Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်လွှတ်တော်စာကြည့်တိုက်သို့ မည်သူမဆို ဖတ်ရှုလေ့လာနိုင်

    မွန်ပြည်နယ်လွှတ်တော်စာကြည့်တိုက်သို့ မည်သူမဆို ဖတ်ရှုလေ့လာနိုင်

    -

    လွှတ်တော်နှင့် ဒေသခံပြည်သူများအကြား ချိတ်ဆက်မှုရရှိစေရန်၊ သတင်းအချက်အလက်များ အလွယ်တကူရယူနိုင်ရန် ရည်ရွယ်၍ မွန်ပြည်နယ်လွှတ်တော်ရှိ စာကြည့်တိုက်တွင် ရုံးချိန်အတွင်း မည်သူမဆို ဝင်ရောက်ဖတ်ရှုလေ့လာခွင့်ပြုထားကြောင်း လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌက “လွှတ်တော်စာကြည့်တိုက်မှာ မည်သူမဆို လာရောက်ပြီး စာဖတ်ရှုနိုင်တယ်၊ သတင်းမီဒီယာအဖွဲ့တွေ၊ အပြင်လူအားလုံး ဝင်ရောက်ဖတ်ရှုနိုင်တယ်၊ ဒါပေမယ့် အခုလောလောဆယ်မှာ စာကြည့်တိုက်စောင့်ပေးတဲ့သူကို တာဝန်မကြီးအောင်ဆိုပြီး အပြင်ကို စာအုပ်ငှားသွား တာကို ခွင့်မပြုဘူးပေါ့နော်၊ စာကြည့်တိုက်မှာ ဓာတ်ပုံရိုက်လို့ရတယ်၊ လိုချင်တဲ့သတင်း အချက်အလက်တွေကို ကူးယူလို့ရပါတယ်” ဟုပြောသည်။

    မွန်ပြည်နယ်လွှတ်တော်စာကြည့်တိုက်(MNA)
    မွန်ပြည်နယ်လွှတ်တော်စာကြည့်တိုက်(MNA)
    လွှတ်တော်စာကြည့်တိုက်တွင် စာပေဖတ်ရှုသူများအနေဖြင့် အမည်စာရင်းပေးသွင်းခြင်း၊ ခွင့်ပြုချက်မရှိဘဲ စာရွက်စာတမ်းများ အပြင်သို့ ယူဆောင်ခွင့်မရှိခြင်း၊ စာအုပ်ပျက်စီးမှုမရှိအောင် ကိုင်တွယ်ရခြင်း စသည့် အချက်များ လိုက်နာရမည်ဖြစ်သည်။

    မီဒီယာများအနေဖြင့် လွှတ်တော်ရုံးစာကြည့်တိုက်မှ စာအုပ်များ လေ့လာဖတ်ရှုလိုပါက ရုံးချိန်အတွင်း အမည်စာရင်းပေးပြီး လေ့လာဖတ်ရှုနိုင်ပြီဖြစ်ကြောင်း နိုင်ဝင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

    လက်ရှိတွင် မွန်လွှတ်တော်မှ ထုတ်ဝေသည့်စာအုပ်များနှင့် ပြင်ပမှလှှူဒါန်းထားသည့်စာအုပ်များ ရှိနေပြီး စာအုပ်ပိုမိုများပြားလာအောင် စာကြည့်တိုက်များနှင့် ချိတ်ဆက်သွားမည့်အစီအစဉ်ရှိကြောင်း ၄င်းက ဆက်ပြောသည်။
    မွန်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဝါဝါလွင် က “ မွန်လွှတ်တော်ရုံးက အစ်မတို့ဆီ စာအုပ်တွေလိုအပ်ရင် ကူညီပေးဖို့ အဆင်သင့်ပါပဲ၊ လွှတ်တော်က လိုအပ်တဲ့စာအုပ်တွေကို တစ်လတစ်ခါ လဲလှယ်လို့လည်း ရပါတယ်၊ အဲလိုတော့ စာကြည့်တိုက်ကနေ ကူညီလို့ရပါတယ်” ဟုပြောသည်။

    လက်ရှိလွှတ်တော်စာကြည့်တိုက်တွင် နိုင်ငံရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်မှ ပေးပို့လာသည့် အစည်းအဝေးမှတ်တမ်းစာအုပ်များ၊ မွန်လွှတ်တော် အစည်းအဝေးမှတ်တမ်းများ၊ CSO ၊ NGO မှပေးပို့လာသည့် အစီရင်ခံစာ စာအုပ်များ၊ သုတေသန စာတမ်းများ၊ လှူဒါန်းထားသည့် စာအုပ်များ၊ နိုင်ငံခြားလွှတ်တော်အကြောင်းစာအုပ်များ၊ မွန်ပြည်နယ်သတင်းဌာနများမှ ပေးပို့လာသည့် ဂျာနယ်များ လွှတ်တော်ရုံးချိန်အတွင်း လာရောက်ဖတ်ရှုနိုင်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks