spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးညီလာခံဆုံးဖြတ်ပိုင်ခွင့် အချိုးအစားကို သုံးပွင့်ဆိုင်သတ်မှတ်ရန် UNA တိုက်တွန်း

    ငြိမ်းချမ်းရေးညီလာခံဆုံးဖြတ်ပိုင်ခွင့် အချိုးအစားကို သုံးပွင့်ဆိုင်သတ်မှတ်ရန် UNA တိုက်တွန်း

    -

    အားလုံးပါဝင်ရေးမူဝါဒကို လက်ခံထားသည့်အတိုင်း အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ညီလာခံ တွင် ပါဝင်သော ဆုံးဖြတ်ပိုင်ခွင့် အချိုးအစားကို သုံးပွင့်ဆိုင် အဖြစ် သတ်မှတ်ရန် စညး်လုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA က တိုက်တွန်း ပြောကြားလိုက်သည်။

    စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ၏ ထိပ်သီး အစည်းအဝေး တစ်ရပ်ကို ရန်ကုန်မြို ့၊ ပန်ဒါဟိုတယ်တွင် ၂၀၁၆ ခုနှစ်၊အောက်တိုဘာ ၁၅ ရက် နေ့က ကျင်းပခဲ့ပြီး ထို့သို့ သဘော ထား ထုတ်ပြန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

    UNA ၏ ထိပ်သီး အစည်းအဝေး-(Nai Ko Thu)
    UNA ၏ ထိပ်သီး အစည်းအဝေး-(Nai Ko Thu)
    “ကျွန်တော်တို့ အရင်တုန်းက တောက်လျှောက်တောင်းဆိုခဲ့တဲ့အရာပေါ့နော်။ ၁၉၉၇ ၊ ၉၈ လောက်ကတည်း က တောက်လျှောက် တောင်းဆိုလာခဲ့တဲ့ Triple Type Dialogue ပေါ့။ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ဆိုတဲ့ မူကိုပဲ ပြန်တိုက်တွန်းပြောဆိုတာပါ” ဟု UNA အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းညွန့်လွင် ကဆိုသည်။

    သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် သုံးပွင့်ဆိုင်ဆွေးနွေးရေး ကျင်းပပေးရန် နိုင်ငံရေးပါတီများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆိုခဲ့သော်လည်း ၁၂ ပွင့်ဆိုင်၊ ၄၈ ပွင့်ဆိုင်၊ စသဖြင့် အရေအတွက်များဖြင့်သာ ကျင်းပခဲ့သလို နိုင်ငံရေးပါတီ ၉၀ ကျော်ဖြင့် တွေ့ဆုံ ဆွေးနွေးမှု များသာ ပြုလုပ်ခဲ့ပြီး သုံးပွင့်ဆိုင် ဆွေးနွေးမှုကို ပြုလုပ်ခဲ့ခြင်းမရှိခဲ့ပေ။

    ယခု အစိုးရသစ်လက်ထက်တွင် အဆိုပါ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်၍ ပြည်တွင်းပြဿနာ များကို ကိုင်တွယ် ဖြေရှင်းပေးရန် တောင်းဆိုမှုများ ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်သည်။

    UNA ၏ ထိပ်သီး အစည်းအဝေးမှ သဘောထား ထုတ်ပြန်ချက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားအချင်းချင်း၊ ဖြစ်ပွားနေသော ကချင်၊ ကရင်၊ ရှမ်းဒေသများအတွင်းတပ်မတော်က ထိုးစစ်ဆင် နေသော စစ်ပွဲများကို လုံးဝရပ်စဲပေးပါရန်၊ စည်းလုံး ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က လေးလေးနက်နက် တိုက်တွန်းပါကြောင်း၊ အနောက်ဘက် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု ပြဿနာများသည် ပြည်ထောင်စုပြဿနာဖြစ်သည်။ UNA အနေဖြင့် ရခိုင်ပြည်သူများ၏ ဆန္ဒနှင့် တစ်သားတည်း ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ဖြစ်ပွားနေသော ဒေသများ တွင် တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေးကို အမြန်ဆုံး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းပါကြောင်း ဖော်ပြပါရှိသည်။

    ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ တွင်ပါဝင်သော ဆုံးဖြတ်ပိုင်ခွင့် အချိုးအစား ကို သုံးပွင့်ဆိုင် အဖြစ် သတ်မှတ်ရန် လေးလေးနက်နက် တိုက်တွန်းပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ တွင် အားလုံးပါဝင်ရေးမူကို လက်ခံထားသော UNA သဘောထား နှင့် အညီ နိုင်ငံရေးပါတီများအားလုံး နှင့် ပါဝင်သင့် ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ အားလုံးဆွေးနွေးနိုင်ရေး အတွက် ပြည်ထောင်စု အစိုးရမှ အလေးထား ဆောင်ရွက်ပေးပါရန် တိုက်တွန်းပါကြောင်း UNA က ဆိုသည်။

    UNA ကို တိုင်းရင်းသား နိုင်ငံရေးပါတီများဖြင့်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ မွန် အမျိုးသားပါတီ MNP၊ ဇိုးမီဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ရခိုင်အမျိုးသားပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကချင်ဒီမိုကရေစီကွန်ကရက်ပါတီ၊ ဓနုတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တို့ အပါအဝင် ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသည်။

    မူလအစတွင် ၈ ပါတီဖြင့်သာဖွဲ့စည်းထားပြီး နောက် ၂၀၁၆ ခုနှစ်၊ အစောပိုင်းကာလတွင် ၄ ပါတီကို အဖွဲ့ ဝင် အဖြစ်လက်ခံခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်နေ့၌ ကျင်းပခဲ့သော UNA ထိပ်သီး အစည်းအဝေးမှာ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ချင်းတိုးတက်ရေးပါတီ၊ ရှမ်းနီ(တိုင်လိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီတို့အား အဖွဲ့ဝင်အဖြစ် လက်ခံကြောင်း ဆုံးဖြတ်သည့်အတွက် စုစုပေါင်း အဖွဲ့ဝင် ၁၅ ပါတီအထိ ရှိလာခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks