Friday, March 13, 2026
More
    spot_img
    Homeသတင်းတဖုဿနှင့်ဘလ္လိကညီနောင်နှစ်ပါး မွန်လူမျိုးဖြစ်ကြောင်း စာတမ်းဖတ်ပွဲ ကျင်းပမည်

    တဖုဿနှင့်ဘလ္လိကညီနောင်နှစ်ပါး မွန်လူမျိုးဖြစ်ကြောင်း စာတမ်းဖတ်ပွဲ ကျင်းပမည်

    -

    ရွှေတိဂုဏ်ဘုရားတည်ဆောက်ရန် ဂေါတမဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော် ၈ ဆူရယူလာသည့် တဖုဿနှင့် ဘလ္လိကညီနောင်နှစ်ပါး မွန်လူမျိုးဖြစ်ကြောင်း သက်သေနှင့်တကွဖော်ပြသွားမည့် စာတမ်းဖတ်ပွဲတစ်ခုကို လာမည့် မတ်လ (၅) ရက်နေ့ မော်လမြိုင်မြို့ ဓာတုမာလာကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း စာတမ်းရှင်များထံမှ သိရသည်။

    ၄င်းစာတမ်းဖတ်ပွဲတွင် မန္တလေးတက္ကသိုလ်မှ မြန်မာစာဋ္ဌာနမှူး ပါမောက္ခ ဒေါက်တာဒေါ်ချိုချိုသင့်၊ တောင်ကြီးတက္ကသိုလ်မှ ဒေါက်တာဒေါ်မူမူအေး၊ မွန်သမိုင်းသုတေ သနပညာရှင် နိုင်မောင်တိုးနှင့် နိုင်ရဲဇော်၊ စာရေးဆရာမ မိလေးမွန်နှင့် ဗိုလ်တစ်ထောင်ဆရာတော်တို့ ပူးပေါင်းကာ “မွန်တို့ တည်ထား မွန်ဘုရားနှလုံးသားကျိုက်ဒဂုံ” ခေါင်းစဉ်နှင့် ဖတ်ကြားသွားမည်ဟု သိရသည်။

    မွန်သမိုင်းသုတေသနပညာရှင် နိုင်ရဲဇော်(MNA)

    “တဖုဿနဲ့ဘလ္လိကက မွန်ဖြစ်ကြောင်းရယ်၊ လွန်ခဲ့တဲ့ အနှစ် (၂၀ဝ၀) လောက်က မွန် တွေ တည်ရှိနေပြီးဖြစ်ကြောင်းကို ရွှေတိဂုံမှာ ရှိတဲ့ မွန်ကျောက်တိုင်မှာပါတဲ့အထောက်အထားနဲ့ ယှဉ်ပြပြော သွားဖို့ရှိတယ်” ဟု မွန်သမိုင်းသုတေသနပညာရှင် နိုင်မောင်တိုးက ပြောသည်။

    ယခုမြင်တွေ့နေရသော ရွှေတိဂုံဘုရား၏ အရွယ်အစား အလျား၊ အနံ၊ ပတ်လည်တို့သည် မွန်ဘုရင်မ ရှင်စောပု နောက်ဆုံးတည်ထားဖြစ်ပြီး ရွှေကွပ်ခြင်းနှင့် ထီးတော်တင်ခြင်းတို့ကို နောက်ပိုင်းမှ ပြုလုပ်လာသည်ဖြစ်ကြောင်း ကိုလည်း အထောက်အထားနှင့်တကွ ရှင်းပြသွားမည်ဟု နိုင်မောင်တိုးက ဆက်လက်ပြောသည်။

    “တောင်ပေါက်ဆရာတော်ရဲ့ကျမ်းမှာကိုက မွန်လူမျိုး တဖုဿနှင့်ဘလ္လိက ညီနောင်နှစ်ပါး ဆိုတာပါနေတယ်၊ အဲ့တော့ ကျွန်တော့်အနေနဲ့ သီတဂူဆရာတော်အမှတ်မှားတယ်လို့ပဲ ခံယူပါတယ်၊ ဘာလို့ဆိုတော့ သူနှင့်သွား တွေ့တုန်း က သူညွှန်းတဲ့စာအုပ်ကို ပြလိုက်တော့ သူက မွန်ဆိုလည်း မွန်ပေါ့ ဆိုပြီးပြန်ပြောခဲ့တယ်၊ အဲ့နောက် ပိုင်း သူဆက်မဟောတော့ပါဘူး” ဟု မွန်သမိုင်းသုတေသနပညာရှင် နိုင်ရဲဇော်က ပြောသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ၌လည်း သီတဂူဆရာတော်မှ “ တဖုဿနှင့် ဘလ္လိက ညီနောင်နှစ်ပါးသည် ဗမာ လူမျိုး” ဟု ရွေတိဂုံဘုရားသမိုင်း ဟောကြားခဲ့သည့်အပေါ် မွန်သံဃာတော်များနှင့် မွန်ပုဂ္ဂိုလ်ကြီးများမှ လက်မခံ သည့်အတွက် ယခုတွင် တဖုဿနှင့် ဘလ္လိကသည် မွန်လူမျိုးဖြစ်ကြောင်းကို အထောက်အထားနှင့် တကွ ထောက်ပြဖတ်ကြားသွားမည်ဟု သိရသည်။

    တဖုဿနှင့်ဘလ္လိက မွန်လူမျိုးဖြစ်ကြောင်းကို လူမျိုးတစ်မျိုးဖြစ်ကြောင်း ယုံကြည်မှုအရသော်လည်းကောင်း၊ ဥက္ကလာပတိုင်းသည် မွန်ဒေသဖြစ်ကြောင်းကို ဒေသဘက်မှချဉ်းကပ်သည့်နည်းလမ်းအရသော် လည်းကောင်း နှင့် စာအုပ်စာတမ်းတို့မှ ရှာဖွေစုဆောင်းခြင်းတို့မှ သော်လည်းကောင်း စာတမ်းပြုစုနေကြောင်း နိုင်ရဲဇော်က ဆက်ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks