spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းပျားတောင်ဒေသခံ ၈၀ဝ ဦးခန့် ကျောက်မီးသွေးအန္တရာယ်ကင်းစင်ရေး ဆုတောင်းပွဲပြုလုပ်

    ပျားတောင်ဒေသခံ ၈၀ဝ ဦးခန့် ကျောက်မီးသွေးအန္တရာယ်ကင်းစင်ရေး ဆုတောင်းပွဲပြုလုပ်

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသရှိ ဘုန်းတော်ကြီးဆရာတော်များနှင့် ဒေသခံ ၈၀ဝ ခန့် ကျောက်မီးသွေးအန္တရာယ်ကင်းစင်ရေး ဆုတောင်းပွဲကို ကျိုက်မရောမြို့၊ ကျိုက်မရောဘုရားကြီး၌ သြဂုတ် ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

    ပထမအကြိမ်ပြုလုပ်သည့် အဆိုပါဆုတောင်းပွဲအား မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးနှင့် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်လည်း တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

    ပျားတောင်ဒေသခံများဆုတောင်းပွဲ(MNA)
    ပျားတောင်ဒေသခံများဆုတောင်းပွဲ(MNA)
    ဒေါက်တာ အောင်နိုင်ဦး က “အခုကျနော်တို့အချက်လက်တွေ လိုက်လံစုဆောင်ထားတာရှိတယ်။ သူတို့မှာ လည်း ချွက်ရင်းချက်တွေရှိတယ်။ အဓိကတော့ ဥပဒေအပြင်ဘက်မလုပ်မိစေဘို့ပဲ။ ဥပဒေဘောင်အတွင်းမှာသာ လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မယ်” ဟု ဒေသခံများအား ရှင်းပြသည်။

    ၄င်းအနေဖြင့် ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီ ဥပဒေအတိုင်း ဒေသခံပြည်သူတွေကို ချပြရမည်ဖြစ် ကြောင်း၊ ဒေသခံပြည်သူတို့၏ တင်ပြချက်များကို ပြန်လည်သုံးသပ်ပြီး လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ဒေါတ်တာအောင်နိုင်ဦး က ဆိုသည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL လည်ပတ်ရန်အတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကို ကျောက်မီးသွေးမှထုတ်ယူမည့်အစီအစဉ် ရပ်တန့်ပေးရန် ဧပြီလ (၂၅) ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် မွန်ပြည်နယ်လွှတ်တော်သို့ ပတ်ဝန်းကျင်ကျေးရွာ ၇ ရွာမှ ကန့်ကွက်လက် ၃၇၈၀ ဖြင့် တိုင်ကြားစာပေးပို့ထားသည်။

    ကတုံစိရွာမှ နိုင်မစ်က “ကျနော်တို့ဒေသမှာ ကျောက်မီးသွေးနဲ့သုံးမယ့်လျှပ်စစ်စွမ်းအင်ကို ခွင့်ပြုသင့်တယ်လို့ ပြည်ထောင်စုအစိုးရက အဲသလိုသဘောထားရှိနေတာကို တွေ့ရတယ်။ ကျနော်တို့ ပေးပို့ထားတဲ့တိုင်းစာ ထဲမှာလည်း သက်သေအထောက်အထားများနဲ့ ပေးပို့ထားတာပါ။ တာဝန်ရှိသူတွေလည်း သဘောထားပြောင်း လဲသွားအောင် ကျနော်တို့ဆန္ဒလည်း ပြည့်ဝသွားအောင်ဆိုပြီး ဒီဆုတောင်းပွဲကို ပြုလုပ်ရတယ်” ဟု ဆိုသည်။

    ယခုနှစ် ဖေဖော်ဝါရီလတွင် MCL ကုမ္မဏီမှ ကျောက်မီးသုံးမည်ဟု ဒေသခံများအား အတိလင်းပြောကြားပြီးနောက်ပိုင်း ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးမှုမရှိတော့ကြောင်း၊ ကျောက်မီးသွေးဖြင့် ၃ လဝန်းကျင်ခန့် စမ်းသပ်လည်ပတ်ခဲ့ရာ ၎င်းမှထွက်ရှိလာသော ထွက်ရှိလာသော ပြာမှုန်များကိုမည်ကဲ့သို့ သိမ်းဆည်းထားသည်ကို မသိရှိရကြောင်း နိုင်မစ်က ဆက်ပြောသည်။

    MCL မန်းနေးဂျင်းဒါရိုက်တာ Mr. Wijit Terasarun က “ကျောက်မီးသွေးကို ကမ္ဘာတစ်ဝှမ်း စက်မှုကဏ္ဍများမှာ တွင်ကျယ်စွာ လက်ခံထားခြင်းနှင့် ကျွန်တော်တို့ အနေနဲ့လည်း လူမှုပတ်ဝန်းကျင်ပေါ်တွင် အကျိုးသက် ရောက်မှုမရှိစေဘဲ ဒေသအတွင်းက ကျွန်တော်တို့၏ စက်ရုံများတွင် အောင်အောင်မြင်မြင်ဖြင့် အသုံး ပြုနေခြင်းဖြစ်ကြောင်း၊ နောက်ဆုံးတွင် ကျွန်တော်တို့၏ ဘက်စုံပါဝင်သည့် ဘိလပ်မြေစက်ရုံတွင် စွမ်းအင် ထောက်ပံ့ ခြင်းအတွက် ကျောက်မီးသွေးကိုအသုံးပြုရန် ဆုံးဖြတ်ခဲ့ရတယ်” ဟု ဆိုသည်။

    ကျောက်မီးသွေးများကို သိုလှောင်သည့်အဆင့်တွင်လည်း ရေမထိအောင် ဆောင်ရွက်ထားပြီး ရေကြီးမှုဖြစ်ပွား သည့်အချိန်တွင်လည်း ရေမထိစေရန် စီစဉ်ထားကြောင်း၊ MCL သည် အဆင့်မြင့် ဖုန်စစ်စနစ်ဖြစ်သည့် ထွက်ရှိ သော ပြာများကို စစ်ထုတ်ပေးပြီး ၎င်းပြာများကို ဘိလပ်မြေထုတ်လုပ်ရန် လိုအပ်သော ကုန်ကြမ်းအဖြစ် ပြန် လည်အသုံးပြုနိုင်သောနည်းစနစ်ကိုလည်း အသုံးပြုထားကြောင်း Mr. Wijit Terasarun ဆက်လက်ရှင်း ပြသည်။

    MCL ဘိလပ်မြေစက်ရုံအတွက် လိုအပ်သည့် လျှပ်စစ်ပမာဏ (၄၉) မဂ္ဂါဝပ် ကို ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ (၄၀) မဂ္ဂါဝပ်ကို လည်းကောင်း၊ စက်ရုံမှ စွန့်ပစ်သော လေပူ Waste Heat Generator (WHG) မှတဆင့် (၉) မဂ္ဂါဝပ်ကိုလည်းကောင်း ထုတ်ယူသွားမည်ဟု ကုမ္ပဏီမှ ထုတ်ပြန်ချက်အရ သိရသည်။

    ကျိုက်မရောမြို့နယ်၊ ကော့ဒွန်း၊ ကော့ပနော့ဒေသရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံကို ယခုနှစ် မတ်လ (၂၇) တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအုန်းမြင့်က ၎င်းစက်ရုံရှိ အိပ်သွပ်စက်ကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks