spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေအစပ်တွင်သာ ကျောက်ထုတ်လုပ်မှုခွင့်ပြုထား

    ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေအစပ်တွင်သာ ကျောက်ထုတ်လုပ်မှုခွင့်ပြုထား

    -

    မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေအစပ်တွင်သာ ကျောက်ထုတ်လုပ်မှုကို ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဋ္ဌာန ဝန်ကြီးရုံး (ပတ်ဝန်းကျင်/သစ်တော) ညွှန်ကြားရေးမှူး ဦးကျော်ဇော ကပြောသည် ။

    “ကျောက်ထုတ်လုပ်ရေး လုပ်ငန်းချထားပေးတာက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေထဲမှာတော့ ကျတယ် ။ ဒါပေမယ့်နယ်မြေအစပ် အဖျားပိုင်းမှာကျတယ် ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဒီနေရာက ကျောက်ထုတ်လုပ်တဲ့နေရာ ဖြစ်နေတယ် ။ အရင်က ကျောက်မိုင်းအဟောင်းလည်းရှိနေတော့ လုပ်ဖို့ရာနေရာ ချပေးလိုက်တာဖြစ်တယ် ။ သူတို့ တောင်းသလောက် မဟုတ်ပဲနဲ့ စီစစ်ပြီးချထားပေးတာဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးက ပြောသည် ။

    ကေလာသတောင် သဘာဝဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုတစ်ရပ်(ဘီးလင်းသတင်း)
    ကေလာသတောင် သဘာဝဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုတစ်ရပ်(ဘီးလင်းသတင်း)
    ထိုသို့ ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း ကျောက်ထုတ်လုပ်ရေးလုပ်ငန်း ခွင့်ပြုပေးထားမှုနှင့် ပတ်သတ်၍ မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် သိရှိခြင်း မရှိကြောင်း သိရသည် ။

    “ပထမဆုံး ပြည်နယ်အဆင့် ညွှန်မှူးက ဒီကျောက်မိုင်း နဲ့ ပတ်သက်ပြီး သဘောမတူဘူးဆိုတာ စာထွက်လာပြီးသား၊ ထွက်လာရတာကလည်း ပြည်ထောင်စုက ညွှန်ချုပ်ရဲ့ စာအရ ဖြစ်တယ် ။ ဘာလို့သဘောမတူလဲဆိုတော့ ဒီဟာက သဘာဝပတ်ဝန်းကျင်ဘေးမဲ့တောဖြစ်တယ် ။ လုပ်ကွက်ချပေးရင် သဘာဝပတ်ဝန်းကျင် ပျက်စီးတယ် ဆိုတဲ့အချက်တွေကြောင့်ဖြစ်တယ်လို့ စက်တင်ဘာလ (၁) ရက်နေ့က စာထွက်တယ် ။ ဒါနဲ့ စက်တင်ဘာလ (၂၉) ရက် နေ့မှာကျတော့ ကျောက်မိုင်းနဲ့ပတ်သတ်ပြီး မှတ်ချက်ပေးဖို့ မရှိပါဘူးဆိုပြီး စာထပ်ထွက်လာတယ် ။ စက်တင်ဘာလ (၁) ရက်နေ့က ထွက်တဲ့စာရဲ့ သဘောထားနဲ့ စက်တင်ဘာလ (၂၉) ရက်နေ့ က ထွက်တဲ့စာရဲ သဘောထားက ပြောင်းပြန်ဖြစ်နေတယ် ။ အဲ့ဒီထွက်တဲ့ စာနှစ်စောင်လုံးဟာ ခရိုင်ကနေ ပြည်ထောင်စုကို ထွက်သွားတဲ့ စာဖြစ်တယ် ။ အဲ့ဒီမှာ ပြည်နယ်ရဲ့ အခန်းကဏ္ဍမပါဘူး ဖြစ်နေတယ် ။ ပြည်နယ်အစိုးရရဲ့ အခန်းပျောက်နေတယ် “ ဟု ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦး က ပြောသည် ။

    ထို့အပြင် ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း ကျောက်ထုတ်လုပ်ရေးလုပ်ငန်းချထားပေးမှု နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် လွှတ်တော်တွင် အဆို (သို့မဟုတ်) မေးခွန်းမေးသွားမည်ဖြစ်ကြောင်း သိရသည် ။

    “ကျွန်တော် သစ်တောဦးစီးဋ္ဌာနကနေ ကေလာသတောင် နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ တောင်းပြီးပြီဖြစ်တယ်။ ဘယ်နေရာတွေကို ကုမ္မဏီ လုပ်ပိုင်ခွင့်ပေးထားတယ် ။ ဘယ်နေရာတွေကိုတော့ အကျဉ်းဦးစီးကိုပေးတယ်၊ ဘယ်နေရာတွေကိုတော့ သစ်တောမြေကနေ ရွာအဖြစ်ပေးထားတယ်ဆိုတဲ့ အချက်တွေဖြစ်တယ် ။ အကျဉ်းဦးစီးအပါအဝင် ကျောက်ထုတ်နေတဲ့နေရာတွေ က သစ်တောရဲ့ လုပ်ပိုင်ခွင့်ထဲ ပါမပါ မေးတော့မယ် ။ မပါရင်တော့ ရပ်ပေါ့ ။ ကျွန်တော့်သဘောထားကတော့ ကေလာသတောင်က ဘေးမဲ့တောဖြစ်တယ် ။ ဒါကို ဒီလို ကျောက်ထုတ်လုပ်ရေးတွေချပေးနေရင်တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်တယ်ဆိုတာ ဘာကိုပြောတာလဲ ဖြစ်နေမယ်” ဟု ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဆက်ပြောသည် ။

    ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း ကျောက်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရန် Rock Well Mining Co. Ltd အား တစ်နှစ်တိတိ ချထားပေးခဲ့ပြီး ဧရိယာ ၄၅ ဧက ပေါ်တွင် ကျောက်ကျင်းပေါင်း (၁၀ဝ၀ဝ) ထုတ်လုပ်သွားမည်ဖြစ်ကာ ဇွန်လ (၁) ရက်နေ့က မွန်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့် နှင့် Rock Well Mining Co. Ltd မှ ဦးသန့်ဇင်ထွန်း တို့ သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည် ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks