Wednesday, May 13, 2026
More
    spot_img
    Homeသတင်းနယ်မြေပိုင်းခြားမှုနှင့် ဆက်သွယ်ရေးအားနည်းချက်ကြောင့် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ဟု KNU ဆက်ဆံရေးတာဝန်ခံပြော

    နယ်မြေပိုင်းခြားမှုနှင့် ဆက်သွယ်ရေးအားနည်းချက်ကြောင့် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ဟု KNU ဆက်ဆံရေးတာဝန်ခံပြော

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU လက်နက်ကိုင်တပ်ဖွဲ့ဝင်များ စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်း အပြန်အလှန်ပစ်ခတ်မှုတွင် နယ်မြေပိုင်းခြားမှုနှင့် ဆက်သွယ်ရေးအားနည်းချက်ကြောင့်သာဖြစ်ကြောင်း KNU ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုဝင်းခိုင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ပဒိုဝင်းခိုင်က “အဓိက ကျွန်တော်တို့ပြန်ကြည့်လိုက်ရင် အားနည်းချက်က တစ်အချက်က အထူးသဖြင့်ပေါ့ နယ်မြေပိုင်းခြားရေး ပိုင်ဆိုင်ရာမှာလည်း သေးချာရေးရာ ဘာမှမရှိဘူး၊ နောက်တစ်ချက်ကလည်း ဆက်သွယ်မှု ဆက်သွယ်ရေးပိုင်း ဆိုင်ရာ အားနည်းနေလို့ ဒီလိုမထင်မှတ်ဘဲဖြစ်လာတာ ဒဏ်ရာရတာကတော့ မကြားမိဘူး သူတို့ကဒဏ်ရာတစ်ယောက်မှ မရဘူးလို့ပြောတာပဲ” ဟု ဆိုသည်။

     လက်နက်ကိုင်ပဋိပက္ခမဖြစ်ပေါ်စေရေး KNU နှင့် NMSP ခရိုင်အဆင့်အလွတ်သဘောတွေ့ဆုံစဉ်(09/09/2016)-Yekha Mon Facebook
    လက်နက်ကိုင်ပဋိပက္ခမဖြစ်ပေါ်စေရေး KNU နှင့် NMSP ခရိုင်အဆင့်အလွတ်သဘောတွေ့ဆုံစဉ်(09/09/2016)-Yekha Mon Facebook
    နှစ်ဖက်တပ်ဖွဲ့ကြား အနီးကပ်ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်ခြင်းမဟုတ်ဘဲ အဝေးကနေပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ရည်ရွယ်ချက်ရှိရှိ သွားရောက်ပစ်ခတ်ခြင်းမဟုတ်ကြောင်း၊ နှစ်ဖက်အောက်ခြေတပ်ဖွဲ့အချင်းချင်းနှင့် လိုအပ်လျှင်ဗဟိုဗဟိုဌာနချုပ်အချင်းချင်း ပြန်လည်ညှိနှိုင်းတွေ့ဆုံကြရန် လိုအပ်ကြောင်း သူက ပြောသည်။

    “ဖြစ်ပွားပြီးတဲ့နောက်မှာ ဘာမှထူးခြား မှုမရှိပါဘူးခင်ဗျ၊ မွန်ပြည်သစ်ရဲ့ နယ်မြေတာဝန်ခံနှင့်လည်း အဆက်အသွယ်ရသွားပါပြီ၊ မွန်ပြည်သစ်ကလည်း သူတို့ဖိတ်ထားတာကြာပြီး အဖွဲ့အစည်းတွေ၊ တွေ့ဖို့က အဲဒါကလည်း အထက်ကို အစီရင်ခံတင်ပြီးတော့ အထက်က ဘာမှပြန်မလာသေးဘူး၊ မနေ့တုန်းကလည်း ကျွန်တော်တို့ ပြောထားသေးတယ်၊ ဒီညနေမှဘဲ လူကြီးတွေနဲ့ တွေ့ပြီး တော့မှဘဲ အကြောင်းပြန်မယ်လို့ အဲလိုပြောထားတယ်” ဟု သူက ဆက်ပြောသည်။

    ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ အလယ်စခန်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာအနီးတွင် မိနစ် ၄၀ ကြာခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ် အပါအဝင် အခြားအိမ်များ ထိခိုက်ပျက်စီးမှု ရှိသည်ဟု သိရသည်။

    မွန်ပြည်သစ်ပါတီ ခရိုင်အလုပ်မှုဆောင်ကော်မတီဝင်တစ်ဦးက “ယခုအချိန်ထိတော့ ထူးခြားမှု ဘာမှမရှိဘူး၊ သူတို့(KNU)ဖက်ကလည်း ရွာကနေ အားလုံးထွက်ခွာသွားကြပါပြီ၊ ကျွန်တော်တို(NMSP)ဖက်က တပ်ဖွဲ့ဝင်တွေကိုလည်း စခန်းအတွင်းမှာပဲ နေရာချထားဖို့ လှမ်းပြောထားတယ်” ဟု ဆိုသည်။

    မွန်ပြည်သစ်ပါတီ ထားဝယ် ခရိုင်အနေဖြင့် KNU တာဝန်ရှိသူများအား တွေ့ဆုံစေ့စပ်ညှိနှိုင်းသွားရန် စာဖြင့်၄င်း၊ KNU မြိတ်ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံမှတဆင့် ဖုန်းဖြင့်၄င်း ကမ်းလှမ်းထားသည်ဟု သိရသည်။

    ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအုပ်စု အရှေ့ဘက်ခြမ်းသည် မွန်ပြည်သစ်ပါတီ (ထားဝယ်ခရိုင်) ၏ သြဇာသက်ရောက်သည့်နယ်မြေ ဖြစ်ပြီး၊ KNU (ဘိတ်ထားဝယ်ခရိုင်) ၏ လှုပ်ရှားနယ်မြေနှင့်လည်း ရောနှောထိစပ်လျက်ရှိသည့် ဒေသတစ်ခု ဖြစ်နေသည်။

    နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ၁၉၉၅ ခု Gentlemen Agreement သဘောတူညီချက်အရ အလယ်စခန်းကျေးရွာအုပ်စု အရှေ့ဘက်ခြမ်းသည် မွန်ပြည်သစ်ပါတီ၏ လှုပ်ရှားနယ်မြေဟု သတ်မှတ်ထားပြီး ရွာသစ်များတည်ထောင်ခြင်းနှင့် ဥယာဉ်ခြံမြေများ ဖော်ထုတ်ခြင်းစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks