spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းရတခနှင့်မွန်ပြည်သစ်ပါတီ ပြေလည်မှုအချို့ရရှိ

    ရတခနှင့်မွန်ပြည်သစ်ပါတီ ပြေလည်မှုအချို့ရရှိ

    -

    အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)နှင့် မွန်ပြည်သစ်ပါတီတို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် မော်လမြိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လတ်တလောဖြစ်ပေါ်နေသော စစ်ရေးတင်းမာမှုများ ပြေလည်မှုအချို့ရရှိခဲ့သည်ဟု သိရသည်။

    အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး၊ မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ ပြည်တွင်းရေးဌာနကြီးတာဝန်ခံ နိုင်ဝင်းလှတို့ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် လတ်တလောဖြစ်ပေါ်နေသော ဖြစ်ပေါ်နေသော နှစ်ဖက်တင်းမာနေမှုများအား ဆွေးနွေးခြင်းဖြစ်သည်။

    ဘုရားသုံးဆူးရပ်မိရပ်ဖတို့နှင့် တွေ့ဆုံပွဲ (ဗညာအောင်မိုး)

    နိုင်ဝင်းလှက “ကျနော်တို့ နှစ်ဖက်ကြားမှာ မပြေလည်မှုတွေကို ဒီနေ့တွေ့ဆုံပြီး ရှင်းလင်းပြောကြားတဲ့အခါကြတော့ ပြေလည်သလောက်တော့ ပြေလည်သွားပါတယ်၊ အခြေအနေပေါ်တွင်မူတည်ပြီး နှစ်ဖက်ဆက်လက်တွေ့ဆုံဆွေးနွေးဖို့ ရှိနေသေးတယ်” ဟု ပြောသည်။

    မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသဖြစ်သည့် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး၊ ဂျပန်ရေတွင်းကျေးရွာ၌ ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပခဲ့သည့် အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့အခမ်းအနားအား လက်နက်ဖြင့် စစ်ရေးပြချီတက်ခြင်းမပြုရန် မွန်ပြည်နယ်အစိုးရ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကန့်ကွက်စာပေးပို့ခဲ့ပြီး မွန်ပြည်သစ်ပါတီ၏ ပုံမှန်ကျင်းပမြဲ စစ်ရေးပြအခန်းအနားကျင်းပခဲ့ပြီးနောက် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ကြား ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများဖြစ်ပေါ်ခဲ့သည်။

    သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းပေါ်ရှိ မွန်ပြည်သစ်ပါတီ ဂိတ်စခန်း ၂ နေရာအား တပ်မတော်က ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ဝင်ရောက်သိမ်းပိုက်ပြီးနောက် ဂျပန်ရေတွင်းကျေးရွာအဝင် မွန်ဂိတ်စခန်း(ဟင်္သာအလံတိုင်စခန်း) အား တပ်မတော်က ဝင်ရောက်နေရာယူမည်ဖြစ်ကြောင်း ဘုရားသုံးဆူအခြေစိုက် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးသို့ အသိပေးခဲ့ပြီးနောက် စစ်ရေးတင်းမာမှုပိုမိုဖြစ်ပေါ်လာခြင်း ဖြစ်သည်။

    အလားတူ ဘုရားသုံးဆူမြို့ပေါ်ရှိ ဒေသခံမြို့မိမြို့ဖများ၊ ဒေသအခြေစိုက် ခမရ (၂၈၄) တပ်ရင်းမှူး၊ မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသတာဝန်ခံနှင့်အဖွဲ့၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့တို့ တိုင်တစ်ရာဘုန်းတော်ကြီးကျောင်းတိုက်၌ ဖေဖော်ဝါရီ ၁၆ ရက်၊ နေလည်ပိုင်းတွင် တွေ့ဆုံပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး တင်းမာမှုများပြေလည်ခဲ့သည်ဟု သိရသည်။

    အဆိုပါတွေ့ဆုံပွဲတက်ရောက်သူ ဘုရားသုံးဆူမြို့နေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာဗညားအောင်မိုးက “ဒီတွေ့ဆုံပွဲမှာတော့ သူက (တပ်ရင်းမှူး) အဖွင့်မိန့်ခွန်းပြောပြီးနောက် တပ်ရင်းမှုးက ကျွန်တော့်ကိုပဲ ပြောပြခိုင်းတယ်၊ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုမဖြစ်အောင်၊ ပြီးတော့ မွန်ပြည်သစ်ကို NCA စာချုပ်ပါဝင်လက်မှတ်ထိုး စေချင်တဲ့ကိစ္စတို့၊ ပင်လုံညီလာခံ တက်စေချင်တဲ့ကိစ္စတို့ကိုတော့ သူ့ဆန္ဒသဘောထားအတိုင်းပဲ တက်ရောက်လာတဲ့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေကို ကျွန်တော်ရှင်းပြပေးခဲ့တယ်၊ သူပြောသွားတဲ့အထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဆန္ဒရှိတယ်ဆိုတဲ့စကားကိုလည်း ထည့်ပြောသွားတာရှိတယ်” ဟု ပြောသည်။

    အဆိုပါ တွေ့ဆုံပွဲတွင် တပ်မတော်ခမရ ၂၈၄ တပ်ရင်းမှူးက လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးတင်းမာမှုများအား တင်ပြပြောဆိုခြင်းမပြုဘဲ NCA စာချုပ်၊ ပင်လုံညီလာခံနှင့်သက်ဆိုင်သည့် အကြောင်းအရာကိုသာ အဓိကထား ဦးတည်ပြောဆိုခဲ့ကြောင်း ၄င်းကဆက်ပြောသည်။

    လာမည့်မတ်လအတွင်း ဆက်လက်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) သို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးသေးသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များအား အထူးဧည့်သည်တော်အဖြစ်ဖိတ်ကြားသွားမည်ဟု သိရသည်။

    သို့ရာတွင် UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီအနေဖြင့် တင်ပြဆွေးနွေးခွင့်မရှိပါက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) သို့ တက်ရောက်မည်မဟုတ်ကြောင်း မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks