spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပါတီစွဲ၊ပုဂ္ဂိုလ်စွဲ၊ဂိုဏ်းဂဏစွဲဖယ်ရှားပြီ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ရန် မွန်ပြည်သစ်ပါတီတိုက်တွန်း

    ပါတီစွဲ၊ပုဂ္ဂိုလ်စွဲ၊ဂိုဏ်းဂဏစွဲဖယ်ရှားပြီ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ရန် မွန်ပြည်သစ်ပါတီတိုက်တွန်း

    -

    ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအပြောင်းအလဲကာလတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားအခွင့်ရေးများ ရရှိပေါ်ပေါက်လာစေရန် ပြည်သူတိုင်း ကိုယ်စီကိုယ်ငှ ကြိုးပမ်းကြရမည်ဖြစ်သောကြောင့် ပါတီစွဲ ပုဂ္ဂိုလ်စွဲ ဂိုဏ်းဂဏစွဲဖယ်ရှားပြီ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ရန် သြဂုတ် ၁၈ ရက်နေ့တွင် ကျရောက်သော ၆၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့၌ မွန်ပြည်သစ်ပါတီက ပါတီစွဲ ပုဂ္ဂိုလ်စွဲ ဂိုဏ်းဂဏစွဲဖယ်ရှားပြီ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ရန် မွန်ပြည်သစ်ပါတီတိုက်တွန်းလိုက်သည်။

    ထို့အပြင် နှစ်ပေါင်း ၇၀ နီးပါး ဆင်ရဲဒုက္ခခံတိုက်ပွဲဝင်ခဲ့ပြီး ယခုအခါ နိုင်ငံရေးအရ အဆုံးအဖြတ်ပေးရမည့်အချိန်ရောက်ရှိလာပြီ ဖြစ်သောကြောင့် မှားယွင်းတိမ်းစောင်းမှုမရှိစေရန်နှင့် လိုလားမှုပြည့်ပြည့်ဝဝရရှိနိုင်ရန်အတွက် မွန်အမျိုးသားတရပ်လုံးကို ကိုယ်စားပြုနေကြသည့် လက်နက်ကိုင်တော်လှန်ရေးပါတီနှင့် ပြည်တွင်းနိုင်ငံရေးအဖွဲ့အစည်းများ၊ မွန်လူမှုအဖွဲ့အစည်းအားလုံး မိမိတို့ကျရာအခန်းကဏ္ဍမှ တာဝန်ယူကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု မွန်ပြည်သစ်ပါတီက ဆက်လက်တိုက်တွန်းထားသည်။

    နိုင်ယက္ခ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်(MNA)
    နိုင်ယက္ခ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်(MNA)
     MNLA ဂုဏ်ပြုတပ်ဖွဲ့(MNA)
    MNLA ဂုဏ်ပြုတပ်ဖွဲ့(MNA)

    မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်ဒေသတာဝန်ခံ အခမ်းအနားသဘာပတိ နိုင်ဉာဏ်ထွန်းက “မွန်တော်လှန်ရေးဟာ မွန်ပြည်သူ့တပ်ဦးလက်ထက် ၁၀ မိုး ၁၀ နွေ၊ မွန်ပြည်သစ်ပါတီလက်ထက် ၅၆ နှစ် စုစုပေါင်း မွန်တော်လှန်ရေးသက်တမ်း ၆၉ နှစ်ပြည့်ခဲ့ပြီ၊ ဒီနှစ်မှာပိုပြီးထူးခြားတာက မကြာမီ ၂၁ ပင်လုံညီလာခံကျင်းပတော့မယ်၊ ဒီညီလာခံအတွက် မွန်တိုင်းရင်းသားတွေအားလုံး ညီညွတ်စွာနဲ့ တစ်သံတည်းရှိစေဖို့ မွန်အမျိုးသားကွန်ဖရင့်ကိုလည်း ကျင်းပတော့မှာ ဖြစ်ပါတယ် ” ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    မွန်ပြည်သစ်ပါတီဗဟိုဝန်းကျင်ဒေသ မွန်တော်လှန်ရေးနေ့အခမ်းအနားကို ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းရွာ၌ သြဂုတ် ၁၈ ရက်နေ့ နံနက် ၇ နာရီတွင် ဂုဏ်ပြုစစ်ကြောင်းက သေနတ် ၂၁ ချက်ဖောက်ကာ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့သည်ကို တွေ့ရသည်။

    အခမ်းအနားသို့ ဘုရားသုံးဆူမြို့ရှိ အစိုးရဌာဆိုင်ရာများ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ NLD ပါတီ၊ KNU ကရင့်အမျိုးသားအစည်းအရုံးမှပုဂ္ဂိုလ်များ၊ ဒေသခံများနှင့်အတူ ပရိသတ်ဦးရေး ၈၀ဝ ခန့်တက်ရောက်သည်ကို ခန့်မှန်းကြသည်။

    မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်ယက္ခက “မွန်ပြည်သစ်ပါတီ NCA လက်မှတ်မထိုးသဖြင့် အစိုးရတပ်မတော်သည် မိမိတို့ပါတီဝင်အချို့အပေါ် လက်နက်သိမ်းဆည်းခြင်း၊ ဖမ်းဆီးထောင်သွင်းအကျဉ်းချခြင်း၊ လှုပ်ရှားနယ်မြေကန့်သတ်ခြင်း စသောဖိအားအမျိုးမျိုး ပေးလျက်ရှိတယ်၊ ဖိအားပေးအကြပ်ကိုင်သည့်နည်းလမ်းဖြင့် မိမိတို့၏ယုံကြည်ချက်ကို ပြောင်းလဲ ဖျက်ဆီး၍မရနိုင်ပါ” ဟု မွန်ပြည်သစ်ပါတီ ထုတ်ပြန်ကြေညာချက်ကို မွန်ဘာသာဖြင့် ဖတ်ကြားခဲ့သည်။

    တပ်မတော်က မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များအပေါ် လက်နက်သိမ်းဆည်းခြင်း၊ ဖမ်းဆီးထောင်ချခဲ့ခြင်း စသည့်ဖြစ်စဉ်များရှိခဲ့သော်လည်း မီဒီယာများ အသိပေးထုတ်ပြန်ခဲ့ခြင်းမရှိဟု နိုင်ယက္ခက ပြောသည်။

    အလားတူ ၆၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားများကို မွန်ပြည်သစ်ပါ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်(ရေးချောင်းဖျားဒေသ)၊ မော်လမြိုင်ခရိုင်(ကြာအင်းဆိပ်ကြီးမြို့နယ်)၊ ကော့ကရိတ်ခရိုင်(ကော့ကရိတ်မြို့နယ်)နှင့် ထားဝယ်ခရိုင်(ဝယ်ဇင်စခန်း-ရေးတောင်ပိုင်း) တို့တွင် စစ်အခန်းအနားများဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

    မြန်မာနိုင်ငံလွတ်လပ်ရေးစတင်ရရှိသည့် ၁၉၄၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် မွန်လူငယ်များ ဇာသဖြင်ရဲစခန်း သေနတ်ဝင်လုပြီး တော်လှန်ရေးစတင်ခဲ့သည့်နေ့ရက်ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks