spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်လည်းကရင်ကဲ့သို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်သင့်ကြောင်း မွန်တိုင်းရင်းသားဝန်ကြီးဆို

    မွန်လည်းကရင်ကဲ့သို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်သင့်ကြောင်း မွန်တိုင်းရင်းသားဝန်ကြီးဆို

    -

    မွန်လူမျိုးသည်လည်း ကရင်လူမျိုးကဲ့သို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သင့်ကြောင်း ကရင်ပြည်နယ် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီဝင် မွန်တိုင်းရင်းရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “တို့မွန်လူမျိုးတွေ အခုလိုဆွေးနွေးပွဲမျိုး လုပ်ဖြစ်သွားရင် တို့မွန်လူမျိုးအတွက် ပိုကောင်းတာပေါ့၊ အဲ့လိုမဟုတ် ပဲနဲ့ တို့ဘာသာ ဘေးမှာနေပြီး သူများတွေကိုပဲ ထိုင်ကြည့်တော့မှာလား၊ အခုကရင်လုပ်ပြီးရင် အခြားတိုင်းရင်းသား တွေထပ်လုပ်မှာပဲ သူတို့လူမျိုးတိုးတက်အောင် ကြိုးစားနေချိန် တို့လူမျိုးလည်း လုပ်နိုင်ရင် ပိုသင့်တော်မှာပါ” ဟု မွန်တိုင်းရင်းသားဝန်ကြီး ဦးမင်းတင်ဝင်းက ပြောသည်။

    လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ကရင်)-(MNA)

    ထို့အပြင် မွန်ပြည်သစ်ပါတီကိုလည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဵရေးသဘောတူစာချုပ် (NCA) ရေးထိုးစေလိုကြောင်း၊ ကိုယ့်ဒေသငြိမ်းချမ်းမှ တိုးတက်မှုလုပ်ဆောင်နိုင်သည့်အတွက် လက်နက်ကိုင်တိုက်ရမည့်အစား အေးချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းသင့်ကြောင်း ဦးမင်းတင်ဝင်းက တိုက်တွန်းပြောဆိုထားသည်။

    လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ကရင်)သို့ မွန်တိုင်းရင်းသားကိုယ်စားလှယ် (၅) ဦး၊ ပအိုဝ်းတိုင်းရင်းသားကိုယ်စားလှယ် (၅) ဦး၊ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် (၅) ဦး လေ့လာသူအဖြစ် ပါဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

    “အခုကရင်လူမျိုးတွေ လုပ်ဆောင်သွားတာ သူတို့လူမျိုးအတွက် အရမ်းကောင်းပါတယ်၊ သူတို့လူမျိုးအားလုံး အသံပါ သလို သူတို့ခေါင်းဆောင်တွေအားလုံး ပူးပေါင်းဆောင်ရွက်နိုင်တယ်၊ တို့မွန်လူမျိုးမှာလည်း အခုလို ဆွေးနွေးပွဲမျိုး လုပ်နိုင်ရင် အရမ်းကောင်းမှာပဲ” ဟု လူမျိုးအလိုက်အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲ တတ်ရောက်လေ့လာသူ မွန်တိုင်းရင်းသားကိုယ်စားလှယ် ကရင်ပြည်နယ် ကော့ဘိန်းကျေးရွာမှ နိုင်ကျဲထော်က ပြောသည်။

    ကရင်ပြည်နယ် မွန်တိုင်းရင်းရေးရာဝန်ကြီး ဦးမင်းတင်ဝင်း(MNA)

    အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လယ်ယာမြေနှင့်သဘာဝသယံဇာတကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ ကဏ္ဍ (၄) ခုအတွက် အုပ်စုခွဲဆွေးနွေးချက်များအပြင် ဒေသအလိုက်၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့်ဆွေးနွေးပွဲများမှ ထွက်ရှိလာသောရလဒ်များနှင့် မှတ်တမ်းများကို အစည်းအဝေးမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC မှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံသို့ ဆက်လက်တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။

    အလားတူ ပအိုဝ်းတိုင်းရင်းသားများသည်လည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန် ဇန်နဝါရီ (၂၁) ရက်နေ့တွင် မွန်ပြည်နယ်မှစ၍ ပအိုဝ်းတိုင်းရင်းသားများနေထိုင်ကြသော ဒေသ (၁၆) ခု၌ ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း ပအိုဝ်းတိုင်းရင်းသားကိုယ်စားလှယ်မှ ခွန်မင်းအောင် က ပြောသည်။

    ဇန်နဝါရီ (၁၈) ရက်နေ့မှ ၃ ရက်ကြာကျင်းပသော လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်) ပထမအကြိမ်တွင် နိုင်ငံတော်အကြီးအကဲ အစိုးရကိုယ်စားလှယ်များ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်နိုင်ငံရေးပါတီ (၅) ခု၊ ကရင်လက်နက်ကိုင်ပါတီ (၃) ဖွဲ့၊ မြန်မာနိုင်ငံအတွင်း ဒေသ (၉) ခုမှ ကိုယ်စားလှယ်များ၊ ကရင်လူမှုအဖွဲ့အစည်းများမှ လူငယ်၊ အမျိုးသမီး၊ တတ်သိပညာရှင်များ၊ အခြားတိုင်းရင်းသားများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ CSO Forum မှ လေ့လာသူများ စုစုပေါင်း ၆၀ဝ ဦးကျော် တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks