Friday, March 13, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် စီးပွားရေးစွမ်းရည်မြှင့်တင် စီမံကိန်း အကောင်အထည်ဖော်မည်

    မွန်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် စီးပွားရေးစွမ်းရည်မြှင့်တင် စီမံကိန်း အကောင်အထည်ဖော်မည်

    -

    မွန်ပြည်နယ်ရှိ ကျိုက်ထို၊ မုဒုံ၊ ချောင်းဆုံနှင့် မော်လမြိုင် စသည့် ၄ မြို့နယ်တို့တွင် စီးပွားရေးစွမ်းရည်မြှင့်တင် စီမံကိန်း အကောင်အထည်ဖော် ပြုလုပ်သွားမည်ဟု ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

    အဆိုပါစီမံကိန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးသူများ အလုပ်အကိုင်အခွင့်ရေးရရှိရန်၊ ဒေသထွက် လက်မှုပညာများနှင့် စားသောက်ကုန်ပစ္စည်းများအတွက် နည်းပညာပေးခြင်းဖြင့် အရေးအသွေးမြှင့်တင် ပေးသွားမည်ဖြစ်သည်။

    ချောင်းဆုံမြို့နယ်တွင် ဝါးခမောက်ပြုလုပ်နေသူတစ်ဦး(MNA)
    ချောင်းဆုံမြို့နယ်တွင် ဝါးခမောက်ပြုလုပ်နေသူတစ်ဦး(MNA)
    “ဒီမြို့နယ် ၄ မြို့နယ်မှာ လုပ်ဖို့ ၂၀၁၅ ခုနှစ်က ကွင်းဆင်းလေ့လာခဲ့တယ်၊ ဒီစီမံကိန်းလုပ်ငန်းလုပ်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ်က မေရိကန် ဒေါ်လာ ၃ သန်း ထောက်ပံ့ပေးတယ်၊ လုပ်မယ့် မြို့နယ်တွေမှာ ရုံးခန်းတို့ ဘာတို့ လုပ်နေပြီး လာမယ့် ဘတ်ဂျက်နှစ်မှာ အကောင်အထည်ဖော်ဖြစ်မယ်” ဟု မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောသည်။

    ကျန်ရှိနေသည့် ၆ မြို့နယ်ကိုလည်း အလှူငွေရရှိလာပါက စီမံကိန်းလုပ်ငန်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟုလည်း ဦးဟောက်ကျင်မုန်က ဆက်ပြောသည်။

    “ချောင်းဆုံက လက်မှုပညာတွေဖြစ်တဲ့ ကျောက်သင်ပုန်လုပ်ငန်း၊ ဆေးတံလုပ်ငန်း၊ ဝါးခမောက်လုပ်ငန်းတွေဆိုရင် နိုင်ငံခြားသားအများစုက စိတ်ဝင်စားကြတယ်၊ ဒီလုပ်ငန်းတွေကိုသာ နိုင်ငံတကာ နည်းပညာနဲ့ အဆင့်မြှင့်တင်လိုက်ရင် ကမ္ဘာထိ ထိုးဖောက်နိုင်တယ်” ဟု ချောင်းဆုံမှ ဝါးခမောက်လုပ်ငန်းရှင် နိုင်တင်က ပြောသည်။

    အဆိုပါ စီးပွားရေးစွမ်းရည်မြှင့်တင်ခြင်း စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ၂၀၁၆ ခုနှစ် မေလ ၁၇ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။

    မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှု ၁၂ သိန်းကျော်ရှိပြီး ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံသား အများဆုံး လာရောက်သည်ဟု ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေးမှူး ဦးစီဌာနရုံးမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks