Friday, March 13, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးမှု အားနည်းဟု မွန်လွှတ်တော် ဥက္ကဋ္ဌ ဆို

    လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးမှု အားနည်းဟု မွန်လွှတ်တော် ဥက္ကဋ္ဌ ဆို

    -

    လွှတ်တော်ကိုယ်စားလှယ်များမှ အဆိုတင်သွင်းရာ ကျန်လွှတ်တော်ကိုယ်စားလှယ်များမှ ထောက်ခံဆွေးနွေးခြင်း၊ အကြံပြုဆွေးနွေးခြင်း အားနည်းသည်ဟု ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ဖြစ်သည့် အောက်တိုဘာ ၁၀ ရက်နေ့တွင် မွန်လွှတ်တော်ဥက္ကဋ္ဌက ပြောဆိုခဲ့သည်။

    မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက “အဆိုကို ဆွေးနွေးဘို့အတွက် အမည်စာရင်းတင်သွင်းတဲ့ လွှတ် တော်ကိုယ်စားလှယ်အလွန်မှ နည်းပါးတာတွေ့ရပါတယ်။ အခုဆွေးနွေးတယ်ဆိုရင် အဆိုရှင်နဲ့ အဆိုကိုထောက် ခံဆွေးနွေးတဲ့ ကိုယ်စားလှယ်ရယ် အစိုးရဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးတွေ တဦးစီသာ အမည်စာ ရင်းတင်သွင်းတာ ဆွေးနွေးတာ တွေ့ရပါတယ်” ဟု ဆိုသည်။

    မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ(MNA)
    မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ(MNA)
    ဆွေးနွေးသူနည်းသည့်အတွက်ကြောင့် ဆွေးနွေးချက်စုံစုံလင်လင်မရရှိကြောင်းနှင့် အဘက်ဘက်မှ ရှုမြင်သုံး သပ်ခြင်းကို မရရှိခဲ့ကြောင်း၊ ဆွေးနွေးသူကိုယ်စားလှယ်များပါက အဘက်ဘက်မှ တင်ပြလာသည့် ဆွေးနွေး ချက်များ အခြေအနေအရပ်ရပ်ကို စဉ်စားပြီးမှ အဆိုအား အတည်ပြု (သို့မဟုတ်) မှတ်တမ်းတင်အဖြစ် ဆုံးဖြတ် ပါက ပိုမိုပြည့်စုံမည်ဟု လွှတ်တော်ဥက္ကဌက ဆက်ပြောသည်။

    သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဦးအောင်ကျော်သူက “အဆိုတင်သွင်းသူက ၁ ယောက်၊ ထောက်ခံဆွေး နွေးတာက ၂ ယောက်ဆိုတော့ အဲ့သည့်အမြင်ပေါ်မှာပဲ စဉ်စားလို့ရတာပေါ့။ ၅ ယောက်ဆွေးနွေးမယ် ၆ ယောက်လောက်ဆွေးနွေးမယ်ဆိုရင် မတူညီတဲ့အမြင်တွေ ပိုပြီးကောင်တဲ့ရလဒ်တွေရလာမယ်” ဟု ဆိုသည်။

    အဆိုအားဆွေးနွေးသူများပါက မတူညီသော ရှုထောင့်မှ တင်သွင်းလာသောကြောင့် လွှတ်တော်ဥက္ကဌကလဲ ပိုမိုစဉ်းစားလို့ရကြောင်း၊ ကျန်လွှတ်တော်ကိုယ်စားလှယ်များကလဲ မည်သည့်ဘက်က ဆုံးဖြတ်ပါက ပြည်သူတွေ အကျိုးရှိမည်ကို မဲခွဲဆုံးဖြတ်ရာတွင် ပိုမိုရှင်းလင်းပြတ်သားမည်ဖြစ်သောကြောင်း ဆွေးနွေးမှုအား များများပြုလုပ်ရန် လိုအပ်သည်ဟု ဦးအောင်ကျော်သူက ဆက်ပြောသည်။

    မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၅ ရက်ကြာပြုလုပ်ခဲ့ရာ မေးခွန် ၂၆ ခုမေးမြန်ခဲ့ပြီ အဆို ၇ ခု တင်သွင်းခဲ့ရာ ၇ ခု အတည်ပြုခဲ့နိုင်ခဲ့သည့်အပြင် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး (စတုတ္ထနေ့) တွင် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ ဦးထွန်းမင်းအောင် တင်သွင်းခဲ့သည့် ‘အဆင့် မြင့်အစိုးရ ဧည့်ရိပ်သာဆောက်လုပ်ခြင်းနှင့် ဥပဒေချုပ်ရုံးတည်ဆောက်မှုအစား ပြည်သူလူထု တိုက်ရိုက်အကျိုး ရှိစေမည့်စီမံကိန်း ပြောင်းလဲသုံးစွံရေး’ အဆိုကိုလည်း အတည်ပြုခဲ့သည်။

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၁၉ ဦး၊ မွန်အမျိုးသားပါတီ ကိုယ်စားလှယ် ၂ ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ကိုယ်စား လှယ် ၁ ဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၁ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၁ ဦးဖြင့် မွန်ပြည်နယ်လွှတ်တော်ကိုကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks