spot_img
Thursday, March 5, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးနှီးပဒေါကျေးရွာတွင် လျှပ်စစ်မီတာခတိုးမြင့်ကောက်ခံနေမှုကို ပြည်နယ်အစိုးရသို့ တိုင်ကြားမည်ဟုဆို

    နှီးပဒေါကျေးရွာတွင် လျှပ်စစ်မီတာခတိုးမြင့်ကောက်ခံနေမှုကို ပြည်နယ်အစိုးရသို့ တိုင်ကြားမည်ဟုဆို

    -

    အစိုးရလျှပ်စစ်မီးကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ထူထောင်ထားသော မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီပဒေါကျေးရွာတွင် ပြီးခဲ့သည့်စက်တင်ဘာလမှစတင်ပြီး မီးလင်းရေးကော်မတီက တစ်ယူနစ် ၅၀ ကျပ်မှ ၇၀ ကျပ်သို့ တိုးမြင့်ကောက်ခံနေသည်ကို ရွာသားများလက်မခံသဖြင့် ပြည်နယ်အစိုးရသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း ပြောဆိုနေကြသည်။

    နှီးပဒေါကျေးရွာသား နိုင်ကျော်စိုး က “သူတို့ကောက်ချင်တဲ့ ဈေးနှုန်းအတိုင်း ကောက်နေတယ်။ စာရင်းရှင်းတမ်းကိုလည်း တခါမှ ရှင်းတာမရှိဘူး။ ပြီးတော့ မူလဈေးနှုန်းအတိုင်းပြန်ကောက်ဘို့၊ လျှပ်စစ်မီးအား ပြည့်ပြည့်ဝဝရရှိဘို့အတွက် ပြည်နယ် အစိုးရကို တိုင်ကြားသွားမယ်” ဟု ဆိုသည်။

    မီးတာခတိုးမြှင့်ကောက်ခံခြင်းကိစ္စ တွေ့ဆုံဆွေးနွေးပွဲ (MNA)
    မီးတာခတိုးမြှင့်ကောက်ခံခြင်းကိစ္စ တွေ့ဆုံဆွေးနွေးပွဲ (MNA)
    ကျေးရွာမီးလင်းရေးကော်မတီဖွဲ့စည်းခဲ့သော်လည်း ငွေစာရင်းရှင်းတမ်း မရှင်းခဲ့ကြောင်း၊ ကျေးရွာမီးလင်းရေးကော်မတီအပေါ် ကျေးရွာနေပြည်သူများ၏ သဘောထားသိရှိစေရန် ပိုစတာများ စိုက်ထူသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၁ က ကျေးရွာမီးသုံးစွဲသူများ အမြင်ဖလှယ်ဆွေး နွေးပွဲတွင် ဆုံးဖြတ်ခဲ့သည်ဟု နိုင်ကျော်စိုးက ဆက်ပြောသည်။

    အဆိုပါပိုစတာများတွင် (၁) ပြည်သူပိုင်မီးကို ပြည်သူကိုပြန်အပ်ပေးပါ၊ (၂) မီးသုံးစွဲသူ တရားမျှတသောအခွင့်အရေး ရရှိဘို့၊ (၃) လာဘ်စားမှုကို တိုက်ဖျက်ပေး၊ (၄) အများပြည်သူဦးဆောင်ပြီး မီးလင်းနိုင်ရန်အတွက် အစိုးရမှ စီစဉ်ဆောင်ရွက်ပေးရန်၊ (၅) အများသဘောတူသည့် မီးလင်းရေးကော်မတီကို ဖွဲ့စည်းပေးရန် တို့ပါဝင်သည်ဟု ဆိုသည်။

    နှီပဒေါကျေးရွာ မီးလင်းရေးကော်မတီဝင် နိုင်မာန်က “အခုကောက်နေတဲ့ တစ်ယူနစ် ၅၀ ကျပ် နှုန်းက လတိုင်းလိုလို အရှုံးပေါ်တယ်။ ပြန်စိုက်နေရတယ်။ ဒါ့ကြောင့် ၇၀ ကျပ်ကို တိုးမြှင့် ကောက် ခံရတယ်” ဟု ဆိုသည်။

    မီးအားကောင်းရန်အတွက် ယခုလကုန်ပိုင်းတွင် ထရန်စဖော်မာ အသစ်တလုံး ထပ်မံဝယ်ဖြည့်ရန်ရှိကြောင်းနှင့် ဝင်ငွေထွက်ငွေ စာရင်းဇယားအားလုံးကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ စာရင်းရှင်းတမ်းပေးထားကြောင်း နိုင်မာန် က ဆက်ပြောသည်။

    နှီးပဒေါကျေးရွာ၌ အစိုးရဓါတ်အားဖြင့် ကိုယ်ထူကိုယ်ထလျှပ်စစ်မီးလင်းရေးကို ၂၀ဝ၈ ခုနှစ်တွင် မီးစတင် တပ်ဆင်ခဲ့စဉ် ယခင်အစိုးရလျှပ်စစ်မီတာနှုန်းထားခအတိုင်း တစ်ယူနစ် ၇၅ ကျပ်ကောက်ခံခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် နိုင်ငံအဝန်း အစိုးရလျှပ်စစ်မီးနှုန်းထား အိမ်သုံးတစ်ယူနစ် ၃၅ ကျပ်သို့ ပြောင်းလဲကောက်ခံခဲ့ရာ အဆိုပါ နှီးပဒေါကျေးရွာတွင်တစ်ယူနစ် ၅၀ ကျပ်ဖြင့် ဆက်လက်ကောက်ခံခဲ့သည်ဟု သိရသည်။

    အိမ်ခြေ ၈၀ဝ ဝန်းကျင်ခန့် နှီးပဒေါကျေးရွာတွင် လျှပ်စစ်မီးသုံးစွဲလျက်ရှိရာ ထရန်စဖော်မာတလုံးသာ တပ်ဆင်ထားသောကြောင့် လျှပ်စစ်မီးဗို့အားလုံလောက်ခြင်းမရှိဟု ဒေသခံများက ဆိုသည်။

    သို့ရာတွင် အစိုးရလျှပ်စစ်ဓါတ်အားလိုင်းမရောက်ရှိသေးသည့် ရေးမြို့နယ်အတွင်း ပုဂ္ဂလိကလျှပ်စစ်မီးဖြန့်ဖြူးပေးနေသော မြတ်သူရထွန်းကုမ္မဏီအနေဖြင့် ရေးမြို့ပေါ်ရပ် ၉ ရပ်ကွက်နှင့် အနီးတဝိုက်ကျေးရွာများဖြစ်သည့် ချောင်းတောင်၊ အစင်၊ ဓမင်းဆိပ်၊ အဘော်၊ ဇီးဖြူတောင်၊ ဒူရားကျေးရွာများတွင် တစ်ယူနစ် (၃၅၀) ကျပ်နှုန်းဖြင့် ၂၄ နာရီ လျှပ်စစ်မီးများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks