည်း ဒီအပေါ်မှာ လက်ခံမယ်ဆိုရင် နိုင်ငံတော်သမ္မတက အကြောင်းပြန်ကြားလာဆိုရင် နောက် လာမယ့်လွှတ်တော်မှာ တခါထဲအတည်ပြုလို့ရတယ်” ဟု ဆိုသည်။

အခြေခံဥပဒေ ၂၄၈ (ဂ) တွင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်၏ အတည်ပြုချက်ဖြင့် (၁) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည့်အပြင် သတ်မှတ်ဝန်ကြီးဌာနများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းပြုနိုင်သည်ဟု ပြဌာန်ထား ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌက ထောက်ပြခဲ့သည်။

ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးထွန်းမင်းအောင်က“သမ္မတက အဆိုပြုလာတာ မဟုတ်ဘဲနဲ့ ဝန်ကြီး ဌာနတိုးလျှော့ ပြင်ဆင်သတ်မှတ်တာ ဥပဒေနဲ့မညီတဲ့အတွက် ကန့်ကွက်ပါတယ်” ဆို သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ဟောင်းဦးမင်းမင်းဦး တာဝန်မှနုတ်ထွက်ခဲ့စဉ် ၎င်းတာဝန်ယူထားသည့် စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနလည်းပါဝင်သဖြင့် လက်ရှိဝန်ကြီးဌာန နှစ်နေရာလစ်လပ်လျက်ရှိသည်။

မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၇) ၂ ရက်ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတမှ ပေးပို့လာသော ပြည်နယ်ဝန်ကြီးချုပ်အမည်စာရင်းကို ပြည်နယ်လွှတ်တော်မှအတည်ပြုခြင်း၊ ပြည်နယ်ဝန်ကြီး ချုပ်မှ ကတိသစ္စာပြုခြင်း၊ ကတိသစ္စာပြုလက်မှတ်ရေးထိုးခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ မိန့်ခွန်းအားမှတ် တမ်း တင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးဒုတိယနေ့တွင် အစိုးရအဖွဲ့မှ တင်သွင်းလာသော အစိုးရ ဝန်ကြီးဌာန အမည်ပြောင်းလဲခြင်းကိစ္စကို ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ခြင်းကိစ္စကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts