spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်- ချောင်းဆုံတံတားအား ဒေသအမည်သတ်မှတ်ပေးရန် သမ္မတရုံးသို့ သဘောထားပေးပို့

    မော်လမြိုင်- ချောင်းဆုံတံတားအား ဒေသအမည်သတ်မှတ်ပေးရန် သမ္မတရုံးသို့ သဘောထားပေးပို့

    -

    သံလွင်မြစ်ပေါ်တွင်တည်ဆောက်လျှက်ရှိသည့် မော်လမြိုင်- ချောင်းဆုံသံလွင်မြစ်ကူးတံတားအား မွန်ဒေသနှင့် ကိုက်ညီသည့် အမည်နာမဖြင့် သတ်မှတ်ပေးရန် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မွန်အရေးလှုပ်ရှားသူအဖွဲ့မှ နိုင်ငံတော်သမ္မတရုံးသို့ သဘောထားစာပေးပို့ထားကြောင်း သိရသည်။

    အဆိုပါဆန္ဒသဘောထားစာတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တံတားတည်ဆောက်ရေးအဖွဲ့ အမှတ် (၄) ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးတွင်လည်းကောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင်လည်း ကောင်း မော်လမြိုင် ချောင်းဆုံသံလွင်မြစ်ကူးတံတားအား “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု ဆိုင်းဘုတ်တင် ဖွင့်လှစ်ကျင်းပရန် ပြည်ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်းခြင်းနှင့်ပတ်သက်၍ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ဗဟို)၊ မွန်ဒေသလုံးဆိုင်ရာ မွန်စာပေ နှင့် ဗုဒ္ဓဘာသာမွန်စာပေသင်ကြားရေး အဖွဲ့ နှင့် မွန်အရေးလှုပ်ရှားသူအဖွဲ့များမှ ဆန္ဒသဘောထားစာပေးပို့ခဲ့ခြင်းဖြစ်သည်။

    မော်လမြိုင်- ချောင်းဆုံတံတား(MNA)

    မွန်စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ ( ဗဟို) အတွင်းရေးမှူး နိုင်မွန်ရာဇာက “ မော်လမြိုင်- ချောင်းဆုံ သံလွင်မြစ်ကူးတံတားကို “ဗိုလ်ချပ်အောင်ဆန်းတံတား” အဆို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းမှာဖြစ်တဲ့အတွက် မွန်အရေးလှုပ်ရှားသူးအဖွဲ့မှ အခုလိုသဘောထားဆန္ဒစာပေးပို့ခဲ့တယ်” ဟုပြောသည်။

    ထို့အတူ ဗိုလ်ချုပ်အောင်ဆန်းဟူသောတံတားမှာအမည်မှာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏အမည်ကို ဂုဏ်ပြုမှည့်ခေါ်ခြင်းမှန်သော်လည်း တံတားအနေဖြင့် နိုင်ငံတော်အတိုင်းအတာအဆင့် တံတားမဟုတ်ခြင်း၊ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ မြို့ရွာများကို ဆက်သွယ်တည်ဆောက်ထားခြင်းကြောင့် ဒေသခံများအနေဖြင့် မွန်တို့၏ သမိုင်းအကြောင်း၊ မွန်လူမျိုးနှင့် ဆက်စပ်မှုရှိသည့် အမည်အခေါ်အဝေါ်တစ်ခုခုကိုသာ သတ်မှတ်ပေးစေလိုကြောင်း ၄င်းစာတွင် ဖော်ပြထားသည်။

    ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်းချမ်း တင်သွင်းမည့် “ မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့် ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားသည့် တံတားအမည်အစား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမဖြင့် ဂုဏ်ပြုသတ်မှတ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို” နှင့်စပ်လျဉ်း၍ လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့နေသည့်ကိစ္စနှင့်ပတ်သက်၍လည်း ယင်းသို့ သဘောထားပေးပို့ခဲ့ကြောင်းလည်း သိရသည်။

    ပေါင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်းချမ်းက “သတင်းပေါက်ကြားတဲ့ကိစ္စ အင်တာနက်မှာတက်နေတာကတော့ ဘာမှပြောလို့မရသေးဘူး၊ အဆိုတစ်ခုဆိုတာက ဘာမှမသိသေးဘဲနဲ့ ပေါက်ကြားတယ်ဆိုတာ အဆိုရဲ့စည်းမျဉ်းစည်းကမ်းကိုဖောက်ဖျက်တာပဲ၊ ကျမဘာမှပြောလို့မရဘူးရှင့်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့၊ ၂၀ ရက်နေ့ တွင် ဘီလူးကျွန်းရှိ မွန်သံဃာတော်အဖွဲ့၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့၊ မွန်လူငယ်အဖွဲ့ တို့က အဆိုပါတံတားအမည်ပေးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်လွှတ်တော်ရုံးသို့ သဘောထားဆန္ဒစာ ပေးပို့ခဲ့သည်။

    မော်လမြိုင်-ချောင်းဆုံး သံလွင်မြစ်ကူးတံတားသည် အရှည် ၁၇၅၉ ပေ၊ အကျယ် ၆၄ ပေ၊ မုပွန်ချဉ်ကပ်တံတား ၆၈၉ ပေနှင့် ကညှော်ချဉ်းကပ်တံတား ၂၇၅၆ ပေ၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး လာမည့် ဧပြီလတွင် တံတားဖွင့်ပွဲအခန်းအနား ကျင်းပသွားမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks