Saturday, March 14, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူတွင် မူးယစ်ဆေးဝါးနဲ့လက်နက်ဖမ်းမိသူ မွန်ပြည်သစ်ပါတီနှင့်ပတ်သက်မှုမရှိ

    ဘုရားသုံးဆူတွင် မူးယစ်ဆေးဝါးနဲ့လက်နက်ဖမ်းမိသူ မွန်ပြည်သစ်ပါတီနှင့်ပတ်သက်မှုမရှိ

    -

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် သြဂုတ် ၁၃ ရက်နေ့က မူးယစ်ဆေးဝါးနှင့်အတူ လက်နက်များပါ ဖမ်းဆီးရမိသူများသည် မွန်ပြည်သစ်ပါတီနှင့် လုံးဝပတ်သက်မှုမရှိကြောင်း ဘုရားသုံးဆူ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတာဝန်ခံက ပြောသည်။

    “မွန်ပြည်သစ်ပါတီမှာ အရင်တုန်းက သူစစ်မှုထမ်းဘူးတယ်၊ ဒါပေမယ့် ထွက်ပြေးသွားတာကြာပီ၊ ကျနော်တို့ ပါတီနဲ့လုံးဝမဆိုင်ဘူး၊ အခု သူဘယ်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်မှုရှိတာကို ကျနော်တို့ စုံစမ်းတုန်းပဲ” ဟု ဘုရားသုံးဆူ ဆက်ဆံရေးရုံးတာဝန်ခံ နိုင်မွန်အောင်က ပြောသည်။

    နေအိမ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိသူ(ရဲဇာနည်)
    နေအိမ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိသူ(ရဲဇာနည်)
    ဘုရားသုံးဆူမြို့အနီး ရွာသစ်ကျေးရွာနေ နိုင်ဝင်းအောင်နှင့်ဇနီး မရွှေမိ နေအိမ်တွင် အိုက်စ် ၄၂ ဒသမ ၃ ဂရမ်၊ M 16 သေနတ် ၃ လက်၊ SEA HAWK ပွိုင့် ၄၅ ပစ္စတိုသေနတ်တစ်လက်၊ ပွိုင့် ၃၂ ပစ္စတိုသေနတ်တစ်လက်၊ ၅ ဒဿမ ၅၆ ကျည် ၅ ထောင်တောင့်ကျော်နှင့် လက်ပစ်ဗုံးတစ်လုံးတို့ကို ဘုရားသုံးဆူ နယ်မြေခံတပ်နှင့် သုံးဆူနယ်မြေရဲစခန်းတို့ ရှာဖွေဖမ်းဆီးရမိသည်ဟု ရဲဇာနည် Facebook စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

    အမည်မဖော်လိုသော ဘုရားသုံးဆူမြို့ခံတစ်ဦးက “​လော​လောဆယ်​က သူက မွန်​ငြိမ်​းချမ်​း နိုင်​​ရှောင်​ အဖွဲ့ဝင်​ထားတာ ၂ လ ​လောက်​ပဲရှိသေးတယ်၊ ဒီ​ကေဘီ​အေလဲ ဝင်​လုပ်​ဖူးတယ်၊ ကာစီနိုရုံထောင်ဖို့တောင် သူစီစဉ်နေတာ” ဟု ပြောသည်။

    အဆိုပါ တရားခံ ၂ ဦးကို သြဂုတ် ၁၄ ရက်နေ့တွင် ဘုရားသုံးဆူမြို့မှ ကြာအင်းဆိပ်ကြီး ရဲစခန်းသို့ပို့ဆောင်လိုက်ပြီး လက်နက်မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

    ဘုရားသုံးဆူမြို့ဒေသတဝိုက်တွင် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် KNU, မွန်ပြည်သစ်ပါတီ NMSP, DKBA, KNU/KNLA-PC ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ABSDF, ကရင်နယ်ခြားစောင့်တပ် BGF နှင့် လက်နက်ချအဖွဲ့အစည်းအချို့ အခြေချလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks