spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းမြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီး ၃၀ ရာနှုန်းပါဝင်ရန်ထပ်မံတောင်းဆိုမည်ဟု AGIPP ပြော

    မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီး ၃၀ ရာနှုန်းပါဝင်ရန်ထပ်မံတောင်းဆိုမည်ဟု AGIPP ပြော

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညဟိုတယ်တွင် ငြိမ်းချမ်းရေးအတွက် ကျား\ မ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) နှစ်ပတ်လည်အစည်းအဝေးနှင့် မြန်မာ နိုင်ငံအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပူးပေါင်းလုပ်ဆောင်မည့် နည်းလမ်းများနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နှင့်၂၂ ရက်နေ့က ကျင်းပခဲ့သည်။

    “အဓိက ကျမတို့က ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းမယ့် ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေး ပူးတွဲကော်မတီမှာ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ တောင်းဆိုထားတာပေါ့လေ ဒါပေမယ့် ကျမတို့တောင်းဆိုသလောက် ၃၀ ရာနှုန်းတော့ မရသေးဘူး၊ ဒါကိုပဲ ကျမတို့ကဆက်ပြီးတောင်းဆိုသွားမယ်” ဟု AGIPP ဥက္ကဌ မိကွန်းချမ်းနွန်က မွန်သတင်းအေဂျင်စီသို့ ပြော သည်။

    AGIPP နှစ်ပတ်လည်အစည်းအဝေး(AGIPP)
    AGIPP နှစ်ပတ်လည်အစည်းအဝေး(AGIPP)
    ဇွန်လ ၃၀ ရက်နေ့က မွန်ပြည်နယ်တွင် ဖွဲ့စည်းခဲ့သော အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S အဖွဲ့ဝင် ၁၄ ဦးအနက် အရပ်သားကိုယ်စားလှယ် မွန်အမျိုးသမီး ဒေါက်တာမိယဉ်ချမ်းနှင့် ကရင်အမျိုးသမီး နော်ဆာထူးတို့သာ ပါဝင်သဖြင့် အမျိုးသမီးပါဝင်နေမှု ၁၄.၃% သာရှိသည်ဟု သိရသည်။

    မွန်ပြည်နယ်အတွင်း စစ်ပွဲဖြစ်ပွားမှုမရှိသော်လည်း ရွေ့ပြောင်းလုပ်သမားများ အများအပြား ရှိနေသည့် အတွက် လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ မုဒိန်းမှုများ မကြာခဏ ဖြစ်ပေါ်နေခြင်း၊ အထူးသဖြင့် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးမူဘောင် ဆွေးနွေးမှုနှင့် ပြန်လည်နေရာချထားရေးမှာ ပါဝင် ဆောင်ရွက် ခွင့်ရရန် လုပ်ဆောင်သွားရမှာဖြစ်ကြောင်း မိကွန်းချမ်းနွန်က ဆက်ပြောသည်။

    ယင်းဆွေးနွေးပွဲတွင်၊ တပ်မတော်မှ တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေမှု၊ တိုင်းရင်းသား ဒေသ များတွင် ဖြစ်ပွားနေသော ပဋိပက္ခများ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်နေမှု၊ တရားဥပဒေ စိုးမိုးမှု၊ အမျိုးသမီးများ ကာကွယ်ပေးသော ဥပဒေများ၊ စစ်ဘေးဒုက္ခသည်များ ရွှေ့ပြောင်းလုပ်သားများ ထောက်ထားကူညီမှု၊ လူကုန်ကူးခံရမှု၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖြန့်ဖြူးမှု၊ ဆင်းရဲနွမ်းပါးမှု၊ ကျန်းမာရေး ဝန်ဆောင်မှု၊ မြေယာနဲ့ သဘာဝသယံဇာသဆုံးရှုံးမှု၊နှင့် အမျိုးသမီးများ ငြိမ်းချမ်းရေး ဖြစ်စဉ်၊ နိုင်ငံရေး မူဘောင်ဆွေးနွေးပွဲများနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်များတွင် ပါဝင် ဆောင်ရွက်ခွင့် မရှိခြင်း စသည့် အချက် (၁၂) ချက်က အမျိုးသမီးများ ကြုံတွေ့နေရသည့် ပြဿနာ များဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

    မော်လမြိုင်မြို့တွင်ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ (AGIPP) ၏အဖွဲ့ဝင်နှင့် မိတ်ဖက်အဖွဲ့အစည်း ၄၁ ဖွဲ့မှ အမျိုးသမီး ကိုယ်စားလှယ်စုစုပေါင်း (၉၄) ဦး တက်ရောက်ခဲ့ပြီး အမျိုးသမီးကိုယ်စားလှယ်များအနေဖြင့် အချက်၁၅ချက်ပါဝင်သော နည်းဗျူဟာများအသုံးပြု၍ ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts