spot_img
Saturday, January 17, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမော်လမြိုင်ကုန်တင်ယာဉ်ရပ်နားစခန်းသစ်တည်ဆောက်ရန် မြေနေရာမရရှိသေး

    မော်လမြိုင်ကုန်တင်ယာဉ်ရပ်နားစခန်းသစ်တည်ဆောက်ရန် မြေနေရာမရရှိသေး

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကုန်တင်ယာဉ်ရပ်နားစခန်းသစ် တည်ဆောက်ရန် လိုအပ်ကြောင်း ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ-ယထကမှ ပြည်နယ်အစိုးရအဖွဲ့သို့ စာဖြင့် တင်ပြထားသည့်အပေါ် ဆောက်လုပ်ရမည့် မြေနေရာကို အတိအကျမသိရှိရသေးကြောင်း မွန်ပြည်နယ်စည်ပင် သာယာရေးဝန်ကြီးဌာနမှ သိရသည်။

    ကုန်တင်ယာဉ်ရပ်နားစခန်းသစ်တစ်ခု တည်ဆောက်ရန်ကိစ္စကို ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ၂၀၁၆ ခုနှစ် သြဂုတ်လလုပ်ငန်းညှိုနှိ်ုင်းအစည်းအဝေး အမှတ်စဉ် ၉/၂၀၁၆ ဆုံးဖြတ်ချက်အရ ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ရက်စွဲဖြင့် ပြည်နယ်အစိုးရသို့ တင်ပြခဲ့ပြီး ဖြစ်သည်။

    ဈေးကြိုအဝေးပြေးကွင်းတစ်နေရာ(MNA)
    ဈေးကြိုအဝေးပြေးကွင်းတစ်နေရာ(MNA)
    မွန်ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးမြင့်သိန်းက “ကုန်တင်ကားဝင်း ကတော့ မြေနေရာရှိရင်တော့ လုပ်သင့်ပါတယ်၊ မြေနေရာကျတော့ စည်ပင်ဘက်က ပေးပိုင်ခွင့် မရှိဘူးလေ၊ ဒါပေမယ့် လျာထားချက်ကတော့ ရှိတယ်၊ အုတ်ဖိုဘက်က ဨက ၁၀ဝ လောက်တော့ ရှိတယ်၊ အဲဒါကတော့ ကုမ္ပဏီတစ်ခုက လာပြီးတော့ ပြောထားဖူးတယ်၊ တိတိကျကျတော့ မသိသေးဘူးပေါ့” ဟု ပြောသည်။

    ထိုသို့ အမှန်တကယ်လိုအပ်နေသည့်အဝေးကားဝင်းသစ်ကိစ္စနှင့် ပက်သက်၍ မွန်ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဌာန မသိရှိရသေးကြောင်းနှင့် ဈေးကြိုကုန်တင်ယာဉ်ရပ်နားစခန်းတွင် ကုန်တင်ယာဉ် ၁၅ စီးခန့်သာ ဆန့်ပြီး ယခုအခါကုန်တင်ကားများမှာ ရာနဲ့ချီပြီးဝင်လာကြသောကြောင့် လမ်းပေါ်တွင် ကားများထပ်နေကြခြင်းဖြစ်ကြောင်း ဦးမြင့်သိန်းက ဆက်ပြောသည်။

    ပြည်နယ်အစိုးရ၏ အစည်းအဝေးအမှတ်စဉ် (၂၂/၂၀၁၆ ) ဆုံးဖြတ်ချက်ပိုဒ် (၂၀) အရ အဝေးကားဝင်းသစ်မြေနေရာရှာဖွေရေးအဖွဲ့အား ဖွဲ့စည်းခဲ့ပြီး သင့်လျှော်သော မြေနေရာများရှာဖွေစေ၍ ဦးစားပေးအဆင့် (၁) (၂) (၃) တို့ဖြင့် ပြန်လည်တင်ပြပေးပါရန် အကြောင်းကြားထားသည်ဟု သိရသည်။

    “အဓိကကတော့ ယထက က အစိုးရအဖွဲ့ကို တင်ပြခဲ့တယ်ဆိုတာက ကုန်တင်ယာဉ်ရပ်နားစခန်းတစ်ခု ထပ်မံဆောက်လုပ်ရန် လိုအပ်တဲ့အတွက် တင်ပြတာ၊ အဲဒီ ကုန်တင်ယာဉ်ရပ်နားစခန်းကို မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အနေနဲ့ အဖွဲ့ပိုင်မြေထဲက ရွေးချယ်ဆောင်ရွက်သင့်တာကို အောက်တိုဘာလ ၁၁ ရက်နေ့ မွန်ပြည်နယ် အစိုးရအဖွဲ့ကို ပြန်တင်ပေးခဲ့တယ်” ဟု မြေနေရာရှာဖွေရေး အဖွဲ့ခေါင်းဆောင် မော်လမြိုင်ခရိုင် အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူက ပြောသည်။

    ယခင်ကာလများတွင် ဈေးကြိုကုန်တင်ယာဉ်ရပ်နားစခန်းတွင် ယာဉ်အဝင်အထွက်အချိုးအဆညီမျှနေကြောင်း၊ နောက်ပိုင်းတွင် ကုန်စည်စီးဆင်းမှုများလာသည့်အတွက်ကြောင့် ဈေးကြိုတွင် ကုန်တင်ယာဉ်ရပ်နားရန် မလုံလောက်သောကြောင့် အကောင်အထည်ဖော်သင့်ကြောင်း၊ ထိုသို့အကောင်အထည်ဖော်ရာတွင် စည်ပင်နယ်မြေအပိုင် မြေနေရာများတွင်သာ ဆောင်ရွက်သင့်ကြောင်း ဦးဘုန်းမြတ်သူက ဆက်ပြောသည်။

    ဈေးကြိုအဝေးပြေးကားဝင်းရှိ ကုန်တင်ယာဉ်ရပ်နားစခန်း၏ တစ်စိတ်တစ်ဒေသကို ကုန်စည်ဒိုင်ဆောက်လုပ်အသုံးပြုခဲ့ကြောင်း၊ ကုန်တင်ယာဉ်များ ရပ်နားရန်နေရာလုံလောက်မှုမရှိသဖြင့် ကုန်တင်ကားများသည် လမ်းဘေးတစ်လျှောက်နှင့်ရပ်ကွက်များတွင် ရပ်နားနေကြရကြောင်း၊ ပြဿနာတစ်ချို့နှင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်လာကြသောကြောင့် မွန်ပြည်နယ် ယထကမှ ပြည်နယ်အစိုးရအဖွဲ့သို့ အဝေးပြေးကားဝင်းသစ်တည်ဆောက်ရန် တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts