spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးတိုင်းရင်းသားစာပေသင်ကြားမည့် ကျောင်းသားများစာရင်း ကြိုတင်ကောက်ခံ

    တိုင်းရင်းသားစာပေသင်ကြားမည့် ကျောင်းသားများစာရင်း ကြိုတင်ကောက်ခံ

    -

    လာမည့် (၂၀၁၇-၁၈) ပညာနှစ်၌ အခြေခံပညာမူလတန်းကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားမည့် ကျောင်းသား/သူစာရင်းများကို သက်ဆိုင်ရာအခြေခံပညာမူလတန်းကျောင်းများအား စာရင်းကောက်ခံပေးရန် ပြည်နယ်ပညာရေးမှူးရုံးမှတဆင့် ဖေဖော်ဝါရီ (၁၇) ရက်နေ့က ညွှန်ကြားထားခဲ့ကြောင်း သိရသည်။

    “ပအိုဝ်းတို့ ကရင်တို့က စာပေတစ်မျိုးတည်းမဟုတ်တဲ့အခါကျတော့က နောက်လာမယ့်နှစ်မှာ ဘယ်စာကိုသင်မလဲ၊ ဥပမာ ပအိုဝ်းဆိုရင် ဘယ်စာကိုသင်မလဲပေါ့ သူတို့စာက မွန်တို့လို တစ်မျိုးတည်းမှ မဟုတ်တာ၊ ဒါကြောင့် သူတို့စာကို ထောက်ခံပေးမယ့် စာပေယဉ်ကျေးမှုအဖွဲ့ရဲ့ သဘောထားကိုတောင်းတာ” ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင်က ပြောသည်။

    မွန်ဖတ်စာအုပ်(Copy)

    လာမည့်ပညာသင်နှစ်တွင် လိုအပ်မည့်ပုံနှိပ်များ ရိုက်ထုတ်ရန်အတွက် သင်ကြားမည့် ဆရာ/မနှင့် ကျောင်းသားဦးရေ နှင့်တကွ သင်ကြားမည့် ဘာသာစာပေ မူရင်းကိုပါတောင်းခံရခြင်းဖြစ်ကြောင်း သတ်မှတ်ရက်ထပ်ကျော်လွန်ပြီးမှ ရောက်ရှိလာသော စာရင်းများအတွက် အခြေအနေအပေါ်မူတည်ပြီး သင့်တော်သလိုဆောင်ရွက်ပေးမည်ဟုလည်း ဦးမျိုးတင့်အောင်က ဆက်လက်ပြောသည်။

    ပြည်နယ်ပညာရေးမှူးရုံး၏ ညွှန်ကြားချက်အရ သက်ဆိုင်ရာတိုင်းရင်းသားဘာသာစာပေ ယဉ်ကျေးမှုအဖွဲ့၏ တင်ပြတောင်းခံစာ၊ သင်ကြားလိုသည့် တိုင်းရင်းသားဘာသာအမျိုးအမည် အတည်ပြုပြီး နမူနာစာအုပ်များနှင့် CDများ၊ သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစာပေစာမူပိုင်ခွင့် (မူပိုင်ခွင့်) ရှိသော တိုင်းရင်းသားဘာသာ စာပေယဉ်ကျေးမှုအဖွဲ့၏ အတည်ပြုသဘောတူကြောင်း ထောက်ခံစာ၊ သက်ဆိ်ုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့် ထောက်ခံစာ စသည့် (၆) ချက် ပါရှိကြောင်း သိရသည်။

    ၄င်းအချက်များကို ဖြည့်စွက်ပြီး စာရင်းအား မတ်လ (၃) ရက်တွင် ပြည်နယ်ပညာရေးမှူးရုံးသို့ အရောက်ပေးပို့ရပြီး မတ်လ (၇) ရက်နေ့၌ အစိုးရအဖွဲ့တို့၏ သဘောထားထုတ်ပြန်ချက် ယူပြီး ၄င်းမှတစ်ဆင့် ပြည်ထောင်စုပညာရေးဌာနသို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင်က ဆက်ပြောသည်။

    “ကျွန်မတို့က ကျောင်းသားစာရင်းနဲ့ စာအုပ်စာရင်းကိုပဲ ပို့ပေးလိုက်တော့မယ် ဒီလောက်ပဲတို့လုပ်ပေးနိုင်တာကိုး၊ ကျန်တဲ့အချက်တွေကတော့ အထက်ကတာဝန်ရှိသူတွေကပဲ လုပ်ဆောင်ပေးရမှာပေါ့” ဟု မုဒုံမြို့နယ်တောင်ပိုင်းရှိ မူလွန်ကျောင်းအုပ်ဆရာမတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့်နှစ်တွင် တိုင်းရင်းသားဘာသာစာပေသင်ကြားမည့်ကျောင်းသားစာရင်းနှင့် စာအုပ်စာရင်းကိုသာ ကောက်ခံပေးပို့ရပြီး ယခုလို သင်ကြားမည့်ဘာသာနှင့်ထောက်ခံချက်တို့အပါအဝင် (၆) ချက်ကို တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားဘာသာစာပေသင်ကြားသည့်ကျောင်းတိုင်း စာရင်းပေးပို့ရပြီး မသင်သည့်ကျောင်းများ စာရင်းကိုလည်း တစ်ပြိုင်တည်း ကောက်ခံနေကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ပအိုဝ်း၊ ကရင်၊ မွန် တိုင်းရင်းသားဘာသာစာပေ ကို (၂၀၁၃) မှစ၍ သင်ကြားလျက်ရှိပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သင်ကြားသည့် ဆရာ/ ဆရာမ ၁၀၄၁ ဦးရှိဟုသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks