spot_img
Tuesday, February 10, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမော်လမြိုင်ဘိလပ်မြေစက်ရုံ MCLနှင့် ပတ်သက်သည့်အစီရင်ခံစာကို သမ္မတထံသို့ ဆက်လက်ပေးပို့မည်

    မော်လမြိုင်ဘိလပ်မြေစက်ရုံ MCLနှင့် ပတ်သက်သည့်အစီရင်ခံစာကို သမ္မတထံသို့ ဆက်လက်ပေးပို့မည်

    -

    မော်လမြိုင်ဘိလပ်မြေစက်ရုံ MCLနှင့် ပတ်သက်သည့်အစီရင်ခံစာကို ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်အတည်ပြုပြီးဖြစ်သည့်အတွက် နိုင်ငံတော် သမ္မတထံ ဆက်လက်ပေးပို့သွားမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့် ရေးကော်မတီဥက္ကဌက ပြောသည်။

    မွန်ပြည်နယ်လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီဥက္ကဌ ဒေါက်တာအေးဇံ က “ကျနော်တို့ ဒီအစီရင်ခံစာကို လွှတ်တော်မှာအတည်ပြုလို့ပြီးပြီ။ ဆိုတော့ ကျနော်တို့လုပ်ထားတဲ့ အစီရင်ခံ စာအသေးစိတ်ကို သမ္မတသိရှိဖို့အတွက် ဒီရက်ပိုင်း ၅ ရက်အတွင်း ကျနော်တို့ပေးပို့သွားမှာပါ။ သမ္မတက ဒါကို သိမှ အရေးယူဆောင်ရွက်မှုတချို့တွေကို လုပ်လို့ရမယ်” ဟု ဆိုသည်။

    MCL အစီအရင်ခံစာကို ဒေါက်တာအေဇံက လွှတ်တော်တွင် ဖတ်ကြားတင်သွင်းနေစဉ် (MNA)
    MCL အစီအရင်ခံစာကို ဒေါက်တာအေဇံက လွှတ်တော်တွင် ဖတ်ကြားတင်သွင်းနေစဉ် (MNA)
    မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) သည် စတင်တည်ဆောက်စဉ်ကတည်က ကျောက်မီးနှင့်လည်ပတ်မည်ကို ဒေသခံပြည်သူများအား ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုထားခြင်းမရှိကြောင်းတွေ့ရှိရပြီး ကျောက်မီးသွေး အစား အခြားလောင်စာနှင့်လည်ပတ်ရန်လည်း အစီရင်ခံစာတွင် တိုက်တွန်းထားကြောင်း ဒေါတ်တာအေဇံက ဆက်ပြောသည်။

    မွန်ပြည်နယ်လွှတ်တော် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က “လက်ရှိမှာ ကုမ္မဏီတာဝန်ရှိသူတွေနဲ့ ဒေသခံ တွေဟာ အခြေအနေတင်းမာမှုကြီးထွားလာနေတာကို တွေ့ရှိရပါတယ်။ ပြဿနာတွေပေါ်ပေါက်လာမှာကို ဒေသခံကိုယ်စားလှယ်တယောက်အနေနဲ့ အလွန်ပဲစိုးရိမ်မိပါတယ်။ အတ္ထရံမြစ်ကမ်းဘေးမှာရှိတဲ့ (MCL) ဘိလပ်မြေစက်ရုံရဲ့ ကျောက်မီးသွေးသုံးစက်ရုံဒဏ်ကို ကျိုက်မရောမြို့နယ်တစ်ခုလုံး အမှန်တကယ် ခံစားနေရတယ်” ဟု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

    ကျောက်မီးသွေးတင်သင်္ဘောများ ဝင်ရောက်လာမှသာ ကျောက်မီးသွေးစွမ်းအင်နှင့် လည်ပတ်မည်ကို ဒေသခံများ သိရှိရကြောင်း၊ အတ္ထရံမြစ်ကမ်းဘေးရှိကျေးရွာများသည် ရေလုပ်ငန်းဖြင့် နှစ်ပေါင်းများစွာ အမှီပြုလျှက်ရှိပြီး (MCL) ဘိလပ်မြေစက်ရုံ၏ ကျောက်မီးသွေးတင်သင်္ဘောများ ဝင်ထွက်သွားလာမှုကြောင့် ရေလုပ်ငန်းမှာ ပျက်စီးလာသည်ကိုလည်း သိသာထင်ရှား တွေ့ရှိနေရကြောင်း ဒေါ်ခင်မျိုးမြင့်က ပြောသည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) နှင့်ပတ်သတ်ပြီး မွန်ပြည်နယ်လွှတ်တော် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီမှ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်၊ စတုတ္ထပုံမှန် အစည်းဝေး တတိယနေ့ ကျင်းပသည့်ဒီဇင်ဘာ ၉ ရက်နေ့တွင် အစီရင်ခံစာအပိုင်း ၂ ကိုတင်းသွင်းခဲ့ပြီး ပဉ္စမနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

    ကျိက်မရောမြို့နယ် မော်လမြိုင်ဘိလပ်မြေစက်ရုံပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ကန့်ကွက်လက်မှတ်ပေါင်း (၃၇၈၀) ရေးထိုးပြီး ဘိလပ်မြေစက်ရုံအတွက် လိုအပ်သည့်လျှပ်စစ်ပမာဏကို ကျောက်မီးသွေးမှ ထုတ်လုပ်မည့်ကိစ္စအား ရပ်တန့်ပေးရန် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် မွန်ပြည်လွှတ်တော်သို့ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks