spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းတွင် မွန်ပြည်သစ်ပါတီနှင့် KNU နှုတ်ကတိ ၂ ချက်သဘောတူ

    တနင်္သာရီတိုင်းတွင် မွန်ပြည်သစ်ပါတီနှင့် KNU နှုတ်ကတိ ၂ ချက်သဘောတူ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွါးခဲ့သည့်ကိစ္စနှင့်စပ်လျဉ်း၍ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဇန်နဝါရီလ ၂၅ ရက်နေ့က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းကြရာ နှုတ်အားဖြင့် သဘောတူညီမှု ၂ ချက်ရရှိခဲ့ ကြောင်း သိရသည်။

    တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ပေးမှုဖြင့် ပြလုပ်ခဲ့သည့် မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး၏ ခရိုင်အဆင့်တာဝန်ရှိသူတို့ ဆွေးနွေးညှိနှိုင်းမှုတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ ထပ်မံမဖြစ် ပွါးရေးအတွက် လက်အောက်ခံတပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာနှစ်ဖက်တာဝန်ရှိသူတို့မှ ကြပ်မတ်ကွပ်ကဲရန်၊ ဒေ သခံပြည်သူများအတွက် တည်ငြိမ်းအေးချမ်းစွာ သွားလာနိုင်ရေးနှင့် ခြံလုပ်ငန်းများ လွတ်လပ်စွာ လုပ် ကိုင်ခွင့်ပြုရေးတို့ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဌ နိုင်အေက ကဆိုသည်။

    တနင်္သာရီတိုင်းဒေသကြီးအစိုး၊ KNU, NMSP (NMSP)

    တနင်္သာရီတိုင်းဒေသကြီးအစိုး၊ KNU, NMSP (NMSP)
    နိုင်အေက က “ဒီသဘောတူညီချက် ၂ ခုကို ကျွန်တော်တို့တစ်ဖက်နှင့်တစ်ဖက် နှုတ်ကတိနဲ့ပဲ ပေးကြတဲ့ သဘောပါ၊ စာချုပ်စာတမ်းနဲ့ ထိုးခဲ့တာမရှိဘူး၊ တိုင်းဒေသကြီးအစိုးရဖက်ကလည်း ဒီအချက် ၂ ချက်ကိုပဲ သူတို့ အဓိကထားပြီးတော့ တိုက်တွန်းဆွေးနွေးခဲ့တယ်” ဟု ပြောသည်။

    မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်အနေဖြင့် အဆိုပါ သဘောတူညီချက် ၂ ခုအား သဘောတူလက်ခံပြီး ထိန်း သိမ်းကြပ်မပ်သွားမည်ဖြစ်သည့်အပြင် တစ်ဖက်အဖွဲ့အစည်း၏ လှုပ်ရှားမှုအခြေအနေအပေါ် မူတည်ကာ စောင့် ကြည့်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    “ဒီဆွေးနွေးပွဲမှာ နယ်မြေကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးကြမယ်ဆိုရင် မပြီးပြတ်နိုင်ဘူး၊ ဒါက အချိန်ယူပြီးမှ ဆွေးနွေးညှိနှိုင်းသွားကြရမှာပါ” ဟု ထားဝယ်ခရိုင်ဥက္ကဌ နိုင်အေက ကထပ်မံပြောကြားခဲ့သည်။

    တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲနှင့် ပတ်သက်ပြီး သတင်းအတည်ပြုချက် ရရှိနိုင်ရန် မြိတ်-ထားဝယ် ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံဖြစ်သူအား မွန်သတင်းအေဂျင်စီမှ ဖုန်းဖြင့် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု ရရှိခြင်းမရှိခဲ့ပေ။

    တွေ့ဆုံဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီး နယ်စပ်ရေး ရာနှင့် လုံးခြုံရေးဝန်ကြီး ဗိုလ်မှုးကြီး ဇော်လွင်အပါအဝင် အစိုးရအဖွဲ့ဝန်ကြီးများ၊ ကရင်အမျိုးသား အစည်းအရုံး ဖက်တွင် မြိတ်-ထားဝယ်ခရိုင်ဥက္ကဌ ဦးစောသာပိတုတ်၊ ခရိုင်အလုပ်မှုဆောင် စောပိလယ်၊ တပ်မဟာ (၄) အမှတ် (၁၀) တပ်ရင်းမှုး စောတူးနာနှင့် မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင်အပါအဝင် စုစုပေါင်း (၇) ဦးနှင့် မွန်ပြည်သစ်ပါတီဖက်တွင် ထားဝယ်ခရိုင်ဥက္ကဌ နိုင်အေက၊ ထားဝယ်ခရိုင်တပ်ရင်းမှူး ဒုဗိုလ်မှုးကြီး နိုင်သောင်းဟန်၊ ရာဖူးဆက်ဆံရေးရုံးတာဝန်ခံ နိုင်ရွှေဗျိုင်းအပါအဝင် စုစုပေါင်း (၆) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

    တနင်္သာရီတိုင်းဒေသကြီးအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ထိတွေ့ပစ်ခတ်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က မွန်ပြည်သစ်ပါတီ NMSPနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အား တွေ့ဆုံညှိနှိုင်းဆွေးနွေးရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

    ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ KNU တပ်မဟာ ၄ တပ်ဖွဲ့ဝင်များ ရေဖြူမြို့နယ်ရှိ မွန်ပြည်သစ်တပ်ဖွဲ့အခြေစိုက်စခန်းသို့ဝင်ရောက်လာသဖြင့် ၅ ကြိမ်ထက်မနည်း ထိတွေ့ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ နောက်ဆုံးအကြိမ်တွင် မွန်ပြည်သစ်ပါတီသဲချောင်းစခန်းသို့ KNU တပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်သဖြင့် စခန်းအဆောက်အဦ လုံးဝပျက်စီးသွားကြောင်း၊ ထိုနောက် မွန်ပြည်သစ်ပါတီထားဝယ်ခရိုင်က ပဋိပက္ခများမကျယ်ပြန့်ရေးအတွက် ဇန်နဝါရီ ၂၂ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် အစိုးရနှင့် ၁၉၉၅ ခုနှစ်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုအရ၄င်း၊၂၀၁၂ ခုနှစ်ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးခဲ့ရာတွင်၄င်း တပ်မတော်က မွန်ပြည်သစ်တပ်ဖွဲ့များအတွက် တပ်စခန်းတည်နေရာ ၁၈ ခုသတ်မှတ်ပေးခဲ့ရာတွင် ရေဖြူမြို့နယ်၊ ကင်းချောင်းဖျားဒေသ (မြေပုံအညွှန်းခန်းမှန်း J-180545) ပါဝင်နေပြီး အဆိုပါ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့နေရာများဖြစ်သည်ဟု မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်မှ သိရသည်။

    သို့ရာတွင် KNU အနေဖြင့် ပြည်နယ်/ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးအပြင် တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း အစိုးရနှင့် တပ်မတော်မှ KNU တပ်စခန်းတည်နေရာများ တရားဝင်သတ်မှတ်ပေးခြင်းမရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts