spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ဗုဒ္ဓဘာသာကိုယ်းကွယ်သူ ဦးရေ ၉၂.၆ ရာခိုင်နှုန်းရှိ

    မွန်ပြည်နယ်တွင် ဗုဒ္ဓဘာသာကိုယ်းကွယ်သူ ဦးရေ ၉၂.၆ ရာခိုင်နှုန်းရှိ

    -

    နိုင်ငံတော်အစိုးရ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည့် ဘာသာကိုယ်းကွယ်မှုစာရင်းအရ မွန်ပြည်နယ်၌ ဗုဒ္ဓဘာသာဦးရေ ၉၂ ဒဿမ ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

    မြန်မာနိုင်ငံအတွင်းရှိ ဘာသာကိုယ်းကွယ်မှုစာရင်းသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံကာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဘာသာကိုယ်းကွယ်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ကိုယ်းကွယ်သည့်ဘာသာ အစီရင်ခံစာထုတ်ပြန်သည့်အခမ်းအနား(MOI Facebook)
    ကိုယ်းကွယ်သည့်ဘာသာ အစီရင်ခံစာထုတ်ပြန်သည့်အခမ်းအနား(MOI Facebook)
    မွန်ပြည်နယ်တွင် လူဦးရေ နှစ်သန်းကျော် (၂,ဝ၅၄,၃၉၃) ရှိသည့်အနက် ဗုဒ္ဓဘာသာဦးရေ (၉၂.၆) ရာခိုင်နှုန်း (၁၉၀၁၆၆၇) ဦး ၊ခရစ်ယာန်ဘာသာဦးရေ (ဝ.၅) ရာခိုင်နှုန်း (၁၀,၇၉၁) ဦး၊ အစ္စလာမ်ဘာသာဦးရေ (၅.၈) ရာခိုင်နှုန်း (၁၁၉,ဝ၈၆) ဦး၊ ဟိန္ဒူဘာသာဦးရေ (၁.ဝ) ရာခိုင်နှုန်း (၂၁,ဝ၇၆) ဦး၊ နတ်ကိုယ်းကွယ်သူ(ဝ.ဝ) ရာခိုင်နှုန်း (၁၀၉) ဦး၊ အခြာဘာသာ ကိုယ်ကွယ်သည့် ဦးရေ (ဝ.၁) ရာခိုင်နှုန်း (၁၅၂၃) ဦး နှင့် ဘာသာမဲ့ဦးရေ (ဝ.ဝ) ရာခိုင်နှုန်း (၁၄၁) ဦးရှိကြောင်း ၎င်းအစီရင်ခံစာတွင် ဖေါ်ပြထားသည်။

    ထိုနည်းတူ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကရင်ပြည်နယ်တွင် လူဦးရေ တစ်သန်းကျော် (၁,၅၀၄,၃၂၆) ရှိသည့်အနက် ဗုဒ္ဓဘာသာကိုယ်ကွယ်သည့်ဦးရေ (၈၄.၅) ရာခိုင်နှုန်း (၁,၂၇၁,၇၆၆) ဦးရှိပြီး လူဦးရေ တစ်ဆယ့်လေးသိန်းကျော် (၁,၄၀၈,၄၀၁) ရှိသော တနင်္သာရီတိုင်းဒေသကြီးတွင်လည်း ဗုဒ္ဓဘာသာကိုယ်းကွယ်သည့် ဦးရေ (၈၇.၅) ရာခိုင်နှုန်း (၁,၂၃၁,၇၁၉) ဦးရှိကြောင်း သိရသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော် (၅၁,၄၈၆,၂၅၃) ရှိသည့်အနက် ဗုဒ္ဓဘာသာဝင် (၈၉.၈) ရာခိုင်နှုန်း ၊ခရစ်ယာန်ဘာသာဝင် (၆.၃) ရာခိုင်နှုန်း၊ အစ္စလာမ် ဘာသာဝင် (၂.၃) ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင် (ဝ.၅) ရာခိုင်နှုန်း၊ နတ်ကိုယ်ကွယ်သူ (ဝ.၈) ရာခိုင်နှုန်း၊ အခြာသောဘာသာကိုယ်ကွယ်သူ (ဝ.၂) ရာခိုင်နှုန်း နှင့် ဘာသာမဲ့ဦးရေ (ဝ.၁) ရာခိုင်နှုန်း ရှိကြောင်း မြန်မာနိုင်ငံအတွင်းရှိ ဘာသာကိုယ်းကွယ်မှု အစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks