spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တက္ကသိုလ်တွင် လူ့အခွင့်အရေးရုပ်ရှင်ပွဲတော် ကျင်းပမည်

    မော်လမြိုင်တက္ကသိုလ်တွင် လူ့အခွင့်အရေးရုပ်ရှင်ပွဲတော် ကျင်းပမည်

    -

    မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ စီစဉ်မှုဖြင့် “တက္ကသိုလ်အတွင်း လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကို” ကို သြဂုတ်လ ၁၂ ရက်နေ့တွင် မော်လမြိုင်တက္ကသိုလ်၌ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

    “တက္ကသိုလ်အတွင်း လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်” ကို လူသားတစ်ယောက်အနေဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးများကို ကောင်းစွာသိရှိနားလည်ပြီး အသုံးချတတ်စေရန်၊ ကျောင်းသား ကျောင်းသူများအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာပညာရပ်များကို သိရှိနားလည်ပြီး ပြန်လည်ဝေမျှနိုင်စေရန်နှင့် တက္ကသိုလ်တွင်း ကျောင်းသား ကျောင်းသူများ၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ မင်းဟံတလမွန်က ပြောသည်။

    တက္ကသိုလ်အတွင်း လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ဘိတ်ကြားလွှာ(Copy)
    တက္ကသိုလ်အတွင်း လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ဘိတ်ကြားလွှာ(Copy)

    “လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ခွဲခြားဆက်ဆံခံရမှုတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှု့ပြီးတော့ လူ့အခွင့်အရေးဆိုတာဘာလဲ၊ လူ့ဂုဏ်သိက္ခာဆိုတာ ဘာလဲ ဆိုတာကို တိတိကျကျ သိရှိနားလည်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်” ဟု မင်းဟံတလမွန်က ဆိုသည်။

    “တက္ကသိုလ်အတွင်း လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကို” ကို သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲမှ မွန်းလွဲ မွန်လွဲ ၂ နာရီခွဲထိ မော်လမြိုင်တက္ကသိုလ် ပင်မဆောင် ဒုတိယထပ်ခန်းမ (ယခင် ဘွဲ့နှင်းသဘင်ခန်းမ) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှုရန် ဖိတ်ကြားထားသည်ဟု သိရသည်။

    “ဒီရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုပြီးရင် Massage တစ်ခုခုတော့ ကျန်ခဲ့မှာပါ” ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုအောင်ကိုသက်က ပြောသည်။

    အဆိုပါရုပ်ရှင်ပွဲတော်တွင် ကမ္ဘာ့နေရာအနှံအပြားက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ခွဲခြား ဆက်ဆံခံရမှုများကို ပုံဖော်ရိုက်ကူးထားသည့် နိုင်ငံတကာရုပ်ရှင်ပြပွဲများမှ ဆုအသီးသီးရရှိခဲ့ကြသည့် ရုပ်ရှင်ဇာတ်လမ်းပေါင်း ၁၁ ခုကို ကို ပြသသွားမည်ဖြစ်သည်။

    ပွဲစဉ်(က) နံနက် ၉း၃၀ တွင် ဒါရိုက်တာ Moses Marks ၏ “ပြိုင်ပွဲ” ဒါရိုက်တာ ထွဋ်ရဲကျော်၏ “ရောင်းကုန်” ဒါရိုက်တာ မေရီနှင့် ရူပါမိုမိုတို့၏ “သေနတ်တစ်လက်နှင့် မိန်းမ”၊ ဒါရိုက်တာ စိုင်းဝီရလင့်ခန့်၊ ရူပါမိုမိုနှင့် နေခြည်မြတ်နိုးဝင့်တို့၏ “သားကလေးများ”၊ ဒါရိုက်တာ မေရီ၊ ပြည့်ရှိုင်းကိုနှင့် မင်းသီဟတို့၏ “ပျောက်ဆုံးခြေရာ” တို့ကို၄င်း၊ ပွဲစဉ်(ခ) နေ့လည် ၁၂း၃၀ တွင် ဒါရိုက်တာ ဖြိုးဇေယျာကျော်ကျော်၏ “သတိ”၊ ဒါရိုက်တာ အောင်မြင့်မြတ်ချို၏ “ခြေရာ”၊ ဒါရိုက်တာ ဉာဏ်ကျယ်စေ၏ “ကျမမလိုချင်တဲ့ ကျမဘဝ”၊ ဒါရိုက်တာ ကိုဂျက်၊ ထက်အောင်စံနှင့် ဖြိုးဇေယျာကျော်ကျော်တို့၏ “မှော်”၊ ဒါရိုက်တာ စည်သူစိုး၊ အောင်ဆန်းနှင့် မြတ်အိမွန်တို့၏ “What’s on your mind” ဒါရိုက်တာ မျိုးသစ်ဆက်ထွန်း၏ “ပြည်သူ့ကျည်ဆံ” ဇာတ်ကားများ ပြသမည်ဖြစ်ကြောင်း ပွဲစဉ်ဇယားအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks