Friday, March 13, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်တွင် ရာဘာစွန့်ပစ်ပစ္စည်းသုံး လောင်စာတောင့်စက်ရုံ တည်ဆောက်ရန် စီစဉ်နေ

    မွန်ပြည်နယ်တွင် ရာဘာစွန့်ပစ်ပစ္စည်းသုံး လောင်စာတောင့်စက်ရုံ တည်ဆောက်ရန် စီစဉ်နေ

    -

    မွန်ပြည်နယ်တွင် T T C L Public Company Limited မှ ရာဘာစွန့်ပစ်ပစ္စည်းသုံး လောင်စာတောင့် စက်ရုံတစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန မွန်ပြည်နယ် ဦးစီးမှုးရုံးမှ သိရသည်။

    ယင်းကုမ္ပဏီအနေဖြင့် စက်တင်ဘာလ ၂ ရက်နေ့တွင် မွန်ပြည်နယ်ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှု ဦးစီးဌာနနှင့် လာရောက်တွေ့ဆုံကာ မွန်ပြည်နယ်ရှိ ရာဘာပင် အများဆုံးစိုက်ပျိုးသည့် နေရာ တစ်ခု ရွေးချယ်ပြီး စက်ရုံတည်ဆောက်ရန် အစီစဉ်ရှိကြောင်းနှင့် ၄င်းစက်ရုံတည်ဆောက်ပြီး ပါက ရာဘာပင် ကုန်ကြမ်းမှ ထွက်ရှိသည့် ရာဘာကိုင်း နှင့် အမြစ်များ ရယူကာ လောင်စာတောင့် ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြည်နယ်ဦးစီးမှူး ဦးမြင့်လွင်က မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန-မွန်ပြည်နယ်(MNA)
    ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန-မွန်ပြည်နယ်(MNA)
    “သူတို့ (T T C L Public Company Limited) ကတော့ စက်ရုံဆောက်ဖို့ရှိတယ်၊ ဒါပေမယ့် အခု စက်ရုံဆောက်ဖို့အတွက် ဘာမလုပ်ရသေးဘူး၊ မြေနေရာကိုလည်း မတင်ပြနိုင်သေးဘူး၊ စက်ရုံက ပုဂ္ဂလိကပိုင်လား၊ ဌာနဆိုင်ရာ ပိုင်လား မတင်ပြရသေးဘူး” ဟု ၄င်းကပြောသည်။

    ရာဘာစွန့်ပစ်ပစ္စည်းသုံးလောင်စာတောင့်စက်ရုံ တည်ဆောက်မည်ဆိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ကို မည်သို့ တင်ပြရမည်ကို လာရောက်ဆွေးနွေးတာဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း က“ TTCL အနေနဲ့ ရာဘာကိုင်းတွေ၊ ထင်းလုပ်လိုက်ရတဲ့ သစ်တွေကို လောင်စာတောင့်တွေ ထုတ်သွားဖို့ ရှိတယ်၊ ဒီ သစ်ကိ်ုင်း၊ သစ်မြစ်တွေကို ကြိတ်လိုက်ပြီးတော့ ကျောက်မီးသွေးနဲ့ ရောပြီး လောင်စာတောင့် လုပ်မယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ကို လာရောက်ဆွေးနွေးထားတယ်” ဟုပြောသည်။

    ၄င်းစက်ရုံ တည်ဆောက်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့ကို အသေးစိတ် တင်ပြထားခြင်း မရှိသေးကြောင်း ကွင်းဆင်းလေ့လာပြီးပါက နောက်ထပ် တင်ပြသွားရန်ရှိကြောင်း နှင့် ၄င်းစက်ရုံ တည်ဆောက်ရန် ဒေသခံပြည်သူလူထု သဘောတူလျှင် ပြည်နယ်အစိုးရအနေဖြင့် ကန့်ကွက်ရန်မရှိကြောင်း ၄င်းကဆက်ပြောသည်။

    ၄င်းအနေဖြင့် ရာဘာပင်ကုန်ကြမ်းထွက်ရှိသည့် ရေး နှင့် သံဖြူဇရပ်မြို့ တစ်နေရာ ရွေးချယ်ပြီး ရာဘာစွန့်ပစ်ပစ္စည်းသုံးလောင်စာတောင့် စက်ရုံ တည်ဆောက်သွားရန် မွန်ပြည်နယ် အစိုးရအဖွဲ့ကို တင်ပြထားကြောင်း သိရသည်။

    အနယ်နယ်အရပ်ရပ်မှ စီးပွားရှင်များအနေဖြင့် ကုမ္မဏီမှတ်ပုံတင်ခြင်း ကိစ္စရပ်များဆောင်ရွက်နိုင်ရန် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မွန်ပြည်နယ်ရုံးခွဲ (မော်လမြိုင်) အား ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖွင့်လှစ်ထားခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks