spot_img
Sunday, February 1, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်အစိုးရ၏ ကန့်ကွက်စာ၂၈ စောင် မွန်ပြည်သစ်လက်ခံရရှိဟုဆို

    မွန်ပြည်နယ်အစိုးရ၏ ကန့်ကွက်စာ၂၈ စောင် မွန်ပြည်သစ်လက်ခံရရှိဟုဆို

    -

    ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလအထိ မွန်ပြည်နယ်အစိုးရမှ အကြောင်းအရာအမျိုးမျိုးဖြင့် ပေးပို့လာသော ကန့်ကွက်စာ ၂၈ စောင် မွန်ပြည်သစ်ပါတီ လက်ခံရရှိခဲ့ကြောင်း ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံ နိုင်ဝင်းလှက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မွန်ပြည်သစ်ပါတီသို့ ပေးပို့ခဲ့သော ကန့်ကွက်စာများတွင် ဆက်ကြေးတောင်းခံခြင်း၊ မူးယစ်ဆေးဝါးဖမ်း ဆီးခြင်း၊ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စစ်သင်တန်းများဖွင့်လှစ်၍ တပ်သားသစ်များစုဆောင်း ခြင်းစသည့်ကိစ္စရပ်များတို့ပါဝင်ကြောင်း သိရသည်။

    မေလအတွင်းက မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရ တွေ့ဆုံပွဲ(MNA)
    မေလအတွင်းက မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရ တွေ့ဆုံပွဲ(MNA)
    နိုင်ဝင်းလှက “အဲဒီထဲမှာ တစ်ချို့ဟာကို ကျွန်တော်တို့ ရပ်တန့်လိုမရဖြစ်နိုင်တဲ့အခြေအနေထဲ မှာ ပါနေတာလည်း ရှိတယ်၊ ဒါပေမယ့် တစ်ချို့ဟာကျတော့ တတ်နိုင်သလောက် ကျွန်တော်တို့ရှောင်ပေးလို့ရတယ်” ဟု ပြောသည်။

    မွန်ပြည်သစ်အနေဖြင့် မွန်ပြည်သူလူထုတို့၏ စေတနာအလျှောက် ထောက်ပံ့ပေးသော ငွေကြေး၊ ဆန်းစပါးတို့ ကိုသာ အစဉ်တစိုက် အားကိုးလာနေခြင်းဖြစ်၍ ဆက်ကြေးကောက်ခံခြင်းမဟုတ်ကြောင်း၊ မူးယစ်ဆေးဝါး တိုက် ဖျက်ရေး၊ ဖမ်းဆီးရေးနှင့် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေဒေသများတွင် ပြဿနာများ ဖြစ်ပေါ်လာပါက ဝင်ရောက်ကူညီ ဖြေရှင်းပေး နေခြင်းမှာ မွန်ပြည်သစ်၏ လုပ်ငန်းစဉ်ထဲကတစ်ခုဖြစ်ကြောင်း နိုင်ဝင်းလှက ဆိုသည်။

    “အပစ်အခတ်ရပ်စဲပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့မှာရှိတဲ့အင်အားက ပိုပြီးလျော့ကျလာတဲ့အခြေအနေမှာပဲရှိ တယ်၊ အင်အားထပ်မံဖြည့်ဆည်းဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ဒါက သူတို့တပ် မတော်လည်းသိတယ်၊ အစိုးရက လည်းသိတယ်၊ ကျွန်တော်တို့ပြည်သူတွေလည်း သိနေတယ်” ၄င်းက ဆက် ပြောသည်။

    အဆိုပါ ကန့်ကွက်စာများနှင့်ပတ်သက်၍လည်း စက်တင်ဘာလ ၃၀ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန် ကြီးချုပ် ဦးဆောင်သည့်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီက အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း ဦးဆောင်သည့် အဖွဲ့တို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တစ်နာရီကျော်ကြာ နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုရှိခဲ့သည်ဟု သိရသည်။

    “ဒီတွေ့ဆုံမှုကတော့ တစ်ဖက်နှင့်တစ်ဖက် သူ့အမြင် ကိုယ့်အမြင် တင်ပြကြတဲ့သဘောပါ၊ သဘောတူညီချက် တွေ တစ်ခုမှ မရှိခဲ့ကြပါဘူး၊ နောက်တစ်ခုပေါ့လေ၊ သူတို့လုပ်ငန်းစဉ်တွေကို ပြန်ပြီးကန့်ကွက်တဲ့ သဘောတော့ မဟုတ်ဘူး၊ အဲဒါဘာလဲဆိုတော့ ကန့်ကွက်စာထုတ်ဖို့ရှိလာရင် ကျွန်တော်တို့နဲ့ အရင်ညှိနှိုင်းဖို့ကို တင်ပြထား တယ်” ဟု နိုင်ဝင်းလှက ပြောပြသည်။

    လက်ရှိအစိုးရသစ်သက်တမ်းကာလအတွင်း မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့အကြာ နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ၂၀၁၆ ခုနှစ် မေလ ၁၉ ရက်နေ့က မွန်ပြည်သစ် ဒုဥက္ကဌ နိုင်ဟံသာဦးဆောင်တဲ့အဖွဲ့နှင့် ဝန်ကြီး ချုပ် ဦးမင်းမင်းဦး ဦးဆောင်တဲ့အဖွဲ့တို့ နှစ်ဖက်တွေ့ဆုံမှုက ပထမအကြိမ်ဖြစ်ကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီသည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ် ရေးထိုးခဲ့ပြီးသော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA အား လက် မှတ် မထိုးရသေးသော မြန်မာပြည်တောင်ပိုင်းရှိ တစ်ခုတည်းသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks