Homeသတင်းမော်လမြိုင်တွင်ဖမ်းမိသည့် ထိုင်နိုင်ငံသား တရာခံပြေးကို ထောင်ဒဏ် ၂ နှစ်ချမှတ်

မော်လမြိုင်တွင်ဖမ်းမိသည့် ထိုင်နိုင်ငံသား တရာခံပြေးကို ထောင်ဒဏ် ၂ နှစ်ချမှတ်

-

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဒီဇင်ဘာလအတွင်းက ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား တရာခံပြေး ဒေါက်တာဆိုဖာ့ဆိုသူကို မော်လမြိုင်မြို့နယ် တရားရုံးက ဇန်နဝါရီလ ၂၀ ရက်နေ့ ၉ ကြိမ်မြောက်ရုံးချိန်းတွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်သည်ဟု မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းမှူးက ပြောသည်။

“သူ့ဆီမှာ ပတ်စပို့၊ ဗီဇာမရှိဘဲနဲ့ မြန်မာနိုင်ငံမှာ လာနေတဲ့ စစ်ဆေးတွေ့ရှိချက်အရ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်။၊ ဒီထောင်ဒဏ် ၂ နှစ်က မြန်မာနိုင်ငံမှာပဲ ကျခံရမယ်၊ အခု သူ့ကို မော်လမြိုင်ထောင်မှာ ထိန်းသိမ်းထားတယ်၊ နောက်ပိုင်, ဘာဆက်လုပ်မလဲဆိုတာ ကျနော်တို့အပိုင်းမဟုတ်တော့ မပြောတတ်ဘူး” ဟု မုပွန်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းဦးက ပြောသည်။

ထိုင်းနိုင်ငံမှတရားခံပြေး ဒေါက်တာ ဆိုဖာ့ (ခ) နိုင်အောင်မင်း(Facebook)
အဆိုပါ ထိုင်နိုင်ငံသား တရားခံပြေးကို အထောက်အထားမရှိ နေထိုင်ခြင်းဖြင့်၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့က ဖမ်းဆီးရမိထားပြီး လဝကမှ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လက်တလောပြဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသား တရားခံပြေး ဒေါက်တာ ဆိုဖာ့(ခေါ်) နိုင်အောင်မင်း ဆိုသူသည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံသား ခြံအလုပ်သမား ၅ ဦးကို လုပ်အားခမပေးဘဲ တုတ်ဖြင့်ရိုက်၊ ဓါးဖြင့်ခုတ်ထစ် သတ်ဖြတ် မီးရှိ့ခဲ့သည့်အမှုဖြင့် ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင် ဖက်ဘူရီရဲစခန်းတွင် (ပ) ၄၃၇၇/၂၅၅၆ ဖြင့် ဖမ်းဆီးထားရှိပြီး အာမခံဖြင့် ခံဝန်ပေးထားရှိရာမှ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးဖြစ်သည်ဟု သိရသည်။

ထိုနောက် ၂၀၁၅ ခုနှစ်တွင် ဒေါက်တာ ဆိုဖာ့ကို ထိုင်းတရားရုံးမှ တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ထားသည့်တရားခံပြေးဖြစ်ကြောင်းလည်း သတင်းမှတ်တမ်းများတွင် ဖော်ပြပါရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts