spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် မွန်ပြည်နယ် JMC-S ရှင်းလင်းပွဲပြုလုပ်

    ရေးမြို့နယ်တွင် မွန်ပြည်နယ် JMC-S ရှင်းလင်းပွဲပြုလုပ်

    -

    NCA လက်မှတ်ထိုးထားသည့်အဖွဲ့နှင့် တပ်မတော်တို့ကြား နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S က ရေးမြို့နယ်ဒေသခံများအား နှင်းစုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါတွေဆုံပွဲတွင် မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဒုတိယဥက္ကဌ (၁) ဗိုလ်မှူးကြီးစောပလေ့၊ အဖွဲ့ဝင်ဖြစ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦး၊ မွန်ပြည်နယ်ရဲမှူးကြီးဘိုဘိုဦးနှင့် ရေးမြို့နယ်ဒေသခံ ၄၀ဝ ကျော်က တက် ရောက်ခဲ့သည်။

    ရေးမြို့နယ် JMC-S ရှင်းလင်းပွဲ(Aung Naing Win)
    ရေးမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီကိုယ်စား တက်ရောက်ခဲ့သူ ဦးအောင်သန်းလွင်က “အဓိက နှစ်ဖက်လိုက်နာရမယ့်စည်းကမ်းတွေကို တက်ရောက်လာခဲ့တဲ့ ဒေသခံတွေကို ရှင်းပြတာပါ။ ကျနော်တို့ပြည်သူ တွေက အခုလိုပဲ အေးအေးချမ်းချမ်းနေချင်တယ်။ အရင်တုန်းကလို မငြိမ်းချမ်းခဲ့တဲ့အချိန်မျိုး မလိုချင်တော့ဘူး။ အဲဒီငြိမ်းချမ်းရေး ရေရှည်ဖြစ်ဖို့ကိုတော့ နှစ်ဖက်တာဝန်ရှိသူတွေက တာဝန်ယူပေးရမယ်လို့ တောင်းဆိုခဲ့ပါ တယ်” ဟု ဆိုသည်။

    ရေးမြို့နယ်တွင် မြေယာပြဿနာနှင့်ပတ်သက်ပြီး တာဝန်ရှိသူများ ပါဝင်ဖြေရှင်းပေးရန် ဒေသခံများ တောင်းဆိုမှုရှိခဲ့သည်ဟု ဦးအောင်သန်းလွင်က ဆက်ပြောသည်။

    “KNU တပ်ဖွဲ့က NCA လက်မှတ်ရေးထိုးထားတဲ့အတွက် KNU တပ်ဖွဲ့နဲ့ စစ်တပ်ဖြစ်တဲ့ကိစ္စကိုပဲ မွန်ပြည်နယ် အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီက ဖြေရှင်းပေးရမယ်။ ဒီနေ့ကလည်း နှစ်ဖက်တပ်ဖွဲ့တွေလိုက်နာရမယ့်စည်းကမ်းတွေကိုပဲ ပြည်သူတွေကိုချပြသွားတာပါ” ဟု ဒေသခံတဦးက ဆိုသည်။

    အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြားချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်၏ အခြေခံမှုများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ ပစ်ခတ်တိုက်ခိုက်ရေး ဆိုင်ရာကိစ္စရပ်များ၊ လက်နက်ကိုင်အဖွဲ့များနေရာချထားခြင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ကိုရှင်းပြခဲ့သည်ဟု သိရသည်။

    မွန်ပြည်နယ်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်မြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ဥက္ကဌတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးဝင်း၊ ဒုတိယဥက္ကဌ (၁) ဗိုလ်မှူးကြီး စောပလေ့၊ ဒုတိယဥက္ကဌ (၂) ဒေါက်တာ မင်းနွယ်စိုးတို့အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြဒ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks