spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းတိုင်ကြားခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကိစ္စ တစ်ပတ်အတွင်းထုတ်ပြန်ရန်ရှိ

    တိုင်ကြားခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကိစ္စ တစ်ပတ်အတွင်းထုတ်ပြန်ရန်ရှိ

    -

    တိုင်ကြားခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကိစ္စနှင့် ပတ်သက်ပြီး တွေ့ရှိချက်အပေါ် အဖြေကို တစ်ပတ်အတွင်း ထုတ်ပြန်သွားရန်ရှိသည်ဟု NLD လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဒုဥက္ကဌတို့သည် တိုင်ကြားခံထားရပြီး တိုင်ကြားချက်အပေါ် အဖွဲ့ဝင် ၃ ဦးပါသည့် လေ့လာသုံးသပ်ရေးအဖွဲ့က စစ်ဆေးထားပြီး တွေ့ရှိချက်အပေါ် အဖြေကို တစ်ပတ် (သို့) ၁၀ ရက်အတွင်း ထုတ်ပြန်သွားမည်ဖြစ်သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး(Internet)
    “နောက်ဆုံးအခြေအနေက အသီးသီးတွေ့ရှိချက်တွေကို အမိန့်ချမယ် အမိန့်ဘာထွက်လာမလဲဆိုတာကတော့ အန်ကယ်မသိဘူး၊ အဖြေကို တစ်ပတ်လောက်ပါ တစ်ပတ် ၁၀ ရက်လောက် ထုတ်ပြန်နိုင်မယ်” ဟု လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောသည်။

    တိုင်ကြားခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဒုဥက္ကဌကိစ္စကို လေ့လာစုံစမ်းရန်အတွက် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့ ပါဝင်သည့် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကာ အဖွဲ့အနေဖြင့် တိုင်ကြားခံရသူတို့နှင့် တိုင်ကြားထားသူတို့ကို တွေ့ဆုံစစ်ဆေးခဲ့သည်။

    လေ့လာသုံးသပ်ရေးအဖွဲ့အနေဖြင့် တိုင်ကြားခံရမှုအပေါ် စစ်ဆေးတွေ့ရှိချက်များကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ အစီရင်ခံစာ တင်ပြထားပြီးဖြစ်သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်သည် ဝန်ကြီးချုပ် တာဝန်ယူခဲ့သည့် ၈ လတာကာလအတွင်း လွှတ်တော်အစည်းအဝေးတက်ရန် ပျက်ကွက်ခြင်းကိစ္စ၊ ပြည်နယ်စီမံကိန်းကော်မတီဖွဲ့စည်းရာတွင် စီးပွားရေးလုပ်ငန်းရှင် ထည့်သွင်းထားသည့်ကိစ္စ စီးပွားရေးလုပ်ငန်းရှင်တွေနှင့် မကြာခဏတွေ့ဆုံနေသည့်ကိစ္စတွေနှင့် ပတ်သက်ပြီး ပြည်သူလူထုတွေကြားမှာ ဝေဖန်ခံနေရသည့်အပြင် လူမှုရေးကိစ္စနှင့် ပတ်သက်ပြီး သတင်းထွက်ပေါ်နေမှုအပေါ်မှာလည်း ဝေဖန်ခံနေရသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လက်ရှိတာဝန်ယူထားသည့် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်တာဝန်အပြင် ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူထားသူတစ်ဦးလည်းဖြစ်သည်။

    အကယ်၍ ဝန်ကြီးချုပ်နေရာအား ပါတီတာဝန်ရှိသူများ နုတ်ထွက်ခိုင်းပါက ချက်ချင်းနုတ်ထွက်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက NLD ပါတီ၏ နိုဝင်ဘာ ၁၂ ရက်နေ့တွင်ကျင်းပခဲ့သော ပထမ-ဗဟိုကော်မတီ ဆဋ္ဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး မီဒီယာများအား ဖွင့်ဟပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks