spot_img
Wednesday, February 11, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ဒေသခံတံတားအမည်ပြောင်းလဲခြင်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုထိခိုက်စေနိုင်

    ဒေသခံတံတားအမည်ပြောင်းလဲခြင်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုထိခိုက်စေနိုင်

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီလူးကျွန်း-ချောင်းဆုံမြို့သို့ ဆက်သွယ်သည့် ချောင်းဆုံ(သံလွင်တံတား)အား “ဗိုလ်ချုပ်အောင်ဆန်း” တံတားဟု အမည်နာမသစ် ပြောင်းလဲရန် ကြိုးပမ်းနေကြသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့တွင် ချောင်းဆုံ(သံလွင်တံတား)အား ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်နာမဖြင့် ဆိုင်းဘုတ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း ဒေသခံများလက်မခံသည့်ရေးသားချက်များ လူမှုကွန်ယက်အင်တာနက်ပေါ် ပြန့်နှံ့လာသဖြင့် သက်ဆိုင်ရာအာဏာပိုင်တို့ လက်လျော့ခဲ့ရသည်။

    ချောင်းဆုံ(သံလွင်တံတား)(Mr. Myo)

    ထိုကြောင့် အဆိုပါသံလွင်မြစ်ကူးတံတားအား “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု ဆိုင်းဘုတ်တင်အမည်ပေး ကင်ပွန်းတပ်မည့်အစီအစဉ်ရုတ်သိမ်းလိုက်သည်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

    ယခုတဖန် တံတားတည်ရှိရာမဲဆန္ဒနယ်မြေမဟုတ်သည့် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်သတ်မှတ်ပေးရန် ပြည်သူ့လွှတ်တော်သို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အဆိုတင်သွင်းခဲ့ရာ ကန့်ကွက်သူ ၂ ဦးသာရှိသဖြင့် လက်ခံဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့ပြန်သည်။

    သို့ရာတွင် သက်ဆိုင်ရာမွန်တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးတို့က တံတားအမည်ပြောင်းလဲခြင်းမပြုပါရန် နိုင်ငံတော်သမ္မတထံသို့ စာရေးသား တင်ပြတောင်းဆိုထားသည်။

    လွှတ်တော်မှသော်လည်ကောင်း အစိုးရမှသော်လည်းကောင်း နိုင်ငံရေးသမားအချို့က မိမိတို့အခွင့်အာဏာကို အသုံးချရာတွင် ဒေသခံတိုင်းရင်းသားတို့၏ ဆန္ဒသဘောထားအားဆန့်ကျင်ပါက ထိပ်တိုက်ဖြစ်မှု သံသရာလည်ပတ်တော့မည် မလွဲပေ။

    မွန်တိုင်းရင်းသားတို့လေးစားသော “ဗိုလ်ချုပ်အောင်ဆန်း”အမည်ကို အသုံးပြု၍ ပါတီအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ နိုင်ငံရေးအမြတ်ထုတ်လာနေသည်ကို လေ့လာသိရှိရသဖြင့် ယင်းကဲ့သို့ကန့်ကွက်မှုများ ဖြစ်ပေါ်လာသည်ဟုလည်း တနည်းအားဖြင့် သုံးသပ်မိပါသည်။

    ထို့အတူ အဆိုပါကန့်ကွက်မှုများ၊ ထိပ်တိုက်ဖြစ်များမှတဆင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်များထိခိုက်လာနိုင်သည်ကို သတိချပ်စေလိုသည်။

    ထို့အတူ ပထဝီအခြေခံအရ ပကတိဖြစ်ပေါ်နေသော “ချောင်းဆုံ(သံလွင်တံတား)” ဒေသအမည်ဖြင့်သာ (သို့မဟုတ်) ဒေသန္တရနှင့် ကိုက်ညီသည့်အမည်နာမကိုသာ မှည့်ခေါ်စေလိုကြောင်း သိရှိရှိရသည်။

    အချုပ်ဆိုရသော် မူလအမည် “ချောင်းဆုံ(သံလွင်တံတား)” အား အမည်နာမသစ်ပြောင်းလဲခြင်းသည် ဒေသခံတို့၏ ဆန္ဒကိုလစ်လျူပြုခြင်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေသည့် အပြုအမူဟု မွန်သတင်းအေဂျင်စီက မှတ်ယူပါကြောင်း။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks