Homeသတင်းမွန်ပြည်နယ်ဥပဒေချုပ်ရုံးဆောက်လုပ်မည့်ဘဏ္ဍာငွေအား ဒေသဖွံ့ဖြို့ရေးအတွက် ပြောင်းလဲသုံးစွဲမည်

မွန်ပြည်နယ်ဥပဒေချုပ်ရုံးဆောက်လုပ်မည့်ဘဏ္ဍာငွေအား ဒေသဖွံ့ဖြို့ရေးအတွက် ပြောင်းလဲသုံးစွဲမည်

-

ပြီးခဲ့သည့် အစိုးရသက်တမ်းအတွင်း ခွင့်ပြုထားသည့် မွန်ပြည်နယ် ဥပဒေချုပ်ရုံးတည်ဆောက်မည့် ငွေကျပ် သိန်းပေါင်း ၈၅၀ဝ ကျော်အား မွန်ပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက် ပြောင်းလဲစွဲသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးမှ သိရသည်။

အဆိုပါခွင့်ပြုငွေအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ပါရှိသည့် အဆင့်မြင့်အစိုးရဧည့်ရိပ်သာနှင့် ပြည်နယ်ဥပဒေချုပ်ရုံးတည်ဆောက်မှုအစား လက်ရှိလွှတ်တော်က ပြည်သူလူထု တိုက်ရိုက် အကျိုးရှိစေမည့်စီမံကိန်းများ လုပ်ငန်းများတွင် ပြောင်းလွဲသုံးစွဲရေး တိုက်တွန်းကြောင်းအဆို အတည်ပြုခဲ့ပြီးနောက် ယင်းကဲ့သို့ပြောင်းလွဲသုံးစွဲခြင်း ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ပေါင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(Tun Min Aung FB)

မွန်ပြည်နယ် ဒုဥက္ကဌလွှတ်တော် ဒေါက်တာအောင်နိုင်ဦးက “ပြည်သူလူထုနှင့် တိုက်ရိုက်အကျိုးရှိစေတဲ့ စီမံကိန်း အများအားဖြစ်တော့ လမ်းတံတားမှာ သုံးစွဲဖို့ တင်လာတာများပါတယ်။ တချို့မြို့နယ်တွေက မြေတူးစက်တွေဝယ်တာလည်းရှိပါတယ်” ဟု ဆိုသည်။

အဆိုပါဘတ်ဂျက်သည် ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မတ်လ ၃၁ ရက်နေ့တွင် အပြီးသပ်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လွှတ်တော်မှအဆိုအား အတည်ပြုခဲ့ပြီးနောက် ဥပဒေအရ လွှဲပြောင်းသုံးစွဲရန်ပြုလုပ်ရသောကြောင့် အချိန်အနည်းငယ် နှောင်နှေးခဲ့ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်ရှင်းပြသည်။

အဆိုပါ ဘက်ဂျက်အားသုံးစွဲရန် ဒေသခံနှင့်လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် ကော်မတီဖွဲ့တရပ်စည်းမည်ဖြစ်ပြီး ဖေဖော်ဝါရီလတွင် လုပ်ငန်းအကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က ပြောသည်။

ဦးချစ်တင် က “ဒီဘက်ဂျက်က ဒေသဖွံ့ဖြို့ရေးအတွက်ခေါင်းစဉ်ပေးထားတာဆိုတော့ ဒေသဖွံ့ဖြို့ရေးအတွက်ပဲတင်ဖြစ်တယ်။ လမ်းတံတားနဲ့ ရေငန်တာတမံတွေကို ဆောက်ဖို့တင်ခဲ့တယ်” ဟု ဆိုသည်။

မွန်ပြည်နယ်ဥပဒေချုပ်ရုံးတည်ဆောက်မည့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သိန်းပေါင်း ၈၅၇၀ ကို တစ်မြို့နယ်လျှင် ၈၅၇ သိန်းရရှိမည်ဖြစ်ရာ မွန်ပြည်နယ် (၁၀) မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် မိမိနယ်မြေဒေသရှိ အကောင်အထည်ဖော်ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစီမံကိန်းအား ပြည်နယ်အစိုးရထံသို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ယခင်ပထမအကြိမ်ပြည်နယ်လွှတ်တော်ကအတည်ပြုခဲ့သော VIP ဧည့်ရိပ်သာနှင့် ဥပဒေချုပ်ရုံးတည်ဆောက်မည့်ငွေကျပ်သိန်းပေါင်းနှစ်သောင်းအား ၂၀၁၆ အောက်တိုဘာ ၄ ရက်နေ့ကျင်းပသည့် လက်ရှိဒုတိယအကြိမ် မွန်ပြည်နယ်လွတ်တော် ပြည်လည်သုံးသပ်ပြီး ပြည်သူလူထုတိုက်ရိုက်အကျိုးရှိ စေမည့် စီမံကိန်းများ၊ လုပ်ငန်းများတွင် ပြောင်းလဲသုံးစွဲရေး တိုက်တွန်းကြောင်းအဆို အတည်ပြုခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် မော်လမြိုင်မြို့ ၊ ငန်းတေးရပ်ကွက် အစိုးရအိမ်ယာဝင်းအတွင်း ငွေကျပ်သိန်း ၁ သောင်း ၁ ထောင်ကျော် ကုန်ကျမည့် VIP ဧည့်ရိပ်သာ ၄ ထပ်အဆောက်အဦးကို မွန်ပြည်နယ်လွှတ်တော်ခွင့်မပြုသော်လည်း ပြည်နယ်အစိုးရအဖွဲ့ ဆက်လက်အကောင်အထည်ဖော် ဆောက်လုပ်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts