spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးတွင် ရန်ကုန်မွန်များပါဝင်လာနိုင်ရေး MNP မြို့နယ်ရုံးဖွင့်လှစ်

    နိုင်ငံရေးတွင် ရန်ကုန်မွန်များပါဝင်လာနိုင်ရေး MNP မြို့နယ်ရုံးဖွင့်လှစ်

    -

    ရန်ကုန်မြို့ရှိ မွန်လူမျိုးများ နိုင်ငံရေးတွင် ပိုမိုပါဝင်လာနိုင်ရေးအတွက် တာမွေမြို့နယ် မွန်အမျိုးသားပါတီ MNP ရုံးကို သြဂုတ် ၂၈ ရက်က ဖွင့်လှစ်၍ မြို ့နယ်အလုပ်အမှုဆောင်အဖွဲ့များကို ရွေးချယ်ခဲ့သည်။

    “ကျွန်တော်တို့ ရန်ကုန်မှာ ရုံးခွဲ လာဖွင့်လှစ်တာက မွန်လူမျိုးတွေ ရန်ကုန်မှာ အများအပြားရှိနေတယ်။ ဒါကို စု စည်းနိုင်ရေးအတွက်ပေါ့၊ ပြီးတော့ ရန်ကုန်မှာရှိတဲ့ မွန်လူမျိုးတွေ နိုင်ငံရေးမှာ ပါဝင်လာနိုင်ရေးအတွက်လည်း ရည်ရွယ်ပြီး ဖွင့်တာပါ။ ရန်ကုန်မှာရှိတဲ့ မွန်လူမျိုးတွေအားလုံးကို ကျွန်တော်တို့ပါတီက ကြိုဆိုပါတယ်။ အဖွဲ့ဝင် အဖြစ်ပူးပေါင်းစေလိုပါတယ်” ဟု မွန်အမျိုးသားပါတီ MNP ဥက္ကဌ နိုင်ငွေသိမ်းက ဆိုသည်။

    တာမွေမြို့နယ် MNP ရုံးဖွင့်ပွဲသို့ နိုင်ငွေသိမ်း တက်ရောက်မိန့်ခွန်းပြောစဉ်(MNA)
    တာမွေမြို့နယ် MNP ရုံးဖွင့်ပွဲသို့ နိုင်ငွေသိမ်း တက်ရောက်မိန့်ခွန်းပြောစဉ်(MNA)
    မွန်းလွဲ ၁ နာရီတွင် အဆိုပါ မြို့နယ်ရုံးဖွင့်လှစ်ပြီးနောက် မွန်အမျိုးသားပါတီ MNP ဗဟိုဌာနချုပ်ခွဲဖြစ်မြောက်ရေးကော်မတီဝင်များက တာမွေမြို ့နယ် MNP အလုပ်အမှုဆောင်အဖွဲ့ဝင် ရွေးချယ်ခဲ့ကြသည်။

    တာမွေမြို ့နယ် MNP ဥက္ကဌ နိုင်မြမောင်၊ ဒုဥက္ကဌ နိုင်တင်ဌေး၊ အတွင်းရေးမှူး မင်းဖေသန်းအပါအဝင် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးတို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

    မွန်အမျိုးသားပါတီ MNP ဗဟိုဌာနချုပ်ခွဲဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး မင်းဗညားစန်းက “ရန်ကုန်က ကျနော်တို့မွန်တွေ နိုင်ငံရေးလုပ်ရမှာ ကြောက်တယ် အရင်လက်ထက်တွေကပါ၊ အထူးသဖြင့် အစိုးရဝန်ထမ်းတွေ လုပ်ငန်းရှင်တွေပေါ့၊ အခုကာလမှာတော့ အခြေအနေတွေ ပြောင်းလဲသွားပါပြီ ၊ရန်ကုန်မြို့မှာ မွန်လူဦးရေလည်း တော်တော်များပါတယ်၊ ဒါကြောင့် ကျနော်တို့ပါတီအနေနဲ့ ရန်ကုန်မွန်အင်အားစုတွေ စုစည်းနိုင်ဖို့ ပထမဆုံးမြို့နယ်ရုံးခွဲ ဖွင့်လှစ်တာ ဖြစ်တယ်” ဟု ပြောသည်။

    ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အလားတူ မြို့နယ်ရုံးများ ဆက်လက်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

    မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မိနွယ်နွယ်လင်းက “ကျွန်မဆိုရင် မွန်လူမျိုးဖြစ်ပြီး မွန်စကားမပြောတတ်ဘူး။ နည်းနည်း ပါးပါးဘဲပြောတတ်တယ်။ ဒါပေမဲ့ မွန်လူမျိုးတွေအတွက် အလုပ်လုပ်ပေးချင်တယ်။ဒါကြောင့် မွန်အမျိုးသားပါတီမှာ လာရောက်ပူးပေါင်းတာပါ” ဟု ပြောသည်။

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်း ဒေသကြီးဒေသများတွင် မွန်အမျိုးသားပါတီကိုယ်စားလှယ် ၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အမျိုးသားလွှတ်တော် ၁ ဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ဦးသာ အနိုင်ရရှိခဲ့သည်။

    မွန်အမျိုးသားပါတီသည် ၁၉၈၈ တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF တရားဝင်ပါတီဖြစ်ခဲ့သော်လည်း ၁၉၉၂ ပါတီအဖျက်သိမ်းခံရကာ ခေါင်းဆောင်များထောင်သွင်းအကျဉ်းကျခံခဲ့ရသည်၊၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီအမည်ဖြင့် ပြန်လည်မှတ်ပုံတင်ပြီး ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အမည်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

    မွန်အမျိုးသားပါတီ MNP ဗဟိုဌာနရုံးခွဲနှင့် တာမွေမြို့နယ်ရုံးကို ရန်ကုန်၊ တာမွေမြို ့နယ်ရှိ သြဘာလမ်း နှင့် ကျောက်မြောင်းလမ်းထောင့်တွင် ဖွင့်လှစ်ထားရှိသည်ကို တွေ့ရသည်။

    လက်ရှိ မွန်တိုင်းရင်းသားပါတီများတွင် မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP၊ အမျိုးသမီး(မွန်) ပါတီ ၃ ဖွဲ့ဖြစ်နေသောကြောင့် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲကွဲပြီး မွန်ပါတီများ ခွက်ခွက်လန်မဲရှုံးခဲ့ကြောင်း ထောက်ပြပြောဆိုမှုများ ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks