spot_img
Thursday, March 5, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးပေါင်မြို့နယ်အချုပ်သားများ ကျိုက်မရောအကျဉ်းထောင်သို့ ယာယီရွှေ့ပြောင်းထား

    ပေါင်မြို့နယ်အချုပ်သားများ ကျိုက်မရောအကျဉ်းထောင်သို့ ယာယီရွှေ့ပြောင်းထား

    -

    မွန်ပြည်နယ်ပေါင်မြို့မ ရဲစခန်းနှင့် မုတ္တမ နယ်မြေ ရဲစခန်းရှိ အချုပ်ခန်းများ ပြုပြင်ရန်အတွက် အချုပ်သားများကို ကျိုက်မရော အကျဉ်းထောင်သို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစပြီး ယာယီပြောင်းရွှေ့ထားကြောင်း သိရသည်။

    ပေါင်မြို့နယ်ရဲစခန်းရှိ အမှုမပြီးပြတ်သေးသည့် အချုပ်သား အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီး ၄ ဦး၊ မုတ္တမနယ်မြေရဲစခန်းမှ အချုပ်သား ၅ ဦး စုစုပေါင်း အချုပ်သား ၃၉ ဦးတို့ကို ကျိုက်မရော အကျဉ်းထောင်တွင် ယာယီ ထားရှိရန် ပို့ဆောင်ထားပြီးဖြစ်သည်။

    ရဲအချုပ်ကားတစ်စီး(Internet)

    “လူ့အခွင့်ရေး ကော်မရှင်ရဲ့ ညွန်ကြားချက်နဲ့ အချုပ်ခန်း ပြင်ဖို့လုပ်တာပါ၊ ကျနော်တို့ ပေါင်မြို့က အချုပ်သားတွေ ထောင်ကျရင် သထုံအကျဉ်းထောင်ကို ပို့ရတယ်၊ သထုံအကျဉ်းထောင်က နေရာ အခက်ခဲကြောင့် ကျိုက်မရောအကျဉ်းထောင်မှာ ယာယီ ထားတာပါ။ အချုပ်ခန်းပြင်ပြီးတဲ့နေ့ လာပြန်ခေါ်မှာပါ” ဟု ပေါင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိန်ဝင်းက ပြောသည်။

    ပေါင်မြို့မ ရဲစခန်း အချုပ်ခန်းကို မတ်လ ၁၅ ရက်နေ့အတွင်း ပြီးစီးနိုင်ရန် သတ်မှတ်ထားပြီး ပြုပြင်လျက်ရှိသည်ဟု တာဝန်ရှိသူက ပြောသည်။

    “အချုပ်ခန်းတွေ ခဏ ပြင်ဖို့ ကျနော်တို့ဆီမှာ တစ်ပတ်ကြိုပြီး အချုပ်သားတွေ ယာယီထားဖို့ စာတင်ထားတယ်၊ ဒီနေ့ အချုပ်သားတွေကို လာပို့တယ်” ဟု ကျိုက်မရော အကျဉ်းထောင်မှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးခင်မြင့်က ပြောသည်။

    ပြောင်းရွှေ့ထားသည့် အချုပ်သားများသည် ယာဉ်တိုက်မှု၊ လိုင်စင်မဲ့ကားဖမ်းဆီးရမှုကြောင့် အချုပ်ကျနေသည့် သာမန် အချုပ်သားများသာ ဖြစ်ကြောင်း ဒုရဲမှူး စိန်ဝင်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks