spot_img
Saturday, February 21, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်တွင် လမ်းခင်းကျောက်မိုင်းလုပ်ငန်း (၄၀) ခု အသစ်ထပ်မံလျောက်ထား

    မွန်ပြည်နယ်တွင် လမ်းခင်းကျောက်မိုင်းလုပ်ငန်း (၄၀) ခု အသစ်ထပ်မံလျောက်ထား

    -

    မွန်ပြည်နယ်တွင် လက်ရှိအစိုးရသစ်လက်ထက်၌ လမ်းခင်းကျောက်မိုင်းထုတ်လုပ်ရေးလုပ်ငန်း (၄၀) ခု လုပ်ကိုင်ခွင့်ရရှိရန် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ ထပ်မံလျောက်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

    ထိုသို့ အသစ်ထပ်မံလျောက်ထားသည့် လမ်းခင်းကျောက်မိုင်းထုတ်လုပ်ရေးလုပ်ငန်း (၄၀) တွင် ကျိုက်မရော (၅) ခု၊ ရေး (၄) ခု၊ ကျိုက်ထို (၂၆) ခု၊ သထုံ (၄) ခု နှင့် ပေါင် (၁) ခု တို့ ပါဝင်ကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း ကျောက်မိုင်းပြုလုပ်သည့်နေရာ(MNA)
    မွန်ပြည်နယ်အတွင်း ကျောက်မိုင်းပြုလုပ်သည့်နေရာ(MNA)
    “အခုအသစ်ထပ်လျှောက်ထားတဲ့ (၄၀) က စီစစ်နေတုန်းပဲ၊ လုပ်ပိုင်ခွင့်တွေ တစ်ခုမှပြန်မကျလာသေးဘူး၊ စီ စစ်တဲ့အပိုင်းမှာကလည်း အထွေထွေအုပ်ချုပ်ရေးဌာနတွေကပဲ လုပ်တာ” ဟု မွန်ပြည်နယ် သယံဇာတနှင့် သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    လမ်းခင်းကျောက်မိုင်းလုပ်ငန်းလျှောက်ရာတွင် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ လျောက်ထားရပြီး ထိုမှတစ်ဆင့် ခရိုင်၊ ပြည်နယ်ထွေအုပ်များဆီသို့ အဆင့်ဆင့် တင်ပြလျှောက်ထားရမည်ဖြစ် ကြောင်း၊ ထို့အပြင် မွန်ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်ရေးကော်မတီမှ ပြန်လည်စီစစ်၍ အချက်အလက်များ ပြည့်စုံပါက လုပ်ပိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ရှင်းပြသည်။

    မွန်ပြည်နယ်သစ်တောဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “အခုထပ်မံ လျှောက် ထားတဲ့ (၄၀) က ကျွန်တော်တို့ဌာနကို တစ်ခုမှ မရောက်လာဘူး၊ သစ်တောကြိုးဝိုင်းအတွင်းရှိတဲ့ မြေနေရာ ဖြစ်မှ ကျွန်တော်တို့က စီစစ်ရပြီး ခွင့်ပြုသင့်ရင် ခွင့်ပြုပေးတာပေါ့” ဟု ပြောသည်။

    ယခင်က လိုင်စင်ရပြီး လမ်းခင်းကျောက်မိုင်းထုတ်လုပ်ရေးလုပ်ငန်း (၈၈) ခုရှိသည့်အနက် သစ်တော ကြိုးဝိုင်းအတွင်းရှိနေသော ကျောက်ထုတ်လုပ်ရေးမိုင်း (၂၂) ခုအား ပါဝင်ကြောင်း ၄င်းက ဆက်ပြောသည်။

    ယခင်လိုင်စင်ရရှိပြီးသော လမ်းခင်းကျောင်းထုတ်လုပ်ရေးမိုင်း (၈၈) တွင် ကျိုက်ထိုမြို့နယ် (၄၄)ခု၊ ရေးမြို့နယ် (၁၃) ခု၊ ကျိုက်မရောမြို့နယ် (၄)ခု၊ သထုံမြို့နယ် (၅)ခု၊ ပေါင်မြို့နယ် (၂၂) ခု တို့ဖြစ်ကြောင်း စက်တင်ဘာလ (၂၃) ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော်အစည်းအဝေး၌ ပြည်ထဲရေးဝန်ကြီးဌာန ဒု ဝန်ကြီးက ဖြေကြားထားသည်။

    မွန်ပြည်နယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် ၁၀ မှ ဦးစိုးသီဟက “မွန်ပြည်နယ်မှာတရားဝင်ကျောက်မိုင်းတွေရှိသလို တရားမဝင်ကျောက်မိုင်းတွေကလည်း အများ ကြီးရှိတယ်။ တချို့မိုင်းတွေ သစ်တောက ခွင့်ပြုချက်ရရှိထားပေမယ့် တချို့မိုင်းတော်တော်များတွေက MIC ခွင့်ပြုချက်တွေ မရထားဘူး။ တချို့မိုင်းတွေကလည်း စည်းမျည်းစည်းကမ်းနဲ့ မညီညွတ်တာလဲ အများကြီး ရှိနေတယ်” ဟု ဆိုသည်။

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တာံကျေးရွာ၊ ကလယ်မတောင်ပေါ်ရှိ Long Life ကုမ္မဏီမှ ထုတ်လုပ်သည့် ကျောက်မိုင်းသည် စမ်းချောင်းနှစ်ကြားပေါ်ရှိ ကျောက်ပြင်တွင် တည်ဆောက်ထားပြီး ကျောက်မိုင်းခွဲသည့် အရှိန်ကြောင့် ကျောက်သားနံရံတွေ ကွဲအက်ကာ တောင်အောက်ရှိ လူနေရပ်ကွက်သို့ ကျရောက်လာမည့် အန္တရာယ်များကိုလည်း ရွာသူရွာသားများ ရင်ဆိုင်နေရကြောင်း၊ ကျောက်မိုင်းခွဲမှုကြောင့် မြေအောက်ရေကြောများ ပျောက်ဆုံးသွားသည့်အတွက် ရွာအတွင်းရှိ ရေတွင်း ရေကန်များသည်လည်း အလျင်မြန် ခန်းခြောက်လျက် ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks