spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ရာဘာကဏ္ဍပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲ ပြုလုပ်

    မွန်ပြည်နယ် ရာဘာကဏ္ဍပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲ ပြုလုပ်

    -

    မွန်ပြည်နယ်အတွင်း ရာဘာကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက်ဆွေးနွေးပွဲတစ်ရပ်ကို မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်တွင် နိုဝင်ဘာ ၁၈ နှင့်၁၉ ရက်နေ့တို့တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သိရသည်။

    ဆွေးနွေးပွဲကို မွန်ပြည်နယ်အတွင်း ရာဘာကဏ္ဍလက်ရှိကြုံတွေ့လျက်ရှိသော စိန်ခေါ်မှုများနှင့် အခက်အခဲများကိုဝိုင်းဝန်းဆွေးနွေးအဖြေရှာရန်အပါအဝင် ရည်ရွယ်ချက် ၃ ချက်ဖြင့်ကျင်းပခြင်းဖြစ်သည်ဟု  မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှဒေါက်တာဇော်ဦးက ပြောသည်။

    ရာဘာကဏ္ဍပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲ(MNA)
    ရာဘာကဏ္ဍပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲ(MNA)
    “မွန်ပြည်နယ်မှာ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများနဲ့ အခက်အခဲများကိုဝိုင်းဝန်းဆွေးနွေးအဖြေရှာရန်၊ စိန်ခေါ်မှုများကို ကျော်လွှားဖြေရှင်းနိုင်တဲ့ရေတိုစီမံချက်တွေ လက်တွေ့လုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှုိင်းဖော်ထုတ်ရန်နဲ့ ရေရှည်ဆောင်ရွက်ရမည့် ပို့ကုန်မြှင့်တင်ရေးစီမံကိန်းများ ဘတ်ဂျက်၊ ဥပဒေနဲ့ စုဖွဲ့မှုဆိုင်ရာ လိုအပ်ချက်များကိုလေ့လာသုံးသပ်ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ” ဟု ၄င်းကပြောသည်။

    ၄င်းပြင် မွန်ပြည်နယ်အတွင်း ရာဘာကဏ္ဍသည် ထုတ်လုပ်မှုနည်းနားအားနည်း၊ အရည်အသွေးနိမ့်သော သန့်စင်မှု၊ စျေးကွက်မဟာဗျူဟာအားနည်းခြင်း၊ အရည်အသွေးစစ်ဆေးမည့် စနစ်မရှိခြင်း၊ အမျိုးသားအဆင့်စုဖွဲ့မှုအားနည်းခြင်း အစရှိသည့်အားနည်းချက်များရှိနေသည်ဟု ပြောသည်။

    နှစ်ရက်တာ ကျင်းပသည့် ယင်းဆွေးနွေးပွဲတွင် (၁)အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ရလဒ်အမြန်ထွက်နိုင်မည့် လုပ်ငန်းစဉ်(၂) စျေးကွက်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ (၃) စိုက်ပျိုးသူများနှင့်ထုတ်လုပ်သူများအတွက် အဖွဲ့အစည်းဆိုင်ရာစွမ်းအားမြှင့်တင်ပေးခြင်း (၄)စျေးနှုန်းသတ်မှတ်မှုဆိုင်ရာ သတင်းအချက်အလက် လုပ်ငန်းစဉ်များ (၅)ပြည်တွင်းစျေးကွက် ဝင်လိုအားနှင့် ချိတ်ဆက်ခြင်း (၆)ရာဘာအခြေခံစုဖွဲ့မှုများ အားကောင်းလာစေရေး စသည့်အချက်များဆွေးနွေးသွားမည်ဖြစ်သည်။

    “ဒီနှစ်တာ ဆွေးနွေးပွဲကနေ ကျနော်တို့ပြည်နယ်ရဲ့ ရာဘာအတွက်အဖြေကောင်းထွက်လာမယ်လို့ မှျော်လင့်ပါတယ်၊ ရာဘာစျေးလည်း အခုအနည်းငယ်ပြန်တက်လာတဲ့အနေအထားရှိပါတယ်” ဟုရာဘာစိုက်တောင်သူ ဦးငွေလှက ပြောသည်။

    မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုက်းတက်ရေးအဖွဲ့နှင့် care အဖွဲ့တို့ပူးပေါင်းကျင်းပသည့် မွန်ပြည်နယ် ရာဘာကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ အစိုးရဌာနဆိုင်ရာများ၊မွန်ပြည်နယ်ရာဘာလုပ်ငန်းရှင်များအသင်း မွန်ပြည်နယ် ၁၀ မြို့နယ်ကရာဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း ရာဘာစိုက်ပျိုးသူများတက်ရောက်ကြသည်။

    မွန်ပြည်နယ်သည် ရာဘာစိုက်ပျိုးရာ အများဆုံးဒေသတစ်ခုဖြစ်ပြီးပြည်နယ်တစ်ခုလုံးတွင် ရာဘာစိုက်ပျိုးမြေဧက  ၅ သိန်းခန့်ရှိရာ ဧက ၃သိန်းကျော်မှာ ရာဘာထုတ်လုပ်လျက်ရှိသည်။အများစုသည်အသေးစားရာဘာစိုက်ပျိုးသူများဖြစ်ကာ ပြည်နယ်တစ်ခုလုံး၏ ၈၀ရာခိုင်နှုန်းခန့်သည် အသေးစားစိုက်ပျိုးသူများဖြစ်သည်ဟု မွန်ပြည်နယ်ရာဘာလုပ်ငန်းရှင်များအသင်းမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks