spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းအကြိုင်းခေါင်းဆောင်သည့် ဓါးပြအဖွဲ့ ရေးမြို့နယ်တောင်ပိုင်းနှင့် ရေဖြူမြို့နယ်တွင် ဆက်ကြေးတောင်းခံနေ

    အကြိုင်းခေါင်းဆောင်သည့် ဓါးပြအဖွဲ့ ရေးမြို့နယ်တောင်ပိုင်းနှင့် ရေဖြူမြို့နယ်တွင် ဆက်ကြေးတောင်းခံနေ

    -

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်နှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းဒေသတို့တွင် အကြိုင်း ခေါင်းဆောင်သည့်အဖွဲ့ဝင် ၁၀ ဦးခန့်ပါဝင်သည့်ဓါးမြအဖွဲ့ ထပ်မံပေါ်ပေါက်လာပြီး ဒေသခံများရွာသားများထံ အဓမ္မဆက်ကြေးငွေများ တောင်းခံသည့်ဖြစ်ရပ်ဖြစ်ပွါးလျှက်ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

    ရေးတောင်ပိုင်းဒေသခံတစ်ဦးက “ဖေဖော်ဝါရီ ၁၇၊ ည ၇ လောက်မှာ ဒီကျွန်တော်တို့ ရေးတောင်ပိုင်း သဲခုံရွာထဲ ဝင်သွားပြီး တောင်းတာ။ ရွှေ ၄ ကျပ်သားနဲ့ ပိုက်ဆံ ၂ သိန်းပေးခဲ့ရတယ်” ဟု ဆိုသည်။

    ရေးတောင်ပိုင်း သဲခုံရွာ(MNA)

    ရေးတောင်ပိုင်းဒေသတဝိုက်ရှိ ဒေသခံတွေက မိမိလုံခြုံရေးအတွက် စိုးရိမ်လျက်ရှိပြီး ဆက်ကြေးတောင်းရာတွင် ပေးခဲ့ရသည့် ရွှေနှင့် ငွေပမာဏများအား ကျေးရွာအုပ်ချုပ်ရေးမှူးမှ ရွာသားတွေထံက တောင်းခံပြီးပေးခဲ့ရသည် ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    အလားတူ ရေးမြူမြို့နယ်အတွင်းရှိ ပေါက်ပင်ကွင်းကျေးရွာတွင်လည်း လာမည့်မတ်လ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ နွေရာသီ မွန်ဗုဒ္ဓဘာသာသင်တန်းကျောင်း ၁၀ နှစ်ပြည့်အမှတ်အရပွဲတော်ပြုလုပ်မည်ဖြစ်၍ ၎င်းပွဲတော်အား ပြုလုပ်ရန်အတွက် အကြိုင်း ခေါင်းဆောင်သည့်ဓါးမြအဖွဲ့ သိန်း ၁၀ဝ တောင်းထားသည်ဟုလည်း ဒေသခံများကပြောသည်။

    ပေါက်ပင်ကွင်းရွာ ဒေသခံတဦးက “ပိုက်ဆံကို ကျောင်းထိုင်ဆရာတော်မှာ တောင်းတာပါ။ လွန်ခဲ့တဲ့ တစ်ပတ် လောက်က တောင်းထားတယ်။ ပိုက်ဆံသိန်းတစ်ရာမပေးရင် ပွဲဖျက်မယ်လို့ ပြောဆိုခြိမ်းခြောက်ထားတာရှိတယ်” ဟု ဆိုသည်။

    အဆိုပါ အကြိုင်းခေါင်းဆောင်သည့်အဖွဲ့သည် လူအင်အား ၁၀ ဦးခန့်ရှိပြီး အခုတလော ပေါက်ပင်ကွင်းရွာကို မကြာခဏ ဝင်ထွက်သွားလာလျက်ရှိသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မေလ ၆ ရက်တွင် နိုင်မွန်ချမ်းခေါင်းဆောင်သည့် လက်နက်ကိုင်အဖွဲ့ဝင် ၁၈ ဦးတို့သည့် တနင်္သာရီတိုင်းအခြေစိုက် ခလရ ၂၈၀ ၌ လက်နက်အပ်နှံ့ခဲ့ပြီ နိုင်အလွေးအပါဝင် အဖွဲ့ဝင် ၂၀ ဦးက ဇွန်လ ၂၅ ရက်၊ ၂၀၁၆ ခုနှစ်တွင် ရေးမြို့အခြေစိုက် စ-က-ခ အမှတ် ၁၉ တွင် လက်နက်အပ်နှံ့ခဲ့ပြီး ဖြစ်သည်။

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်နှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းဒေသတွင် လက်နက်ကိုင်ထားသည့် အဖွဲ့ အစည်းများမှ လက်နက်အပ်နှံ့ခဲ့ပြီးသော်လည်း ယခုဓါးမြအဖွဲ့ထပ်မံပေါ်ပေါက်လာသောကြောင့် ဒေသခံများက မိမိတို့ လုံခြုံရေးအတွက် စိုးရိမ်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks