spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့တွင် မြန်မာ့တပ်မတော်နှင့် တရားသောစစ်ပွဲများထောက်ခံကြိုဆိုပွဲကျင်းပမည်

    မော်လမြိုင်မြို့တွင် မြန်မာ့တပ်မတော်နှင့် တရားသောစစ်ပွဲများထောက်ခံကြိုဆိုပွဲကျင်းပမည်

    -

    မွန်ပြည်နယ် အမျိုးသားရေးနှင့် ပရဟိတအင်အားစုများကွန်ရက်ဦးဆောင်၍ အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချခြင်းနှင့် မြန်မာ့တပ်မတော်၏ တရားသောစစ်ပွဲများကို ထောက်ခံကြိုဆိုပွဲကို ဇန်နဝါရီလ (၈) ရက်နေ့၌ မော်လမြိုင်မြို့တွင် ကျင်းပမည်ဟု ထောက်ခံကြိုဆိုပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ထံမှ သိရသည်။

    “ကျွန်တော်တို့က စစ်တပ်ကို ထောက်ခံတာမဟုတ်ပါဘူး၊ တရားသောစစ်ကိုသာလျှင် အလိုရိှတာပါ၊ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်မျိုးမဆို တရားသောနည်းလမ်းနဲ့ တရားသောစစ်ကို ကြိုဆိုထောက်ခံခြင်းဖြစ်ပါတယ်၊ ဒါကြောင့်မို့ တပ်မတော်က တရားသောစစ် ဆင်နွှဲနေတဲ့အပေါ်မှာ ကျွန်တော်တို့ပြည်သူတွေက ကြိုဆိုတယ် ထောက်ခံစေပါတယ်” ဟု မွန်ပြည်နယ်အမျိုးသားရေးနှင့် ပရဟိတအင်အားစုများကွန်ရက် သတင်းပြန်ကြားရေးတာဝန်ခံ ဦးဟိန်းသုခ ကပြောသည်။

    မွန်လူငယ်ဖိုရမ် MYF ကန့်ကွက်စာ(Copy)
    ဇန်နဝါရီ (၈) ရက် နေ့လည် (၁၂း၀၀) နာရီတွင် အထက (၂) လှုိင်အားကစားကွင်းတွင် နိုင်ငံတော်သီချင်း၊ တပ်မတော်ဂုဏ်ပြုတေးများသီဆိုခြင်း၊ ကြွှရောက်လာသောသံဃာတော်များမှ ပြည်သူအားလုံး အန္တရာယ်ကင်းရှင်းရန် ပရိတ်တရားတော်ရွတ်ဆိုခြင်း၊ သံလွင်ဥယျာဉ်ဗိုလ်ချုပ်ကြေးရုပ်ထုသို့ ချီတက်ကာ  နိုင်ငံတော်သီချင်းသီဆိုပြီး အခန်းနားရုတ်တ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

    ထိုထောက်ခံပွဲကျင်းပနိုင်ရန် ဇန်နဝါရီ (၆) ရက်နေ့၌ အထက(၂) ကျောင်းအုပ်ဆရာမနှင့် မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံတို့မှ ငြိမ်းချမ်းစွာဆွေးနွေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ရရိှခဲ့ပြီး မွန်ပြည်နယ် ဆယ်မြို့နယ်မှ ထောက်ခံသူတစ်သောင်းခန့်အတွက် တပ်မတော်ကိုယ်စားပြုအလံ (၅၀၀၀) နှင့် နိုင်ငံတော်အလံ (၅၀၀၀) ကို ပြင်ဆင်ထားပြီဖြစ်ကြောင်း ဦးဟိန်းသုခက ပြောသည်။

    “မနက်ဖြန်ကျွန်တော်တို့လုပ်မယ့်ပွဲမှာ တကယ်လို့မွန်လူမျိုးဆိုရင် ကိုယ့်လူမျိုးဝတ်စုံကို ဝတ်ဆင်ပြီး တက်ရောက်နိုင်ပါတယ်၊ မွန်မဟုတ်ဘဲ မွွန်ဝတ်စုံ ဝတ်ဆင်တာကို ကျွန်တော်တို့လည်း လက်မခံပါဘူး၊ ကျွန်တော်တို့ထုတ်ထားတဲ့ကြေငြာချက် (၇) ချက်ထဲမှာလည်း တက်ရောက်သူတိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားဖြစ်ပါက မိမိတို့ဝတ်စုံကို လွတ်လပ်စွာ ဝတ်ဆင်နိုင်ခြင်းဆိုတဲ့အချက်ပါတယ်” ဟု ဦးဟိန်းသုခ က ဆိုသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ (၁၈) ရက်နေ့၌ ရန်ကုန်မြို့တွင် ကျင်းပခဲ့သော အလားတူထောက်ခံကြိုဆိုပွဲတွင် မွန်တိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်ပြီး ပါဝင်လှုပ်ရှားခဲ့မှုအပေါ် မွန်လူငယ်ဖိုရမ် (MYF)၊ မွန်အမျိုးသား အခြေပြုအဖွဲ့အစည်းများမှ ကန့်ကွက်သည့် သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။

    “အခုသူတို့လုပ်တာက ပြည်သူတွေရဲ့အမြင်ကို ပိတ်လိုက်သလိုဖြစ်သွားတယ်၊ ဘာလို့ဆိုတော့ မြန်မာ့တပ်မတော်ကို ထောက်ခံတာ မြန်မာ့တပ်မတော်က အားလုံးမှန်နေတာပဲလို့ ခံယူစေတာ အမြင်ပိတ်လိုက်တာပဲ၊ ဒါမျိုး မလုပ်သင့်ဘူး၊ ကျွန်တော်တို့အဖွဲ့အနေနဲ့ကလည်း သူတို့လှုပ်ရှားတဲ့အခြေ အနေပေါ်မှာပဲ ပြဿနာမဖြစ်အောင် ဘာဆက်လုပ်မလဲဆိုတာကို တိုင်ပင်လုုပ်သွားမယ်” ဟု မွန်ပြည်နယ် လူမှုအဖွဲ့အစည်းကွန်ရက် Mon State CSO Network မှ မင်းအောင်ထူးက ပြောသည်။

    အလားတူ မြန်မာ့တပ်မတော်၏ တရားသောစစ်ပွဲများကုုိ ထောက်ခံကြိုဆိုပွဲများကို ၂၀၁၆ ဒီဇင်ဘာ (၁၈) ရက်မှစပြီး ရန်ကုန်၊ ရွှေဘို၊ မိတ္ထီလာ၊တို့တွင် ကျင်းပခဲ့ပြီး မော်လမြိုင်၊ ပဲခူး၊ မန္တလေးမြို့များတွင် ဆက်လက်ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။

    မြန်မာ့တပ်မတော်နှင့် တရားသောစစ် အောင်မြင်စေကြောင်း ထောက်ခံပွဲ ဆန္ဒထုတ်ဖော်ခြင်းသည်တိုင်းရင်းသားအချင်းအချင်း သွေးခွဲသကဲ့သို့ဖြစ်နေပြီး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေကြောင်း ပြီးခဲ့သည့်နှစ်ဆန်းရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်များ “ငြိမ်းချမ်းရေးစကားဝိုင်း” တွင် လူငယ်တစ်ဦးက ထောက်ပြခဲ့ပြောဆိုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks