spot_img
Sunday, February 1, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးကင်းမွန်းစခန်းယာဉ်ဝင်ဂိတ်အား ကျိုက်ထီးရိုးဂေါပကအဖွဲ့ကိုယ်တိုင်ကောက်ခံသွားမည်

    ကင်းမွန်းစခန်းယာဉ်ဝင်ဂိတ်အား ကျိုက်ထီးရိုးဂေါပကအဖွဲ့ကိုယ်တိုင်ကောက်ခံသွားမည်

    -

    ပြည်ထောင်စုသာသနာရေးဝန်ကြီး၏ လမ်းညွှန်မှုအရ မွန်ပြည်နယ် ကျိုက်ထီးရိုးစေတီတောင်ခြေရင်းရှိ ကင်မွန်းစခန်းမော်တော်ယာဉ်ဝင်ဂိတ်အား နှစ်စဉ်လေလံစနစ်ဖြင့် ကန်ထရိုက်ချမပေးတော့ဘဲ ကျိုက်ထီးရိုးဂေါပကအဖွဲ့ကိုယ်တိုင်ကောက်ခံသွားမည်ဟု သိရသည်။

    ကျိုက်ထီးရိုးဂေါပက အဖွဲ့ဝင် ဦးစိန်မြင့်က “ဆက်လက်လုပ်ကိုင်ခွင့်မပေးတာ တစ်ဦးတစ်ယောက်ကို မုန်းလို့ မပေးတာ မဟုတ်ဘူး။ ပြည်ထောင်စုသာသနာရေးဝန်ကြီး အစည်းဝေးဆုံးဖြတ်ချက်အရ ဆောင်ရွက်တာပါ။ ပြီးခဲ့သည့် စက်တင်ဘာ ၂၂/၂၃ မှာ သာသနာရေးဝန်ကြီးက စည်းဝေးခေါ်ပြီး ဒီလုပ်ငန်းကို ဆက်မပေးပါနဲ့တော့ ဆိုပြီး ဆုံးဖြတ်ထားတာရှိတယ်” ဟု ဆိုသည်။

    ကျိုက်ထီရိုးတောင်ပေါ်တက်မည့် မော်တော်ယာဉ်(MNA)
    ကျိုက်ထီရိုးတောင်ပေါ်တက်မည့် မော်တော်ယာဉ်(MNA)

    အဆိုပါ ကင်မွန်းစခန်းယာဉ်ဝင်ဂိတ်အား ယခင်ကာလများစွာက လေလံစနစ်ဖြင့် ချပေးခဲ့ရာမှ ၂၀ဝ၄ ခုနှစ်နောက်ပိုင်းတွင် မူလလုပ်ကိုင်နေသူအား ငွေ ၁၀ ရာခိုင်နှုန်း နှစ်စဉ်တိုးမြှင့်စနစ်ဖြင့် မော်တော်ယာဉ်ဝင်ဂိတ်ကြေး ဆက်လက်ကောက်ခံခွင့်ပြုခဲ့သည်ဟု သိရသည်။

    ကင်မွန်းစခန်းယာဉ်ဝင်ဂိတ်ကောက်ခံခွင့်ရှိခဲ့သူ ဦးခင်လှက “ကျနော်က ဒီမှာလုပ်လာတာ ၁၉ နှစ်ရှိပြီ၊ ပြန်လည်လုပ်ကိုင်ခွင့်ရဘို့အတွက် လက်ရှိကျိုက် ထီးရိုးဂေါပကကိုလည်း တောင်းဆိုထားတယ်။ ပြည်ထောင်စုဝန်ကြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးကို လည်း အသနားခံစာ တင်ထားတယ်။ ဒါပေမဲ့ ဘာမှထူးခြားမှုမရှိဘူး” ဟု ဆိုသည်။

    အဆိုပါယဉ်ဝင်ဂိတ်ကြေးကောက်ခံရာတွင် သက်မှတ်ထားသည့် ဈေးနှုန်း၊ ချုပ်ဆိုထားသည့် စာချုပ်ပါ စည်းမျဉ်း စည်းကမ်း ချိုဖောက်ခဲ့ခြင်းမရှိကြောင်း၊ လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်ကို ပြည်ထောင်စုအစိုးရမှ ပိတ်သိမ်း သည့် အမိန့်မထုတ်ထားကြောင်းနှင့် ဘုရားဂေါပကမှ ကိုယ်တိုင်ကောက်ခံမည်ဖြစ်သည့်အတွက် ဆက်လက် လုပ်ကိုင်ခွင့်မပေးကြောင်း ဦးခင်လှက ဆက်လက်ရှင်းပြသည်။

    ကင်မွန်စခန်းယာဉ်ဝင်ဂိတ်အား ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ခနှစ်တွင် လုပ်ငန်းလုပ်ကိုင်နေသူမှငွေကျပ် ၁၂၃ သိန်းကျော် (၁၂,၃၂၀,၄၀၂) ကျိုက်ထီးရိုးဂေါပကအဖွဲ့အားပေးသွင်းခဲ့ပြီး ဂိတ်ဖြတ်သန်းသည့် မော်တော်ယာဉ်တစ်စီး ၆၀ဝ ကျပ်နှင့် မော်တော်ဆိုင်ကယ်တစီး ၂၅၀ ကျပ် ကောက်ခံခွင့်ပြုထားကြောင်း သိရသည်။

    NLD အစိုးရသစ်လက်ထက်တွင် ကျိုက်ထီးရိုးစေတီဂေါပကအဖွဲ့သစ်ပြန်လည်ရွေးချယ်ခြင်း၊ သတ်မှတ်ချက်နှင့်ညီညွတ်မှုမရှိသော ဟိုတယ်၊ တည်းခိုဆောင်များဖျက်သိမ်းခြင်း၊ ကျိုက်ထီးရိုးစေတီတော် ပရဝဏ်အတွင်းရှိ အခြားစေတီပုထိုးများတွင် အလှူခံဌာနမထားရှိသည့်အပြင် ရင်ပြင်ပေါ်ရှိ အလှူခံပုံးများနှင့် ဘက်စုံအလှူခံဌာန၌သာ လှူဒါန်းကြရန် ဂေါပကအဖွဲ့က အောက်တိုဘာ ၁၆ ရက် (သီတင်း ကျွတ်လပြည့်နေ့)ကကြေညာချက်ထုတ် ပြန်ခဲ့သည်။

    ထို့အပြင် စေတီတော် ဝတ္တကမြေအတွင်း တည်းခိုခန်းပြုလုပ်ထားသည့် ဓမ္မာရုံများကို ရဟန်းရှင်လူများ အခမဲ့တည်းခိုခွင့်ရရန်ဆောင်ရွက်ခြင်း၊ ကန်ထရိုက်ပေး အလှူခံနေခြင်းကို ဖျက်သိမ်းခြင်းကိုလည်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

    မွန်ပြည်နယ်၏အထင်ရှားဆုံးသမိုင်းဝင် ကျိုက်ထီးရိုးစေတီတော်သည် နှစ်စဉ်ဘုရားဖူးဧည့်သည် ၂ သန်း ၂ သိန်းကျော်လာရောက်လေ့ရှိပြီး ယမန်နှစ်တွင်ဝင်ငွေကျပ် ၁ ဒဿမ ၅ ဘီလီယံကျော်ရှိခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks