spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းပါတီဦးဆောင်နိုင်မည့် ခေါင်းဆောင်ရွေးချယ်ရန် မွန်အမျိုးသားပါတီ ဥက္ကဌနိုင်ငွေသိမ်း ပြော

    ပါတီဦးဆောင်နိုင်မည့် ခေါင်းဆောင်ရွေးချယ်ရန် မွန်အမျိုးသားပါတီ ဥက္ကဌနိုင်ငွေသိမ်း ပြော

    -

    မွန်အမျိုးသားပါတီ MNP ကို ဦးဆောင်နိုင်မည့် ခေါင်းဆောင်ရွေးချယ်ပါရန် ဒီဇင်ဘာလ (၁၂) ရက်နေ့က ကျင်းပသည့် မော်လမြိုင်မြို့၊ မွန်အမျိုးသားပါတီ ဗဟိုဌာနချုပ် ရုံးချုပ်နေရာသစ်ဖွင့်ပွဲအခမ်းအနားတွင် ဥက္ကဌ နိုင်ငွေသိမ်းက သတင်းမီဒီယာနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

    မိမိအနေဖြင့် မွန်အမျိုးသားပါတီမှ အနားယူမည်ဟု ထုတ်ဖော်ပြောကြားထားပြီးဖြစ်သောကြောင့် ရုံးဖွင့်ပွဲအခမ်းအနားသို့ ပါတီဥက္ကဌ တစ်ဦးအနေဖြင့် တက်ရောက်ခြင်းမဟုတ်ဘဲ အဖွဲ့ဝင်တစ်ဦးအဖြစ်သာ တက်ရောက်ခြင်းဖြစ်ကြောင်း နိုင်ငွေသိမ်းက ထုတ်ပြောကြားခဲ့သည်။

    မွန်အမျိုးသားပါတီ ဥက္ကဌနိုင်ငွေသိမ်း(MNA)
    မွန်အမျိုးသားပါတီ ဥက္ကဌနိုင်ငွေသိမ်း(MNA)
    သူက “လူကြီးမှ လူငယ်မှ မဟုတ်ဘူး။ လူကြီးတွေ လုပ်မရရင် ခေါင်းဆောင်မတင်နဲ့၊ လူငယ်တွေ လုပ်ရဲရင် ခေါင်းဆောင်တင်၊ ရှေ့ဆောင်နိုင်တဲ့လူတွေ လုပ်ကြပါ၊ ကျွန်တော်က မလုပ်နိုင်တော့ဘူး” ဟု ပြောသည်။

    အသက် (၉၄) နှစ်အရွယ်ရှိ မွန်အမျိုးသားပါတီ ဥက္ကဌ နိုင်ငွေသိမ်းသည် ပါတီမှ ရာသက်ပန် နုတ်ထွက်သည့်အ ကြောင်းကြားစာကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့က ပေးပို့ခဲ့ပြီးဖြစ်သည်။

    သို့သော်လည်း ယင်းကဲ့သို့နုတ်ထွက်စာပေးပို့လာသည့်ကိစ္စအပေါ် ပါတီဥက္ကဌ နိုင်ငွေသိမ်း၏ ဆန္ဒသဘောထားအမှန်ကို သိရှိနိုင်ရန် ပါတီထိပ်ပိုင်းခေါင်ဆောင်များဖြစ်သော ဒုဥက္ကဌ (၁) နိုင်တင်အောင်၊ ဒုဥက္ကဌ (၂) နိုင်ငွေသိန်းနှင့် ပါတီ ရေးရာတာဝန်ခံ နိုင်ပန်းအောင်တို့ ပါဝင်သည့် ကော်မရှင်တစ်ခုက ဥက္ကဌကြီးနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဥက္ကဌ နိုင်ငွေသိမ်းအနေဖြင့် ၁၉၄၈ ခုနှစ်စတင်ပြီး ယနေ့ကာလအထိ နိုင်ငံရေးလောကတွင် ဦးဆောင်ပါဝင်ခဲ့သူ ထိပ်တန်းခေါင်ဆောင်တစ်ဦးဖြစ်ကြောင်း၊ ပါတီမှ ရာသက်ပန်နုတ်ထွက်ခွင့်မယူရန် မိမိတို့မေတ္တာရပ်ခံမှုကို နိုင်ငွေသိမ်း လက်ခံထားကြောင်း ပါတီရေးရာတာဝန်ခံ နိုင်ပန်းအောင်က ဆိုသည်။

    သူက “ခုနတုန်းက ပြောသလိုပဲ အစဉ်အလာကြီးမားတယ်ဆိုတဲ့အတွက် ဘယ်လိုနည်းနဲ့မှ ကျွန်တော်တို့က ထွက်ခွင့်မပြုတဲ့အတွက် ပါတီအနေနဲ့ ထွက်ခွင့်မပြုတဲ့ဥက္ကဋ္ဌတစ်ယောက်က ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ရှိနေ တယ်လို့ပဲ ပါတီအလုပ်မှုဆောင်ရော ပါတီဝင်အားလုံး ကြွရောက်တဲ့လူရော ဆန္ဒရှိပါတယ်လို့ ကျွန်တော်ပြော ချင်တယ်။ ဒီဆုံးဖြတ်ချက်ကလည်း ကော်မရှင်ရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်” ဟု ပြောသည်။

    ထို့အပြင် မွန်အမျိုးသားပါတီ ဒုဥက္ကဌ(၁) ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင် တောင်း ဆိုထားသည့်အပေါ် တရားဝင်နှုတ်ထွက်ခွင့် ပေးလိုက်ပြီးဖြစ်ကြောင်း MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမက အတည် ပြုပြောကြားခဲ့သည်။

    ဥက္ကဌအဖြစ် နိုင်ငွေသိမ်း ဦးဆောင်သော မွန်ဒီမိုကရေစီပါတီ MDP ကို ၂၀၁၂ ခုနှစ်တွင် တရားဝင်ဖွဲ့ စည်းခွင့်ရရှိခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်၌ မွန်အမျိုးသားပါတီ MNP အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

    မွန်အမျိုးသားပါတီ(ယခင် မွန်ဒီမိုကရေစီပါတီ) မဖွဲ့စည်းမီ ယခင် ၁၉၈၈ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ဖွဲ့စည်းခဲ့စဉ်တွင် နိုင်ငွေသိမ်း ဒုဥက္ကဌ(၁) ဖြစ်ခဲ့ပြီး ဥက္ကဌ နိုင်ထွန်းသိန်း ဖြစ်သည်။

    နိုင်ငွေသိမ်းသည် ၁၉၄၅ ခုနှစ်များမှစတင်၍ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ မွန်လက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း(၁၉၄၈-၅၈) တွင် ပါဝင်ထမ်းဆောင်ခဲ့သူ ဝါရင့်မွန်အမျိုးသားခေါင်း ဆောင်တစ်ဦးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks