spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကွန်ဖရင့်သို့ မွန်အဖွဲ့အစည်းအားလုံး ပါဝင်တက်ရောက်ကြရန် မွန်ပြည်သစ်ပါတီဖိတ်ခေါ်

    မွန်အမျိုးသားကွန်ဖရင့်သို့ မွန်အဖွဲ့အစည်းအားလုံး ပါဝင်တက်ရောက်ကြရန် မွန်ပြည်သစ်ပါတီဖိတ်ခေါ်

    -

    မွန်အမျိုးသားတရပ်လုံး၏ ဆန္ဒလိုလားချက်၊ အမြင်သဘောထားများကို ညှိနှိုင်းဆွေးနွေးနိုင်ရန် လာမည့်သြ ဂုတ်လ (၂၂) ရက်နေ့တွင် စတင်ကျင်းပမည့် မွန်အမျိုးသားကွန်ဖရင့်သို့ မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါ တီများ၊ လူမှုအဖွဲ့အစည်းများ၊ သံဃာတော်များနှင့် တတ်သိပညာရှင်များတို့အနေဖြင့် ပါဝင်တက်ရောက်ကြရန် သြဂုတ် ၁၈ ရက်နေ့ (၆၉) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်တွင် မွန်ပြည်သစ်ပါတီက ဖိတ်ခေါ်ထားကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီက ဦးစီးကျင်းပမည့် အဆိုပါကွန်ဖရင့်အား ၄င်းတို့ထိန်းချုပ်ရာနယ်မြေဒေသဖြစ်သည့် မော် လမြိုင်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တောင်ပေါက် (ပေါလောကုန်း)ကျေးရွာတွင် (၃) ရက်တာ ပြုလုပ်မည်ဖြစ်ရာ ခေါင်းစဉ် (၂) နှစ်ခုဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း မွန်အမျိုးသားကွန်ဖရင့်ဖြစ်မြောက်ရေးကော်မတီ၏ အဖွဲ့ခေါင်းဆောင် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်ဝင်းလှက ပြောသည်။

    ၆၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ မွန်ပြည်သစ်ပါတီထုတ်ပြန်ချက်(copy)
    ၆၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ မွန်ပြည်သစ်ပါတီထုတ်ပြန်ချက်(copy)

    နိုင်ဝင်းလှက “ကွန်ဖရင့်မှာ ခေါင်းစဉ်နှစ်ခုပဲ ဆွေးနွေးသွားမှာပါ၊ ၂၁ ရာစုပင်လုံနှင့်ပတ်သက်သည့် အကြောင်း အရာနှင့် မွန်အမျိုးသားသွေးစည်းညီညွတ်ရေးအတွက်ပေါ့၊ ဒီအကြောင်းအရာနှစ်ရပ်ကို အခြေခံပြီးတော့ တင် သွင်းလာတဲ့ စာတမ်းတွေကို ဖတ်ကြားဆွေးနွေးကြမှာပါ” ဟု ပြောသည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ကို လာမည့်သြဂုတ်လ (၃၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအခြေပြု အဖွဲ့အစည်းအားလုံးအနေဖြင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လားရေးအတွက် သဘောထား အမြင်များ ညှိနှိုင်းထားကြရန် လိုအပ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    လက်ရှိအချိန်ထိ မွန်အမျိုးသားကွန်ဖရင့်တွင် တင်ပြဆွေးနွေးနိုင်ရန် မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ မွန် သံဃာတော်အဖွဲ့နှင့် မွန်လူမှုအဖွဲ့အစည်းများတို့မှ ပြုစုထားသည့်စာတမ်း အနည်းဆုံး (၅) စောင် ဖတ်ကြားတင် သွင်းရန်ရှိပြီး သတ်မှတ်ထားသော ခေါင်းစဉ်နှစ်ခုအပေါ် အခြေခံ၍ မည်သူမဆို စာတမ်းတင်သွင်းနိုင်ကြောင်းကိုလည်း နိုင်ဝင်းလှက ဆိုသည်။

    “တင်ပြလာတဲ့စာတမ်းတွေအားလုံးကို ဖြစ်မြောက်ရေးကော်မတီတို့က ပြန်ပြီးသုံးသပ်ဦးမှာပါ၊ ဘယ်အချက်တွေ က ဖတ်ကြားသင့်တယ်၊ မသင့်ဘူးဆိုတာကို အတည်ပြုချက်ရပြီးမှ ကွန်ဖရင့်မှာ ဖတ်ကြားတင်ပြလို့ရမယ်” ဟု လည်း ၄င်းက ဆက်ပြောသည်။

    အဆိုပါ ကွန်ဖရင့်တွင် မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးပါတီများ၊ မွန်လူမှုအဖွဲ့အစည်းများ၊ မွန်သံဃာတော်နှင့် အခြားဖိတ်ကြားသင့်သူများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀ဝ ခန့် တက်ရောက်ရန်ရှိကြောင်း ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

    လတ်တလောတွင် အဆိုပါမွန်အမျိုးသားကွန်ဖရင့်သို့ မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခုဖြစ် သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ပါဝင်တက်ရောက်မည်မဟုတ်ကြောင်း ပါတီဗဟိုအလုပ်မှု ဆောင်အစည်းအဝေးမှ ဆုံးဖြတ်ထားရာ ယင်းဆုံးဖြတ်ချက်အား ပြန်လည်ပြင်ဆင်ပေးရန် တစ်ချို့မြို့နယ်များမှ ပါတီဝင်များ တောင်းဆိုထားကြောင်း သိရသည်။

    ၂၀၁၃ ခုနှစ်တွင်လည်း မွန်အမျိုးသားရေးရာအဖွဲ့ MAU ဦးစီး၍ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ အလားတူ မွန်အမျိုးသားကွန်ဖရင့် ကျင်းပခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks