spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းအကြမ်းဖက်အဖြစ်ခေါ်ဝေါ်သုံးစွဲ၍ ထိုးစစ်ဆင်နေခြင်းမှာ တွေ့ဆုံဆွေးနွေးရေးပျက်ပြားစေရန်လုပ်ဆောင်နေဟု UNFC ထုတ်ပြန်

    အကြမ်းဖက်အဖြစ်ခေါ်ဝေါ်သုံးစွဲ၍ ထိုးစစ်ဆင်နေခြင်းမှာ တွေ့ဆုံဆွေးနွေးရေးပျက်ပြားစေရန်လုပ်ဆောင်နေဟု UNFC ထုတ်ပြန်

    -

    တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့များအဖြစ် တရားဝင် ခေါ်ဝေါ်သုံးစွဲကာ အကြောင်းအမျိုးမျိုးပြပြီး ပိုမို ထိုးစစ်ဆင်နေခြင်းမှာ တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းပင်ဖြစ်သည်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန် လိုက်သည်။

    ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇန်နဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ UNFC ဗဟိုအလုပ်အမှုဆောင် ကော်မတီ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး လက်ရှိ မြန်မာပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု နှင့်နိုင်ငံရေးဆွေးနွေးမှု ဖြစ်စဉ်တို့ အပါအဝင် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ဆို သည်။

    UNFC ဗဟိုအလုပ်အမှုဆောင် ကော်မတီ အရေးပေါ်အစည်းအဝေး(ANC)
    “ကျွန်တော်တို့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးသွားဖို့ စဉ်းစားထားပါတယ်။ဒါပေမယ့် တပ်မတော်က KIA အပါအ အဝင် TNLA ရယ်၊ MNDAA ရယ်ကို အကြမ်းဖက်လို့ သတ်မှတ်နေတဲ့အတွက် ပြည်တွင်းမှာ ဆွေးနွေးပွဲသွားဖို့ အခက်အခဲရှိနေတယ်။ကျွန်တော်တို့ ဆီက ကိုယ်စားလှယ်တွေကို လုံခြုံရေးအာမခံရမှ သွားနိုင်မယ်။ဒါက နိုင်ငံရေးနည်းအရပဲ ဖြေရှင်းနိုင်မယ်”ဟု UNFC ဒုဥက္ကဌ နိုင်ဟံသာ ကပြောသည်။

    အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၁၆ ခုနှစ်၊ဒီဇင်ဘာလတွင် ပြည်သူ့လွှတ်တော်အတွင်း KIA၊ TNLA၊ MNDAA၊ အဖွဲ့အစည်းတို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ရန် မဲခွဲဆုံးဖြတ်ရာ၌ အတည်မပြုနိုင်ခဲ့သည့် အဆိုအား ရှမ်းပြည်နယ်လွှတ်တော်သို့ တပ်မတော်ကိုယ်စားလှယ်များမှ ဆက်လက် တင်သွင်းပြီး မဖြစ်မနေ အတည်ပြုသွားခဲ့ကြောင်း၊ ထိုအတည်ပြုချက်အရ အဆိုပါ အဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့များအဖြစ် မြန်မာ့တပ်မတော်အနေဖြင့် တရားဝင် ခေါ်ဝေါ်သုံးစွဲကာ အကြောင်းအမျိုးမျိုးပြပြီး ပိုမိုထိုးစစ်ဆင်နေခြင်းမှာ တွေ့ဆုံ ဆွေးနွေးရေးဖြစ်စဉ်ကို ပျက်ပြားသွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းပင်ဖြစ်ပါသည်ဟု UNFC က ဆိုသည်။

    ထို့အပြင် လူထုအကြားစိတ်ဝမ်းကွဲပြားမှု ပိုမိုတိုးပွားစေသည့် လုပ်ဆောင်ချက်များနှင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်ကို ပျက်ပြားသွားစေရန် အစီအစဉ်ရှိရှိဖော်ဆောင်နေသည့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ် လုပ်ဆောင်နေမှုများအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ဆိုထားသည်။

    အလားတူ တိုင်းပြည်နှင့်လူထုအကျိုးကိုရှေ့ရှု၍ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပွင့်နေသမျှကာလပတ်လုံး မိမိတို့အနေဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာရေးနည်းလမ်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ကြောင်း၊ NLD အစိုးရ ၏ “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးမူဝါဒ ၇ ရပ်” ကို လက်တွေ့ကျကျ အကောင် အထည်ဖော်ဆောင်မှုတွင် အပြုသဘောဆောင်ချဉ်းကပ်၍ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း UNFC က ဆိုသည်။

    “ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို အမြဲတမ်းဖွင့်ထားပါတယ်။ဒီလမကုန်ခင်မှာ UNFC ရဲ့ အလုပ်အဖွဲ့ဖြစ်တဲ့ DPN နဲ့ တွေ့ဆုံဖို့လည်း ညှိနှိုင်းနေပါတယ်။၂၁ ရာစုပင်လုံညီလာခံမှာ သူတို့ ပါဝင်လာနိုင်ဖို့ အတွက် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရယ်၊ NRPC တို့ အကောင်းဆုံး ကြိုးစားဆောင်ရွက်နေကြပါတယ်။အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားသွားမှာပါ”ဟု ငြိမ်းချမ်းရေးကော်မ ရှင် အကြံပေး ဦးလှမောင်ရွှေ ကပြောသည်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်နှင့် မကြာမီ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် UNFC ခေါင်းဆောင်များ ဆုံးဖြတ်ချက်ချထားကြောင်း သိရသည်။

    UNFC တွင် KIA၊ SSPP/SSA၊ KNPP၊ NMSP၊ WNO၊ ANC၊ LDU တို့ပါဝင်ကြပြီး NCA လက်မှတ်ရေးထိုးနိုင်ရန် အစိုးရကိုယ်စားလှယ်များဖြင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်လာနိုင်ရေးအတွက် လည်း ဆွေးနွေးအဖြေရှာနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks