spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဗိုလ်ချုပ်အောင်ဆန်းတံတား အမည်သတ်မှတ်သည့်အပေါ်ငြင်းနေခြင်းသည် အမြင်ကျဉ်းခြင်းသာဖြစ်ဟု မိကွန်ချမ်းပြော

    ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်သတ်မှတ်သည့်အပေါ်ငြင်းနေခြင်းသည် အမြင်ကျဉ်းခြင်းသာဖြစ်ဟု မိကွန်ချမ်းပြော

    -

    မွန်ပြည်နယ်၊ သံလွင်မြစ်ပေါ်တွင် တည်ဆောက်လျှက်ရှိသည့် မော်လမြိုင်- ချောင်းဆုံ သံလွင်မြစ်ကူး တံတား အား “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်ဖြင့် သတ်မှတ်ထားသည့်အပေါ် ခါးခါးသီးသီး ငြင်းနေခြင်းသည် အမြင်ကျဉ်းခြင်းသာဖြစ်ဟု ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပေါင်မြို့နယ်မဲဆန္ဒနယ်မှ မိကွန်ချမ်းက ပြောကြားခဲ့သည်။

    မွန်ပြည် နယ်၊ မော်လမြိုင်မြို့ နှင့် ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားသည့် တံတားအမည်အား အမျိုးသားခေါင်းဆောင်ကြီး ‘ဗိုလ်ချုပ်အောင်ဆန်း ၏ အမည်နာမဖြင့် ဂုဏ်ပြုသတ်မှတ် ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့်အဆိုအား တင်သွင်းစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

    ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တိုက်တွန်းကြောင်းအဆိုတင်သွင်းသည့် မိကွန်ချမ်း(Facebook)

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက “တိုင်းရင်းသားများအနေနဲ့ လူမျိုးခေါင်းဆောင်နဲ့ အမျိုးသားခေါင်းဆောင်ကို ခွဲခွဲခြားခြား သိထားဖို့လိုပါတယ်၊ ကမ္ဘာ့နိုင်ငံတွေမှာ သူတို့ရဲ့ အမျိုးသားခေါင်းဆောင် အသိအမှတ်ပြုပါတယ်၊ ကျမတို့ နိုင်ငံမှာ တစ်ချို့သူများက ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် ပေးတဲ့အပေါ်မှာတောင် ခါးခါးသီးသီးငြင်းနေခြင်းဟာ အမြင်ကျဉ်းခြင်းသာ ဖြစ်ပါတယ်” ဟု ပြောသည်။

    ဗိုလ်ချုပ်အောင်ဆန်းကို မသမာသူတွေက လုပ်ကြံမှုကြောင့် တိုင်းပြည်အတွက် လူကတော့ ကျဆုံးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအခါ တဖန် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အနည်းစုကြောင့် ဗိုလ်ချုပ်အောင် ဆန်းအမည်ကို ထပ်မံ လုပ်ကြံကြမည်ဆိုလျှင် ကမ္ဘာ့သမိုင်းအလယ်တွင် ရှက်ဖွယ်အလီလီ ဖြစ်နေပါပြီ ၄င်းကပြောသည်။

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း၏ မော်လမြိုင်နှင့် ဘီးလူးကျွန်းကို ဆက်သွယ်ပေးထားသည့် အဆိုပါတံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပေးနိုင်ရေးအဆိုကို ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦးကလည်း ထောက်ခံဆွေးနွေးခဲ့သည်။

    ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက “ဒီကိစ္စက တိုင်းရင်းသားတွေနဲ့ ပတ်သက်နေတယ်၊ တိုင်းရင်းသားတွေ သွေးကွဲသွားစေမယ့် အဆိုကို ဆွေးနွေးဖို့မသင့်ဘူး လွှတ်တော်လုပ်ငန်းစဉ် ဥပဒေမှာ ဖော်ပြ ထားပါတယ်” ဟုပြောသည်။

    တံတားအမည် သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မွန်အရေးလှုပ်ရှားသူအဖွဲ့မှ နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗိုလ်ချုပ်အောင်ဆန်းဟူသောတံတားအမည်မှာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏အမည်ကို ဂုဏ်ပြုမှည့်ခေါ်ခြင်းမှန်သော်လည်း တံတားအနေဖြင့် နိုင်ငံတော်အတိုင်းအတာအဆင့်အထိ တံတားမဟုတ်ခြင်း၊ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ မြို့ရွာများကို ဆက်သွယ်တည်ဆောက်ထားခြင်းကြောင့် ဒေသခံများအနေဖြင့် မွန်တို့၏ သမိုင်းအကြောင်း၊ မွန်လူမျိုးနှင့် ဆက်စပ်မှုရှိသည့် အမည်အခေါ်အဝေါ်တစ်ခုခုကိုသာ သတ်မှတ်ပေးစေလိုကြောင်း ဆန္ဒသဘောထားစာ ပေးပို့ခဲ့သည်။

    အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့၊ ၂၀ ရက်နေ့ တွင် ဘီလူးကျွန်းရှိ မွန်သံဃာတော်အဖွဲ့၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့၊ မွန်လူငယ်အဖွဲ့ တို့က အဆိုပါတံတားအမည်ပေးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်လွှတ်တော်ရုံးသို့ သဘောထားဆန္ဒစာ ပေးပို့ခဲ့သည်။

    သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ချမှတ်အကောင်အထည်ဖော်တည်ဆောက်ခဲ့သည့် မော်လမြိုင်-ချောင်းဆုံ (သံလွင်မြစ်ကူး)တံတားသည် အရှည် ၁၇၅၉ ပေ၊ အကျယ် ၆၄ ပေ၊ မုပွန်ချဉ်ကပ်တံတား ၆၈၉ ပေနှင့် ကညှော်ချဉ်းကပ်တံတား ၂၇၅၆ ပေ၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး လာမည့် ဧပြီလတွင် တံတားဖွင့်ပွဲအခန်းအနား ကျင်းပသွားမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks