spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမော်လမြိုင်တွင်ဖမ်းမိသည့် ထိုင်းတရာခံပြေးကို လဝကဥပဒေဖြင့်အမှုဖွင့်အရေးယူ

    မော်လမြိုင်တွင်ဖမ်းမိသည့် ထိုင်းတရာခံပြေးကို လဝကဥပဒေဖြင့်အမှုဖွင့်အရေးယူ

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိထားသည့် ထိုင်းနိုင်ငံသား တရားခံပြေးတစ်ဦးကို အထောက်အထားမရှိ နေထိုင်ခြင်းဖြင့် မြို့နယ်လဝကမှ မုပွန်ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

    အဆိုပါ ထိုင်းနိုင်ငံမှတရားခံပြေး ဒေါက်တာ ဆိုဖာ့ (ခ) နိုင်အောင်မင်း ဆိုသူသည် ယာဉ်အမှတ် KYN-4M/8905 တိုယိုတာဆလွန်း အဖြူရောင် မော်တော်ယာဉ်ဖြင့် မော်လမြိုင်မြို့သို ့၎င်း၏ ဇနီးဖြစ်သူနှင့်အတူ ရောက်ရှိ တည်းခိုနေစဉ် သတင်းအရ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

    ထိုင်းနိုင်ငံမှတရားခံပြေး ဒေါက်တာ ဆိုဖာ့ (ခ) နိုင်အောင်မင်း(Facebook)
    ထိုင်းနိုင်ငံမှတရားခံပြေး ဒေါက်တာ ဆိုဖာ့ (ခ) နိုင်အောင်မင်း(Facebook)
    “မြို့နယ် လဝက ရုံးက မုပွန်ရဲစခန်းမှာ တရားလိုလုပ်ပြီး ဒေါက်တာဆိုဖာ့ကို အမှုဖွင့် အရေးယူထားတယ်၊ မနေ့က ရုံးထုတ်စစ်ဆေးတယ်” ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ပြည်နယ်ညွန်ကြားရေးမှူး ဦးရှိန်ဝင်းက ပြောသည်။

    လဝကအနေဖြင့် ထိုင်းနိုင်ငံသား ဒေါက်တာဆိုဖာ့ကို ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ( လက်တလောပြဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် အမှုဖွင့် ထားခြင်းဖြစ်သည်။

    ဒေါက်တာဆိုဖာ့ကို မုပွန်နယ်မြေရဲစခန်းတွင် ယာယီထိန်းသိမ်း ချုပ်နှောင်ထားကြောင်း၊ လဝက ဥပဒေဖြင့် အမှုဖွင့်ထားပြီး ထိုင်းနိုင်ငံသို့ ဥပဒေနှင့်အညီ လွှဲပြောင်းအပ်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေသည်ဟု မုပွန်နယ်မြေရဲစခန်းမှ တာဝန်ရှိတစ်ဦးက ပြောသည်။

    ၂၀၁၅ ခုနှစ်တွင် ဒေါက်တာ ဆိုဖာ့ကို ထိုင်းတရားရုံးမှ တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ထားသည့်တရားခံပြေးဖြစ်ကြောင်းလည်း ရဲမှတ်တမ်းတွင် ပါရှိသည်။

    ထိုင်းနိုင်ငံသား တရားခံပြေး ဒေါက်တာ ဆိုဖာ့ဆိုသူသည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံသား ခြံအလုပ်သမား ၅ ဦးကို လုပ်အားခမပေးဘဲ တုတ်ဖြင့်ရိုက်၊ ဓါးဖြင့်ခုတ်၍ သတ်ဖြတ် မီးရှို့ခဲ့သည့်အမှုဖြင့် ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင် ဖက်ဘူရီရဲစခန်းတွင် (ပ) ၄၃၇၇/၂၅၅၆ ဖြင့် ဖမ်းဆီးထားရှိပြီး အာမခံဖြင့် ခံဝန်ပေးထားရှိရာမှ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးဖြစ်သည်ဟု ထိုင်းရဲမှတ်တမ်းအရ သိရသည်။

    ထိုင်းနိုင်ငံသား ဒေါက်တာဆိုဖာ့ (ခ) နိုင်အောင်မင်း (၆၂) နှစ် (ဘ) ဦးကိတ်၊ ထိုင်း-မွန်လူမျိုး (နှလုံးဆီးချို အထူးကု သမားတော်) ဆိုသူသည် ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင်၊ ကတ်လိုဝမ်မြို့၌ နေထိုင်ခဲ့သူဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks