spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကရင်လူမျိုးကဲ့သို့ လူမျိုးအလိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ရန်လိုအပ်ကြောင်း KNU ဥက္ကဋ္ဌပြော

    ကရင်လူမျိုးကဲ့သို့ လူမျိုးအလိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ရန်လိုအပ်ကြောင်း KNU ဥက္ကဋ္ဌပြော

    -

    လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အခြားတိုင်းရင်းသားများလည်း ကရင်လူမျိုးကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပရန်လိုအပ်ကြောင်း ကရင်ပြည်နယ်၌ကျင်းပလျက်ရှိသော လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်) တွင် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ပြောကြားလိုက်သည်။

    “ယခု ကရင်လူမျိုးကို အခြေခံသော အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကဲ့သို့ ကျန်တိုင်းရင်းသားများလည်း ကိုယ့်လူမျိုးကိုအခြေခံသော အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် လိုအပ်ပါတယ်၊ အဲ့လို လုပ်ခြင်းဖြစ် ကိုယ့်လူမျိုးရဲ့ အမြင်သဘောထားများကို ရရှိမည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်မှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့အတူတကွပိုင်ဆိုင်တဲ့နိုင်ငံကို ပြန်လည်တည်ဆောက်ရန် ဖက်ဒရယ်ပြည်ထောင်စုကို ရှေးရှုဖို့ လိုပါတယ်” ဟု ဗိုလ်ချုပ်ကြီး ဖူးမူတူးဆေးဖိုးက ပြောသည်။

    လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်)-(MNA)

    အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် လေးနက်မှုရှိသည့် လုပ်ငန်းများကို အတူတကွ ချမှတ်အကောင်ထည်ဖော် ကြရမည်ဖြစ်ပါကြောင်း၊ ယခုလိုချမှတ်အကောင်ထည်ဖော်ရာတွင် NCA ၏ ခိုင်မာမှုအပေါ် မှာ မူတည်ပါကြောင်း၊ အားလုံးပိုင်ဆိုင်ကြသည့် ငြိမ်းချမ်းရေးလုပ်ငန်းများအဖြစ် ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လက်ရှိတိုင်းရင်းသားဒေသအချို့မှာ ဖြစ်ပွားနေသေးသည့် လက်နက်ကိုင်ပဋ္ဋိပက္ခတွေကို ရပ်တန့်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တို့မှ နိုင်ငံရေးအရ ဖြေရှင်းသွားရန် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ဆက်လက်တိုက်တွန်းသည်။

    ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိဘားအံဟိုတယ်၌ ဇန်နဝါရီ ၁၈ ရက်နေ့မှစတင်ပြီး ၃ ရက်ကြာပြုလုပ်သည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်) တွင် ကရင်နိုင်ငံရေးပါတီ (၅) ခု၊ ကရင်လက်နက်ကိုင်ပါတီ (၃) ခု၊ မြန်မာနိုင်ငံအတွင်း ဒေသ (၉) ခုမှ ကရင်ကိုယ်စားလှယ် ခေါင်းဆောင်များ၊ လေ့လာသူအခြားတိုင်းရင်းသားများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ CSO Forum မှ လေ့လာသူများ စုစုပေါင်း ၅၁၈ ဦးရှိကြောင်း သိရသည်။

    ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး(MNA)

    “ဗိုလ်ချုပ်(အောင်ဆန်း)ပြောခဲ့တဲ့ လွတ်လပ်ရေးကိုလိုချင်လျှင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းရှိကြပါ၊ လူမျိုးရေးထိန်းသိမ်းထားပါ၊ ထူထောင်မှုပြုလုပ်ပါတဲ့၊ ဒီစကားတို့နဲ့ အခုကျွန်မတို့ဆောင်ရွက်နေကြတာနဲ့ ကိုက်ညီမှုရှိပါတယ်၊ ကျွန်မတို့ဒီနေ့ ငြိမ်းချမ်းရေးရဖို့ ထူထောင်မှုလုပ်နေပါပြီး၊ ကျန်တဲ့ စည်းကမ်းချက်တွေ လူမျိုးထိန်းသိမ်းရေးတို့ကို အဓိကထားဆောင်ရွက်သွားမယ်လို့ အပြည့်အဝယုံကြည်ပါတယ်” ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောသည်။

    “ငြိမ်းချမ်းရေးကို အကောင်ထည်ဖော်သည့်အခါမှာ ကြီးလေးပြီး သိမ်မွှေ့လွန်းသောတာဝန်ဖြစ်သောကြောင့် အခွင့်အရေးထက် စည်းကမ်းကို အလေးထားပြီး တာဝန်အသီးသီးနှင့် တာဝန်ယူဖော်ဆောင်ရတာ တကယ်ကိုဝမ်းမြောက်မိပါကြောင်း၊ နောင်လာနောက်သားများအတွက် ဂုဏ်ယူစွာနှင့် ကြိုးစားကြရန်” ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

    ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်(MNA)

    အလားတူ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီးတွင် လည်းကောင်း၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို (CSO Forum) ကို နေပြည်တော်ကောင်စီနယ်မြေတွင်လည်းကောင်း ကျင်းပရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး အဆိုပါအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးမှုရလာဘ်များကို (၂၁) ရာစုပင်လုံညီလာခံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ ဆက်လက်တင်သွင်းသွားမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks