spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်တွင် မျက်မမြင်ဦးရေ ၂၀ဝ ကျော် စာရင်းကောက်ခံရရှိထား

    မွန်တွင် မျက်မမြင်ဦးရေ ၂၀ဝ ကျော် စာရင်းကောက်ခံရရှိထား

    -

    မြန်မာနိုင်ငံမျက်မမြင်များအသင်း (မွန်ပြည်နယ်) မော်လမြိုင်ရုံးခွဲသည် ယခုနှစ် မတ်လ ၅ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့ ၄ လကျော်ကာလအတွင်း ကွင်းဆင်းကောက်ခံခဲ့သည့်အချက်အလက်များအရ မွန်ပြည်နယ်တွင် မျက်မမြင်သူဦးရေစာရင်း (၂၂၁) ဦးရရှိထားကြောင်း သိရသည်။

    အဆိုပါတကယ်မျက်မမြင်သူစာရင်းကို သထုံ၊ ပေါင်၊ ကျိုက်ထို၊ ဘီလင်း၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူ ဇရပ်၊ ရေး စသည့် ၉ မြို့ နယ်တို့တွင် လိုက်လံကောက်ခံထားခြင်းဖြစ်ပြီး ယင်းတို့တွင် မျက်စိနှစ်ဖက်လုံး မမြင် ရသူ၊ မြင်ရလည်း မှုန်န်ဝါးဝါးမြင်ရသူများကိုသာ ကောက်ခံခဲ့ကြောင်း မြန်မာနိုင်ငံမျက်မမြင်များအသင်း (မွန်ပြည် နယ်) မော်လမြိုင်ရုံးခွဲမှ သိရသည်။

     မြန်မာနိုင်ငံမျက်မမြင်များအသင်း (မွန်ပြည်နယ်) မော်လမြိုင်ရုံးခွဲ ဖွင့်ပွဲ(MNA)
    မြန်မာနိုင်ငံမျက်မမြင်များအသင်း (မွန်ပြည်နယ်) မော်လမြိုင်ရုံးခွဲ ဖွင့်ပွဲ(MNA)
    “၂၀၁၄ အစိုးရသန်းခေါင်စာရင်းမှာပါတဲ့ မျက်မမြင်သူဆိုတာက တစ်ဖက်မြင်တို့လည်းပါနေတယ်၊ ကျွန်တော်တို့ အခုကောက်တာက တကယ့်မမြင်တဲ့သူတွေသက်သက်ပဲ၊ တစ်ဖက်မြင်တို့ ဘာတို့က မပါဘူး၊ အခုစာရင်းမှာပါတဲ့ ၂၂၁ ဦးကလည်း ကျွန်တော်တို့ကိုယ်တိုင် ဆင်းပြီး ကိုယ်တိုင်တွေ့ခဲ့တဲ့သူတွေ သက်သက်ပါ” မြန်မာနိုင်ငံမျက်မမြင်များအသင်း မော်လမြိုင် ရုံးခွဲတာဝန်ခံ ဦးမင်းမျိုးဇော်က ပြောသည်။

    အဆိုပါမျက်မမြင်သူများတွင် (၇၂) ဦးရှိသော ဘီလင်းမြို့နယ်က ဦးရေအများဆုံးဖြစ်ကာ ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ကျိုက်မရောမြို့နယ်တို့တွင် (၃) ဦးစီသာ စာရင်းကောက်ခံရရှိခဲ့ကြောင်း သိရသည်။

    စာရင်းကောက်ရာတွင် ကျောင်းနေအရွယ်အသက်၊ သက်လတ်အရွယ်၊ သက်ကြီးပိုင်းနှင့် (၆၀) အထက် တို့ဖြစ် အသက်အုပ်စု (၄) စုခွဲ၍ ကောက်ခံခဲ့ကြောင်း၊ (၆၀) အထက်အရွယ်များကို ပြုစုစောင့်ရှောက်ရန် လူမှု ရေးအသင်းအဖွဲ့များနှင့်ချိတ်ဆက်မှုပြုလုပ်ပေးကြောင်း၊ လစဉ်ထောက်ပံ့ကြေးပေးကြောင်း၊ သက်လတ် အရွယ် များအတွက်က အသက်မွေးဝမ်းကျောင်းတစ်ခုခုဖြစ်သည့် သင်တန်းများသို့ ပို့ဆောင်ပေးကြောင်း၊ ကျောင်းနေ အရွယ်ကလေးများကိုလည်း မျက်မမြင်ကျောင်းများသို့ ပို့ပေးကြောင်း မြန်မာနိုင်ငံမျက်မမြင်အသင်း အမှု ဆောင်ဒါရိုက်တာ ဒေါ်ခွမ်းနူးက ပြောသည်။

    “စာရင်းကောက်တဲ့ပုံက ကျွန်မတို့တစ်အိမ်တက်တစ်အိမ်ဆင်း အသေးစိပ်တော့ လိုက်မလုပ်နိုင်သေးဘူး၊ မြို့ နယ်တစ်ခုမှာ မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို Form တွေဖြန့်လိုက်တယ်ဆိုတော့ အခုကျွန်မတို့ရတဲ့စာရင်းက အရမ်း နည်းနေပါတယ်၊ အခု Form တွေအားလုံးကိုလည်း မသိမ်းရသေးဘူး” ၄င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် မတ်လ (၅) ရက်နေ့က မြန်မာနိုင်ငံမျက်မမြင်များအသင်း (မွန်ပြည်နယ်) မော်လမြိုင်ရုံးခွဲကို စတင်ဖွင့်လှစ်ခဲ့ပြီး၊ အသက်(၂၂)နှစ်အရွယ် ယောကျာ်တစ်ဦး အသက်မွေးဝမ်းကျောင်းဖြစ်သည့် ရန်ကုန်မြို့ရှိ အနှိပ်ခန်းသို့ လည်းကောင်း ၊ အသက် (၂၃) နှစ်အရွယ် မိန်းကလေးတစ်ဦး ရန်ကုန်မြို့ရှိ အစိုးရမျက်မမြင် ကျောင်းသို့ လည်းကောင်း ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် မျက်မမြင်သူဦးရေ ၆ သောင်းကျော်ရှိနေကြောင်း ၂၀၁၄ ခုနှစ်တွင် ကောက်ခံပြုစုထားသည့် မွန်ပြည်နယ်သန်းခေါင်စာရင်း အစီအရင်ခံစာအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks