spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲကျင်းပ

    မွန်အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲကျင်းပ

    -

    မွန်အမျိုးသားပညာရေးကော်မတီဦးစီးပြီး မွန်အမျိုးသားပညာရေး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် နှီးနှောဖလှယ်တရပ်ပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ လမိုင်းမြို့၊ ကေလာသဘုရား-သုဓမ္မာ ဓမ္မာရုံ တွင် ကျင်းပပြုလုပ်ခဲ့သည်။

    နှစ်ရက်ကြာကျင်းပသည့် အဆိုပါနှီးနှောဖလှယ်ပွဲကို ဘက်ပေါင်းစုံမှ ပညာရှင်များ၊ သံဃာတော်များ၊ မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမန်အပါဝင် ပါတီဝင်များ၊ မွန်နိုင်ငံရေးပါတီများ၊ မွန်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မွန်လူမှုအဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း ၂၀ဝ ကျော် တက်ရောက်ဆွေးနွေးလျက်ရှိသည်။

     မွန်အမျိုးသားပညာရေးကော်မတီဥက္ကဌ နိုင်ဗညားလယ် မိန့်ခွန်းပြောကြားစဉ်(NMSP)
    မွန်အမျိုးသားပညာရေးကော်မတီဥက္ကဌ နိုင်ဗညားလယ် မိန့်ခွန်းပြောကြားစဉ်(NMSP)
    မွန်အမျိုးသားပညာရေးကော်မတီဥက္ကဌ နိုင်ဗညားလယ် က “မွန်အမျိုးသားပညာရေးကော်မတီက ရေးဆွဲထားတဲ့ မွန်အမျိုးသားပညာရေးမူကြမ်းကို ပြည်သူလူထုရဲ့အမြင်၊ ပညာရေးအဖွဲ့ Ntework မှ အမြင်နဲ့ ပညာရေးပိုင်းမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့အမြင်ကို ရယူရန်အတွက် နှီးနှောဖလှယ်ပွဲကို ပြုလုပ်ရတာဖြစ်တယ်” ဟု ဆိုသည်။

    မိခင်ဘာသာစကားကို အခြေပြုပြီး သင်ကြားနေသည့် မွန်အမျိုးသားပညာရေးကို နိုင်ငံတော်အစိုးရက အသိမှတ်ပြုပြီး ဥပဒေရေးဆွဲပေးရန်၊ မွန်အမျိုးသားပညာရေးအနေဖြင့် ပြင်ပအလှူရှင်များသက်သက်ဖြင့်မရပ်တည်ဘဲ မွန်အမျိုးသားပညာရေးကျောင်းရန်ပုံငွေ ရရှိရေးအပြင် ပညာရေးကိစ္စသည်မွန်တမျိုးသားလုံးနှင့်သက်ဆိုင်နေကြောင်း နိုင်ဗညာလယ်က ဆက်ပြောသည်။
    မွန်အမျိုးသားပညာရေးဌာနတာဝန်ခံ မိကရတ်နွန်က “မွန်အမျိုးသားပညာရေးရဲ့ အကြီးမားဆုံးအခက်ခဲက ဆရာ/ဆ ရာမတွေရဲ့ ထောက်ပံ့ကြေးပဲ။ ကျမတို့က ဆရာ/ဆရာမတွေရဲ့ထောက်ပံ့ကြေးငွေကို အလှူရှင်ကနေ ၈၀%နဲ့ မွန်ပြည်သူလူထုကနေ ၂၀% ရရှိပြီး ထောက်ပံ့ကြေး ပေးနေပါတယ်” ဟု ပြောသည်။

    ဒေသခံမွန်ပြည်သူလူထုများအနေဖြင့် ဆရာ/ဆရာမများထောက်ပံ့ကြေးအပြင် စားစရိတ်နှင့် နေထိုင်ရေးပါထောက်ပံ့ ပေးလျှက်ရှိကြောင်း၊ စာသင်နှစ်တစ်နှစ်ပတ်လုံးအတွက် ငွေကျပ်သိန်းပေါင်း ၇၀ဝ၀ ကျော်ကုန်ကျလျက်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

    လက်ရှိမွန်အမျိုးသားပညာရေးဌာနလက်အောက်တွင် Post-ten ဆယ်တန်းလွန်ကျောင်း တစ်ကျောင်း၊ အထက်တန်း ၃ ကျောင်း၊ အလယ်တန်း ၁၆ ကျောင်း၊ မူလွန် ၂၉ ကျောင်း နှင့် မူလတန်း ၈၉ ကျောင်း စုစုပေါင်းမွန်အမျိုးသားစာသင်ကျောင် ၁၃၈ ကျောင်း ရှိသည်ဟု သိရသည်။

    မွန်အမျိုးသားစာသင်ကျောင်းကို ၁၉၇၂-၇၃ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ်မှစပြီး မွန်အမျိုးသားပညာရေးဌာနလက်အောက်ခံ ကျောင်းသူကျောင်းသားများသည် နိုင်ငံတော်အစိုးရတက္ကသိုလ်ဝင်စာမေးပွဲကို နီးစပ်ရာအစိုးရစာစစ်ဌာနများတွင် ဝင်ရောက် ဖြေဆိုခွင့်ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks