spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းပင်လုံတိုင်းရင်းသားလူငယ်ညီလာခံသို့ မွန်လူငယ်စာတမ်းတင်သွင်းဖတ်ကြား

    ပင်လုံတိုင်းရင်းသားလူငယ်ညီလာခံသို့ မွန်လူငယ်စာတမ်းတင်သွင်းဖတ်ကြား

    -

    ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပနေဆဲဖြစ်သော မြန်မာနိုင်ငံနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ တတိယမြောက်နေ့ (ဇူလိုင် ၂၉ ရက်) ၌ မွန်လူငယ်ကိုယ်စားပြုစာတမ်း ဖတ်ကြားတင်သွင်းခဲ့သည်။

    “လက်ရှိမြန်မာနိုင်ငံနှင့် အနာဂတ်ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စုဆီသို့” ခေါင်းစဉ်ပါစာတမ်းကို Mon Youth Forum- MYF မှ မင်းတော်ပနအောင်က ဖတ်ကြားတင်သွင်းခြင်း ဖြစ်သည်။

     မင်းတော်ပနအောင် မွန်လူငယ်စာတမ်းဖတ်ကြားစဉ်(MYF)
    မင်းတော်ပနအောင် မွန်လူငယ်စာတမ်းဖတ်ကြားစဉ်(MYF)
     မြန်မာနိုင်ငံနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ-ပင်လုံမြို့(MYF)
    မြန်မာနိုင်ငံနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ-ပင်လုံမြို့(MYF)

    မင်းတော်ပနအောင်က “မွန်လူမျိုးတို့ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွေမှာ ဘဝတူတိုင်းရင်းသားတွေနဲ့အတူ မွန်အမျိုးသား ၃ ထောင်ကျော်ဟာ ဗမာ့လွတ်လပ်ရေးတပ်မတော် BIA က အခြားတိုင်းရင်းသားစစ်သည် ၄ ထောင်နဲ့အတူ ပူးပေါင်း တိုက်ပွဲဝင်ခဲ့တယ်၊ သက်ရှိထင်ရှားကျန်ရှိနေသူကတော့ လက်ရှိ မွန်အမျိုးသားပါတီဥက္ကဌ နိုင်ငွေသိမ်းပါပဲ” ဟု စာတမ်းတွင် ဖတ်ကြားခဲ့သည်။

    အဆိုပါ မွန်လူငယ်စာတမ်းတွင် နိဒါန်း၊ ပြဿနာများ၊ ပြဿနာအရင်းအမြစ်များ၊ ငြိမ်းချမ်းသောလူနေမှုဘဝနှင့် အတူယှဉ်တွဲနေထိုင်လိုသော အမြင်များ၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် လိုအပ်ချက်များ၊ ဦးစားပေးဆောင်ရွက်သင့်သည့် အချက်များနှင့် နိဂုံးဟူ၍ အခန်းများပါရှိသော မြန်မာဘာသာစာမျက်နှာ ၃ မျက်နှာပါဝင်သည်ကို တွေ့ရှိရသည်။

    “အဘက်ဘက်မှ ယိုယွင်းပျက်စီးလာနေတဲ့ ဒီပြည်ထောင်စုကို ထာဝရငြိမ်းချမ်းပြီး ကမ္ဘာ့အလယ်မှာသိက္ခာဆယ်နိုင်ဖို့ ပြည်ထောင်စုအသွင်အပြည့်အဝပြောင်းလဲဖို့ အရေးတကြီးလိုအပ်နေပါပြီ၊ တကယ်တော့ ကျနော်တို့ပြည်ထောင်စုဟာ သာတူညီမျှရှိရှိနဲ့ အပြန်အလှန်အကျိုးပြုတဲ့ လူနေမှုစနစ်အတွက် နှစ်ပေါင်း ၇၀ နီးပါး အသက်ပေါင်းများစွာ၊ သယံဇာတပေါင်းများစွာကို မဟာဝါဒီတွေအတွက် စတေးခံနေရမယ့်အစား တရားတဲ့နည်းလမ်းတွေကို ကျန်ုပ်တို့ညီနောင်တွေအဖော်ပြုပြီး ထာဝရအတူနေထိုင် ငြိမ်းချမ်းနေတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြဖို့နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ ပေါင်းစည်းကြပါစို့” ဟု မင်းတော်ပနအောင်က နိဂုံးချုပ်ပြောကြားခဲ့သည်။

    ဇူလိုင် ၂၇ မှ ၃၁ ရက်နေ့အထိ ၅ ရက်ကြာကျင်းပသည့် အဆိုပါညီလာခံတွင် ဗမာအပါအဝင် မြန်မာနိုင်ငံတဝန်းရှိတိုင်းရင်းသားလူငယ်များ ၇၀ဝ နီးပါးခန့်တက်ရောက်လျက်ရှိပြီး စာတမ်း ၂၁ စောင် ဖတ်ကြားနေသည်ဟု သိရသည်။

    အဆိုပါ ပင်လုံတိုင်းရင်းသားလူငယ်ညီလာခံကို “တိုင်းရင်းသားအချင်းချင်း ပိုမိုရင်းနှီးမှုရှိရန်၊ တိုင်းရင်းသားဒေသအသီးသီး၌ ဖြစ်ပျက်နေသောပြဿနာများကို နည်းလမ်းများကို အပြန်အလှန်ဖလှယ်၍ အဖြေရှာရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် ၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသား လူငယ်များ၏ ဘုံသဘောထားရရှိနိုင်ရန်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်သား လူငယ်ကွန်ယက်ကြီးတစ်ခုပေါ်ပေါက်လာနိုင်ရန်” ဟူသော ရည်ရွယ်ချက်လေးရပ်ဖြင့် ကျင်းပသည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks