spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ၁၁ လအတွင်း ယာဉ်တိုက်မှုပေါင်း ၇၀ဝ ကျော် ဖြစ်ပွား

    မွန်ပြည်နယ်တွင် ၁၁ လအတွင်း ယာဉ်တိုက်မှုပေါင်း ၇၀ဝ ကျော် ဖြစ်ပွား

    -

    မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ယခုနှစ် ဇန်နဝါလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း ယာဉ်တိုက်မှုပေါင်း ၇၁၆ မှုရှိပြီး လူ ၂၈၇ ဦးသေဆုံးကာ စုစုပေါင်း ၁၁၈၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး (မော်လမြိုင်) မှ သိရသည်။

    “အထူးသဖြင့် မော်လမြိုင်မြို့ပေါ်မှာ ယာဉ်တိုက်မှုဖြစ်တဲ့အကြောင်းအရင်းတွေကတော့ ဆိုင်ကယ်တွေက လမ်းသွယ်ကနေ လမ်းမကြီးဆီကိုကွေ့တဲ့အချိန်မှာ လမ်းမပေါ်က ယာဉ်ကိုမကြည့်ဘူး၊ သူတို့တွေက ဇွတ်ကွေ့ချတော့တာပဲ၊ နောက်ပြီးတော့ အရှိန်လဲမလျှော့တဲ့အတွက်ကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားတာပဲ” ဟု ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူး ကျော်သူက ပြောသည်။

    ပေါင်မြို့နယ်၊ ကျုံကကျေးရွာအနီး ယာဉ်မတော်တဆမှု(Facebook)
    ပေါင်မြို့နယ်၊ ကျုံကကျေးရွာအနီး ယာဉ်မတော်တဆမှု(Facebook)
    ယခုဒီဇင်ဘာလလေးရက်အတွင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးပညာပေး ၄ ကြိမ် ပြုလုပ်ခဲ့ရာ ကျောင်းသား/သူ ၄၀ဝ ကျော်၊ ဝန်းထမ်း ၂၀ ဦးနီးပါး၊ ယာဉ်မောင်း ယာဉ်နောက်လိုက် ၃၀ဝ ကျော် စုစုပေါင်း လူဦးရေ ၇၀ဝ ကျော် ပညာပေးဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလတွင် အကြိမ် ၃၀ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

    “ယာဉ်ထိန်းအင်အားက နည်းတဲ့အတွက်ကြောင့် မွန်ပြည်နယ် ၁၀ မြို့နယ်မှာ ယာဉ်ထိန်းတကယ်တမ်း တာဝန်ချထားပေးနိုင်တာက ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ မုဒုံ ၅ မြို့နယ်ပဲရှိတယ်လို့” ၎င်းက ဆက်ပြောသည်။

    ယာဉ်တိုက်မှု ဖြစ်ပွားရခြင်းမှာ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း နားမလည်သည့်အပြင် မလိုက်နာသည့်အတွက်ဖြစ်ကြောင်း မော်လမြိုင် လူမှုကယ်ဆယ်ရေးအသင်း ကိုဘိုဘိုဝင်းက ဆိုသည်။

    ကိုဘိုဘိုဝင်းက “ဆိုင်ကယ်မောင်းသူကလည်း ယာဉ်စည်းကမ်းနားမလည်တာလဲပါတယ်၊ ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့အခါကျတော့ ထိခိုက်ဒဏ်ရာရှိတဲ့အခါ ပိုပြီးထိခိုက်ဒဏ်ရာ ရရှိတယ်။ တစ်စီးနဲ့တစ်စီး နားလည်းမှုမရှိဘူး၊ ယာဉ်းစည်းကမ်းတွေမလိုက်နာကြဘူး၊ တကယ်လို့ ယာဉ်စည်းကမ်းနားလည်မယ် စည်ကမ်းလိုက်နာသွားမယ်ဆိုရင် ယာဉ်မတော်မဆ ထိခိုက်မှု လျော့နည်းသွားမယ်လို့” ၎င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမပေါ်၌ ပေါင်မြို့နယ်၊ ကျုံကကျေးရွာအနီး ယာဉ်မတော်တဆမှုတွင် အိမ်စီးကားတစ်စီး အရှိန်လွန်၍လမ်းဘေးဓါတ်မီးတိုင်တိုက်မိပြီး မော်တော်ယာဉ်နှင့်အတူယာဉ်မောင်းပါ မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယခုနှစ်ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း ယာဉ်တိမ်းမှောက်မှု ၆၉၃မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၅၀ ခန့် သေဆုံးကာ ၁၁၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး(နေပြည်တော်) မှ သိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks